အပိုင်း (73)
ဧည့်ခံပွဲမှာ Wang yiboအသိအလင်း ကြော်ငြာလိုက်တဲ့ အတွက် ဘယ်သူမှ မဝေဖန်တော့ပဲ ပကတိအေးချမ်းသွားတာမို့ သူဖက်ထားတဲ့ ရင်ခွင်ထဲက ယုန်လေးကို မလွတ်သေးပဲ ငုံကြည့်ပြီးတော့......."ကိုယ်ပြောသာပဲ ဘယ်တော့မှ မင်းကို သွားခွင့်မပေးပါဘူးလို့ ပြောသားပဲ မင်းသွားချင်ရင်တောင် သွားခွင့်မရှိဘူး....... အခုလာမဲ့ အပတ်မှာ ကိုယ်တို့ မင်္ဂလာပွဲရှိတယ် အဲဒါကိုယ်ကို လက်ထပ်ဖို့ အဆင့်သင့်ပြင်ထားရုံပဲ သိလား ယုန်လေးရဲ့...."
"ကျန်ကျန့်ကို လွှတ်ပေးတော့....... မနေတက်ဘူး ပူနေပြီ..."
သူကို ဘာပြောရမလဲ မသိတော့ မျက်နှာလေးတွေက ရဲနေပြီး မျက်လုံးလှလှလေးတွေနဲ့ တစ်ချက်ကြည့်ပြီး အကြည့်လွှဲသွားပြီးတော့မှ ဖက်ထားတာကို လွှတ်ခိုင်းနေတာကြောင့် သူရယ်လိုက်ပြီးတော့.....ကောင်လေးရဲ့ နှာခေါင်းလေးကို ဖွဖွလေး လက်ညှိုးလေးနဲ့ နှာတံလေးကို ပွတ်လိုက်ပြီးတော့.......
"ချစ်စရာကောင်းလိုက်တာကွာ ကိိုယ်မှာမင်းကို ထားစရာနေရာကို မရှိအောင် ချစ်ရတာသိလား..... ဟိတ်..... ဘာတွေ တွေးနေတာလဲ....."
သူခေါ်တော့မှ မျက်လွှာလေးပင့်ကြည့်ပြီးတော့ ချက်ချင်း မျက်လုံးလေးလွဲဲပြီးတော့.......
"ဟို..... yiboမှာ ဦးလေးရှိတယ်ဆို သူကကော ကျန်ကျန့်နဲ့ သဘောတူပါမလားဟင်...... တစ်ကောင်ကြွက်တစ်ယောက်လို့ ပြောလို့ရတဲ့ ကျန်ကျန့်က yiboတို့ အသိုင်းအဝိုင်းကြီးထဲ ဝင်လို့ရပါမလား....... yiboလက်ခံပေမဲ့ ဦးလေးက လက်မခံရင်ရော် ဟင်......"
အလိုလိုနေရင်း အားငယ်ကာ တွေးပြီး စိတ်ပူနေတဲ့ ကောင်လေးကြောင့် သူပြုံးလိုက်ပြီး.......
"လာ..... သွားရအောင် ကိုယ့်ဦးလေးနဲ့ မင်းကို မိတ်ဆက်ပေးမယ်......"
"ဟင့်အင်း...... ကျန်ကျန်ကို မောင်းထုတ်ရင် ဘယ်လိုလုပ်မလဲ..... မတွေ့ရဲဘူး ကျန်ကျန့်နဲ့ သဘောမတူဘူးလို့ ပြောလိမ့်မယ်......"
"အဟက်......ကိုယ်တစ်ယောက်လုံးရှိနေတာ မင်းကို ဦးလေး မမောင်းထုတ်ပါဘူးလာပါ...... မကြောက်နဲ့"
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...