မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.4K 224 9
                                    

အပိုင်း (30)

ချင်းချင်းကိုပဲ ပြန်ပြီး ချစ်လာစေရမယ်......... မဟုတ်ဘူး ကိုကိုကကျွန်မအတွက်ပဲ ဖြစ်ရမယ်...... ဘယ်သူ့ အတွက်မှ မဟုတ်စေရဘူး......

"ဒါတွေကို မင်းကအရင် စပြီးတော့ မေ့ခဲ့တာလေ ထားရက် ခဲ့တာ အချိန်ဘယ်လောက်ကြာပြီလဲ ပြန်စဥ်းစားပြီးမှ ပြောပါ မင်းထားခဲ့တဲ့ အချိန်တုန်းက ထားခဲ့ ပြီးတော့ အခုမှ မျက် ရည်ခံထိုးနေလို့ အရာအားလုံးပြန်ပြီး မကောင်းနိုင်တော့ဘူး ...... ကိုယ့်ဘဝနဲ့သာ ကိုယ်နေလိုက်ပါတော့ မင်းကို ငါ့ မပတ်သတ် ချင်တော့ဘူး ငွေအရမ်းမက်တဲ့ မိန်းမ တစ်ယောက်ကြောင့် ငါ့ ဒီလို နေရတာ တစ်ဘဝစာ မှတ်ထားသင့်နေပြီ....."

သူမကို ပြတ်သားစွာဆိုလာတဲ့ yiboဆိုတဲ့ သူမရဲ့ချစ်သူ လေး ဟာ အရင်က ပျော့ပြီး စိတ်ထားကလည်း နူညံ တယ်..... သူမကို ချစ်ပြီး အလိုလိုက်တဲ့ သူတစ်ယောက်ဟာ အခုတော့ မယုံနိုင်လောက်အောင် မာကျောလာ ခဲ့တယ်...... သိပ်ကို ပြောင်းလဲ သွားတယ်နော် ကိုကို.....နှလုံးသားက ကျောက်တုံးဖြစ်လာခဲ့တာ...... သူမ ထင်ထားတာက ဘယ် လောက်ပဲ စိတ်ဆိုးပါစေ သူမ ပြန်ချော့ လိုက်ရင် စိတ်ဆိုးပြေသွားမှာ လို့ထင်ခဲ့ပေမယ် အခု သူမကို မေ့နိုင်တဲ့ အပြင့် နောက်တစ်ယောက်ကို ချစ်နေပြီတဲ့လား....ပြီးတော့ ယောကျ်ားလေးတစ်ယောက်ကို ကြိုက်တယ်လို့ မတွေးဖူးခဲ့တာ အသေအချာ သူမ ဘယ်အချိန်မဆို ပြန် ချောလိုက်တာနဲ့ စိတ်ဆိုးပြေမယ်လို့ တွေးမိပြီး သူမ အဆက်အသွယ် ဖြတ်လိုက်တယ် ပြီးတော ဒယ်ဒီ မိတ်ဆွေ နဲ့ သူမ လက်ထပ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ သူဆုံးတော့ သူမ အမွေ တွေရတော့ ကိုကို အကြောင်းကို စုံစမ်းခဲ့တယ်...... တွေ့မဲ့ တွေ့တော့ ဆင်းရဲ့သားတွေ နေတဲ့ ရပ်ကွက်မှာ ချို့တဲ့စွာနေ တာကြောင့် သူမ ပြန်ချောတာ....... သူမခေါ်တာနဲ့ ကြောင်ကလေးတစ်ကောင်လို ပါလာမယ်လို့ တွက်လိုက်မိတာ...... အခုတော့.......

"ငွေမက်တာက အမှားမို့လို့ မုန်းနေတာလား..... ကိုကို ဒီလို ဆင်းရဲတဲ့ ဘဝမှာ ဘယ်သူက နေနိုင်မှာမို့လို့လဲ...... အခု ကိုကို လက်ထပ်ထားတဲ့ ကောင်လေးက နေနိုင်မယ် ထင်လား ချင်းချင်း ရောက်လာတဲ့ အချိန်ထဲက ကိုကိုလက်ထပ်ထားတဲ့ ကောင်လေးကို မတွေ့တာ သူထွက်ပြေးသွားတာ လာမှမသိတာ......ဟင်းဟင်း...... "

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now