မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး(U+Z)

3.3K 202 6
                                    

အပိုင်း (33)


Yibo သူကိုမပြောတာ သူမအပေါ်ကို ချစ်နေသေးတာလားမသိနိုင်ပေ.........

" တကယ်ပဲ ကျန်ကျန့်ကို သနားလို့ ကူညီတာလား........ ဒီလောက် လှတဲ့ မိန်ကလေးကို မေ့နိုင်ပါမလား........ အရာအားလုံးကိုတောင် စွန့်လွှတ်ပြီးတောင် ချစ်တယ်ဆိုတော့..... ကျန်ကျန့် ဝမ်းနည်းလာမိတယ် သူကို ချင်းချင်းဆိုတဲ့ ကောင် မလေး နေရာကို တမင်အစားထိုးတာ ထင်တယ်...... ကျွန်တော် ခင်ဗျားကို ချစ်မိတော့မယ်ဆိုမှ ဘာလို့များ လိမ်ရတာလဲ...... သူကို တော်တော် ချစ်မယ်ပုံပဲ ကျွန်တော်ကို အားနားလို့ တမင် ချစ်တယ် လို့ ပြောလိုက်တာလား....... သူငိုချင်လာတယ် အခုချိန်မှာ သူတစ်ယောက်တည်း ရှိရင်တော့ ငိုမိတော့မှာ အမှန်ပင်....... ကျန်ကျန့် နားမှာ အဖော်ပြုပေးပြီး ချစ်ပေးမဲ့ သူတစ်ယောက်လောက် ရှိတယ် ဆိုပြီး ဝမ်း သာမိနေတာ...... အခုတော့ ခင်ဗျားက သူများ တံဆိတ်ကပ်ပြီးဖြစ်နေတယ်...... ပိုင်ရှင် အစစ်ပေါ် လာတော့လည်း ကျန်ကျန့်က ဖယ်ပေးပါမယ်...... ခင်ဗျား ကျန်ကျန့်ကြောင့် လုံးဝ စိတ်မညစ်စေရဘူးလို့ ကတိပေးပါတယ်........"

ကျန်ကျန့် ဒါကိုတော့ စိတ်ထဲက ပြောမိတာပါ....... yibo က သူလို ဘယ်နေရာမှ အသုံးမဝင်တဲ့ သူနဲ့ လုံးဝ မလိုက်ဖက် ပါဘူးလေ..... ချင်းချင်းဆိုတဲ့ မိန်ကလေးက ချမ်းသာပြီး ရုပ်ချောတာကြောင့် yiboနဲ့ဆို နေနဲ့လလို အတွဲညီပြီး သူကတော့ ရွှံ့သာသာ လောက်သာရှိမည်ဟု အားငယ်စွာ တွေးမိတယ်......

"ဟဲ..... ငါ့ကို ရေနည်းနည်းတိုက်​လေ...... အိမ်မှာ နေပြီး အလိုက် မသိတာပဲ...... ကိုကို ကလည်းဘယ်လို လူမျိုးကိုများ အိမ်ပေါ်ခေါ်တင်ထားတာလဲ မသိဘူး.......ဧည့်ဝတ်ကျေပွန်မှုကို မရှိဘူး......."

ပြောပြီး နောက်ဖေးဝင်သွားကာ မီးဖိုးချောင်လေးထဲသို သူအိမ်သူယာလို ဝင်သွားပြီး ချက်ထားတဲ့ ဟင်းကို သွားဖွင့်ပြီး မြည်းကြည့်နေတော့......

"ဟို..... "

တားလိုက်ပေမဲ့ မမှီတော့ပေ....... သူမ ပါးစပ်ထဲရောက်နေပြီ....

မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)Where stories live. Discover now