Unicode VersionNwe: 'မောင်လေးရေ မောင်လေး'
မိုးထက်မြင့်၏အစ်မဝမ်းကွဲ Nwe ရဲ့အသံဖြစ်သည်။ တစ်စုံတစ်ခုက်ိုအရေးတကြီးဖြစ်နေသော အသံဖြင့် မိုးထက်မြင့်၏အခန်းဝမှ အော်ခေါ်နေသည်။ မနက် ၁၀ နာရီသည် မိုးထက်မြင့်၏ အိပ်ရာထချိန်မဟုတ် ။ နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက်တွင်သာအိပ်ရာထတတ်သည်။ သို့သော်လည်း Nwe ၏အသံကြောင့် နိုးလာရသည်။
MHM: 'ဗျာ မမ'
Nwe: 'အောက်မှာ ဧည့်သည်ရောက်နေတယ် မောင်လေး'
MHM: 'ဘယ်သူလဲ မမ'
Nwe: 'ရှေ့နေကြီးဦးဝင်းမောင်တဲ့'ရှေ့နေကြီးဦးဝင်းမောင်ဆိုတာ အဖေရှိစဉ်အခါတည်းက မိသားစုနှင့်ရင်းနှီးပြီး ကုမ္ပဏီရဲ့ဥပဒေရေးရာများကို စီမံဆောင်ရွက်ပေးနေသော ရှေ့နေဖြစ်သည်။ အိမ်သို့တကူးတကလာရခြင်းမှာ ဧကန်မုချအရေးကြီးသောကိစ္စပင်ဖြစ်လိမ့်မည်။ ထို့ကြောင့် မိုးထက်မြင့် အပျင်းကြီးမနေနိုင်တော့ပေ။ ချက်ချင်းအိပ်ရာမှ ထရသည်။
MHM: 'ဟုတ်...လာပြီ မမ'
လှေကားထစ်တစ်ခုချင်းစီတိုင်း ရင်တုန်နေရသည်။ (သာမန်အရေးကြီးတာမှဟုတ်ရဲ့လား)ဟု သို့လော သို့လော အတွေးများဖြင့် ဆင်းလာပြီး ဧည့်ခန်းရှိဆိုဖာပေါ်တွင် တည်ငြိမ်အေးဆေးစွာထိုင်နေသော ဦးဝင်းမောင်အားတွေ့မှ သက်ပြင်းချရသည်။
MHM: 'အန်ကယ် ဘာကိစ္စလဲဗျ'
ဦးဝင်းမောင်: 'အေး...ဒီတစ်ခေါက်အန်ကယ်လာတာက မင်းအဖေရဲ့ သေတမ်းစာကိစ္စပဲကွဲ့'
MHM: 'ဗျာ...သေတမ်းစာ?'
ဦးဝင်းမောင်: 'အေးဟုတ်တယ်၊ ထူးဆန်းတယ်ထင်ရတယ်၊ မင်းအဖေက သူသေမှာကြိုသိနေသလိုပဲ၊ မသေခင် တစ်လလောက်အလိုမှာ သေတမ်းစာတစ်စောင်လာအပ်သွားတယ်ကွဲ့'
MHM: (အဖေလည်းသ်ိနေတယ်ပေါ့ အဖေ့ရဲ့ချစ်လှစွာသော သူငယ်ချင်းက အဖေ့အပေါ်ဒီလိုကောက်ကျစ်တော့မယ်ဆိုတာကို)
'ဟုတ် ဘာအကြောင်းအရာများပါလို့လဲဗျ'
ဦးဝင်းမောင်: 'အမွေကိစ္စပါ...သူမရှိတဲ့နောက် သူ့အရိုက်အရာကို သူ့ရဲ့သားဖြစ်သူ မောင်မိုးထက်မြင့်ကဆက်ခံရမယ်ဆိုတာပါ'
MHM: 'ဪ...ဟုတ်ကဲ့'
(အင်း ဖေဖေကအမွေတွေလွှဲထားပါလား။ တကယ်ဆို ဒီအကြောင်းကိုသေတမ်းစာတောင်ရေးစရာမလိုပါဘူး။ ဖေဖေမရှိရင် ငါဆက်ခံရမှာက အမှန်တရားပဲလေ။)
ဦးဝင်းမောင်: 'ရှိသေးတယ်ကွဲ့ '
MHM: 'ဘာများလဲ အန်ကယ်'
ဦးဝင်းမောင်: 'စည်းကမ်းချက်လေးတစ်ခုတော့ရှိတယ် အဲ့စည်းကမ်းလိုက်နာမှ မင်းဆက်ခံလို့ရမှာကွဲ့'
MHM: 'ထင်တော့ထင်ပါတယ် အန်ကယ်ရယ် ဒီအတိုင်းလွယ်ကူနေရင် ကျွန်တော့်အဖေ ဘယ်ဟုတ်တော့မလဲ...ဆိုပါဦး အန်ကယ်ရဲ့ ဘာစည်းကမ်းချက်လဲဆိုတာ'
ဦးဝင်းမောင်: 'ဒါကတော့ မင်းလည်းသိမှာပါ မင်းအဖေမသေခင်က မင်းနဲ့လက်ဆက်ပေးဖို့စဉ်းစားထားတဲ့ ဦးမင်းလွင်သမီး ဝိုင်နဲ့ပက်သက်တဲ့ ကိစ္စပါ'
MHM: 'အဲ့မိန်းမနဲ့က ဘယ်လိုပက်သက်သွားတာလဲ? ဘာလဲ သူတို့အိမ်နဲ့မပက်သက်တော့ဖို့ပြောထားတာလား?'
ဦးဝင်းမောင်: 'နေဦး ၊ နေဦး မောင်မိုးထက်မြင့် အန်ကယ်ပြောတာ ဆုံးအောင်နားထောင်ဦး'
MHM: 'ဟုတ်ကဲ့...အန်ကယ်ပြောပါ'
ဦးဝင်းမောင်: 'အင်း...စကားအလှတွေဆင်မနေတော့ပါဘူး ၊ ငါကအရှိန်ယူရင် မင်းကဖြတ်ပြောဦးမယ်၊ ဒီလိုကွဲ့...မင်းနဲ့ဝိုင်နဲ့ကိုလက်ဆက်စေချင်တာပါ ၊ ဝိုင်နဲ့လက်ဆက်ပြီး တစ်နှစ်အကြာမှာ အမွေရဲ့ ၃၀% ကိုရမယ် ၊ နှစ်နှစ်ကြာရင် နောက်ထပ် ၃၀% ထပ်ရမယ် ၊ သုံးနှစ်ကြာရင်တော့ ၁၀၀% လုံးရမယ်'
MHM: 'အဖေကလည်းဗျာ ဘာလို့ ကျွန်တော့်ကိုအဲ့မိန်းမနဲ့ ဒီလောက်တောင် လက်ထပ်စေချင်နေလဲမသိပါဘူး၊ ကျွန်တော် မလိုက်နာနိုင်ရင်ရော?'
ဦးဝင်းမောင်: 'အိမ်နဲ့ကားအပါအဝင် ကျန်တဲ့အမွေအားလုံးကို လှူဒါန်းမယ်တဲ့'
MHM: 'ဗျာ...မဟုတ်သေးပါဘူးဗျာ၊ အဓိပ္ပါယ်ရောရှိရဲ့လား? အဲ့မိန်းမကို ကျွန်တော်ချစ်မှမချစ်တာ၊ မုန်းတောင်မုန်းနေသေးတာ၊ လက်ထပ်ဖို့ဆို အိပ်မက်ထဲတောင်ထည့်မမက်ဖူးဘူး'
ဦးဝင်းမောင်: 'လွယ်ပါတယ်ကွယ်...အခုကစပြီး အိပ်မက်ထဲထည့်မက်ကြည့်ပေါ့...ဟားဟား'
MHM: 'မဖြစ်နိုင်တာ အန်ကယ်ရယ် သူ့အကြောင်းကြားရုံနဲ့တင် အော်ဂလီဆန်လွန်းလို့'
ဦးဝင်းမောင်: 'မင်းဘာလို့ ဝိုင်ကိုဒီလောက်မုန်းရတာလဲ? ဝိုင်က အန်ကယ်သိသလောက်တော့ ဖြူစင်ပြီး စိတ်ထားလေးလည်းကောင်းရှာပါတယ်'
MHM: 'သူ့အဖေကြောင့် ကျွန်တော့်အဖေသေရတာလေ ၊ ကျွန်တော်သူ့ကို မမုန်းသင့်ဘူးလား အန်ကယ်ရယ်'
ဦးဝင်းမောင်: 'ဘယ်လို?'
MHM: 'ဟုတ်တယ် အန်ကယ် ၊ ကျွန်တော် ဓာတ်ဆီပုံးက လက်ဗွေရာကိုစစ်ပြီးပြီ၊ ဦးမင်းလွင်ရဲ့ လက်ဗွေရာပဲ'
ဦးဝင်းမောင်: 'သေရော သေချာရဲ့လားကွယ်? သေချာတယ်ထားဦးတော့ ဒီကိစ္စက ဝိုင်နဲ့မှမဆိုင်ပဲကွယ်၊ သူ့ကို အပြစ်ပြောဖို့ မသင့်ပါဘူး'
MHM: 'ပြောရမယ် အန်ကယ်၊ သူ့ရဲ့အကြီးမားဆုံးအပြစ်က သူကဦးမင်းလွင်ရဲ့သမီးဖြစ်နေတာပဲ၊ ကျွန်တော် သူ့ကိုမုန်းတယ် ၊ ဦးမင်းလွင်နဲ့ပက်သက်သမျှအကုန်မုန်းတယ်'
ဦးဝင်းမောင်: 'အခုကတော့ သွေးပူတုန်းဆိုတော့ အန်ကယ်ဘာပြောပြော မင်းနားဝင်မှာမဟုတ်ဘူး၊ သွေးအေးသွားတဲ့အခါစဉ်းစားပေါ့ ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်ပါ၊ အန်ကယ် သွားဦးမယ်'
MHM: 'ဟုတ်ကဲ့ အန်ကယ်'