Unicode Version
ညနေစောင်းလို့ ဝိုင်ပြန်သွားလောက်တဲ့အချိန်မှ ပြန်လာသော်လည်း ဆိုဖာပေါ်၌ ကျုံ့ကျုံ့လေးအိပ်ပျော်နေသော ဝိုင့်ကိုတွေ့ရပြန်သည်။
MHM: (မင်းဘာလို့ရှိနေရသေးတာလဲကွာ...)
ဝိုင့်အနားကပ်ရင်း ဝိုင့်မျက်နှာကို အနီးကပ်ကြည့်နေမိသည်။
MHM: (ငါတို့ကျမှဘာလို့လဲကွာ...။ ငါတို့နှစ်ယောက်ကျမှ ဘာလို့ချစ်လို့မရတာလဲ? မင်းအပေါ်ငါလုပ်မိခဲ့တာတွေကို ပြန်စဉ်းစားမိတိုင်း ငါ့ကိုယ်ငါခွင့်မလွှတ်နိုင်ဘူး။ တကယ်တမ်းဆို မင်းက ငါ့ကိုပစ်ပစ်ခါခါဆက်ဆံခဲ့ပြီး ငါကမင်းကို ခယ ရတဲ့သူဖြစ်သင့်ခဲ့တာ။ အခုတော့.....။ ပြင်ဆင်လို့မရတော့တဲ့အတိတ်က မင်းနဲ့ငါ့ရဲ့ကြားကို စည်းခြားလိုက်ပြီတဲ့လား ဝိုင်ရယ်...။ ဘာပဲဖြစ်ဖြစ်ပါ ငါစခဲ့တဲ့ ဇာတ်လမ်းမို့ ငါကိုယ်တိုင်ပဲအဆုံးသတ်ပါ့မယ်)
မိုးထက်မြင့်တိတ်တိတ်လေးထသွားတော့ ဝိုင်က မိုးထက်မြင့်လက်ကိုလှမ်းဆွဲထားသည်။
Wine: 'ပြန်လာပြီလား? ဘာစားပြီးပြီလဲ?'
မိုးထက်မြင့်လည်း မိမိမျက်ရည်များကို ဝိုင်မြင်သွားမည်စိုးသောကြောင့် ဘာမှပြန်မပြောပဲ လက်ကိုဖြုတ်ချကာ ထွက်သွားတော့သည်။
Wine: (ကိုမိုးထက်မြင့်က ငါ့ကိုစိတ်ဆိုးနေတာရော ဟုတ်ရဲ့လား? ငါ့ကိုတမင်ရှောင်နေသလိုပဲ။ ဘာကိစ္စများရှိနေလို့လဲမသိဘူး။ ဘာပဲဖြစ်ဖြစ်လေ ငါ့ကိုတော့ ဒီလိုရှောင်မနေသင့်ဘူးမဟုတ်လား? အိမ်မှာရှိနေတာမှ လူကနှစ်ယောက်တည်းကို...😪)
ညဉ့်နက်နက် ဝိုင်အိပ်ပျော်နေချိန်၌ မိုးထက်မြင့်အောက်ထပ်ဆင်း၍ အဆာပြေဆင်းစားတော့ ဝိုင့်ကို ဧည့်ခန်းက ဆိုဖာပေါ်မှာပဲတွေ့ရပြန်သည်။
MHM: (ဒီကလေးမ ဘာလို့အခုထိ ဒီမှာပဲရှိနေရတာလဲ? အခန်းထဲမသွားဘူးလားမသိဘူး)
ထိုနောက် အနားနားကပ်ကာ အခြေအနေကြည့်ကြည့်တော့ ဝိုင့်တစ်ကိုယ်လုံး တုန်ရီနေပြီး နှဖူးကိုစမ်းကြည့်တော့မီးခဲတမျှပူကျစ်နေသည်ကိုတွေ့ရသည်။