Ep-84

400 20 0
                                    

Unicode Version

ဝိုင်လည်း မိုးထက်မြင့်က စောင့်နေဟုပြောခဲ့သောကြောင့် မနက်စာမစားပဲစောင့်နေသည်။

Wine: 'ကိုမိုးထက်မြင့်ကကြာလိုက်တာ...ဗိုက်လည်းဆာတယ်၊ အိပ်လည်းငိုက်နေပြီ။ မနက်ကအစောကြီးထလိုက်လို့များလား။ မဖြစ်ဘူး တင်းထားရမယ်။ ဒီနေ့က ဖေဖေ့ဆီသွားရမှာ'

မိုးထက်မြင့်ကိုစောင့်နေရင်းနဲ့ပဲ ထမင်းစားပွဲ၌ အိပ်ပျော်သွားတော့သည်။ မိုးထက်မြင့်ပြန်ရောက်လာတော့ စိတ်နဲ့ကိုယ်နဲ့မကပ်ပေ။ ထမင်းစားပွဲ၌ အိပ်ပျော်နေသော ဝိုင့်ကိုတွေ့တော့ အတွေးများကပိုကြီးစိုးလာသည်။

{MHM: 'မင်းအဖေကြောင့် ငါ့အဖေသေခဲ့တာ။ မင်းအဖေရဲ့လောဘကြောင့် ငါ့အဖေ မသေသင့်ပဲသေခဲ့တာ'
Wine: 'မဟုတ်ဘူး။ ကျွန်မအဖေက အဲ့လိုလူမျိုးမဟုတ်ဘူး။ ရှင်အထင်လွဲနေတာပဲနေမှာ'}

MHM: (ဝိုင်! မင်းခံစားချက်ကို ငါနားလည်လာပြီထင်တယ်...။ ကံဇာတ်ဆရာက ငါတို့နှစ်ယောက်ကို လှလှပပကြီး လှည့်ပတ်လိုက်ပြီထင်တယ်...)

မိုးထက်မြင့်က ဝိုင့်ပါးလေးကို တဖြည်းဖြည်းချင်းထိတော့ ဝိုင်နိုးလာသည်။

Wine: 'ကိုမိုးထက်မြင့် ပြန်လာပြီပဲ။ မနက်စာစားရအောင်လေ။ ကျွန်မဗိုက်ဆာနေပြီ'
MHM: 'ဟင်! ဘာမှမစားရသေးဘူးလား?'
Wine: 'မစားရသေးဘူး။ ရှင်ပဲ စောင့်နေဆို?'

ဘာမှမစားပဲ မိမိစကားတစ်ခွန်းကိုနားထောင်ကာ ဗိုက်အဆာခံပြီး စောင့်နေတဲ့ ဝိုင့်ကို သနားစိတ်ဝင်လာသည်။

MHM: 'စားကြမယ်လေ။ ဘာတွေပြင်ဆင်ထားတာလဲ? ဓားကြောက်တဲ့အမကြီး'
Wine: 'ဟီး...ဓားမကိုင်ရတဲ့အစားအစာတွေပဲပေါ့။ ရှင်တော့ကြိုက်ပါ့မလားမသိဘူး။ ကျွန်မကတော့ အိမ်မှာနေရင်း လုပ်စားနေကျ'

အဖုံးလေးဖွင့်ကြည့်လိုက်တော့ အထဲမှာ Sandwich နဲ့ နွားနို့။

MHM: 'စားကောင်းမယ့်ပုံပါပဲ...အသားကိုဘယ်လိုလှီးလဲ?'
Wine: 'ကတ်ကြေးနဲ့ညှပ်လိုက်တာလေ။ လွယ်ပါတယ်😁'
MHM: 'ပြီးတာပဲ။ စားကြမယ်လေ'
Wine: 'အင်း ခဏစောင့်။ နွားနို့ပြန်နွှေးပေးမယ်'
MHM: 'ရပါတယ်...ဒီအတိုင်းပဲသောက်လိုက်မယ်'
Wine: 'ကျွန်မက အေးနေရင် မသောက်ချင်ဘူး။ နှစ်ခုလုံးအတူတူနွှေးလိုက်မယ်။ အလုပ်မရှုပ်ပါဘူး'
MHM: 'ပြီးရောလေ'

PoisonWhere stories live. Discover now