Unicode Versionဥပက္ခာပြု၍ Clubမှပြန်ထွက်မည်ဟုစဉ်းစားထားသော်လည်း ခြေလှမ်းများက မိမိစကားနားမထောင်ဘဲ မိုးထက်မြင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ မိုးထက်မြင့်နားရောက်လာသည်ကို မိမိကိုယ်ကိုတောင်မယုံနိုင်ပေ။
Sammy: 'ဟော! မင်း ငါ့နောက်လိုက်လာတာလား?'
Sammy စကားကြောင့် မိုးထက်မြင့်လှည့်ကြည့်လိုက်သောအခါ ဝိုင့်မျက်နှာညှိုးငယ်နေသည်ကိုတွေ့သဖြင့် ထိတ်လန့်သွားကာ Sammy ကိုအတင်းတွန်းထုတ်လိုက်တော့သည်။
Sammy: 'မိုး! ဘာလို့တွန်းတာလဲ?'
မိုးထက်မြင့်၏သူငယ်ချင်းများကတော့ ပြဿနာကိုကြိုမြင်နေသည့်အတွက် အထိတ်တလန့်ဖြင့်သာ ကြည့်နေတော့သည်။
မိုးထက်မြင့် ဝိုင့်ကိုစကားစပြောရန် ပြင်ဆင်သောအခါMHM: 'ဟို...'
Wine: 'ကိုမိုးထက်မြင့်၊ ကျွန်မအနွေးထည်ကျန်ခဲ့လို့လာယူတာပါ' ဟုပြောပြီး အနွေးထည်ကိုဆွဲယူကာ Club အပြင်ဘက်သို့ပြေးထွက်သွားတော့သည်။
မိုးထက်မြင့်လည်း နေရာမှမရွေ့ပဲ ကြောင်တောင်တောင်ဖြင့်သာ ဝိုင့်နောက်ကျောကိုကြည့်လျက် ရပ်ကျန်ခဲ့သည်။ အခြေအနေကိုနားမလည်နိုင်ဖြစ်နေသော Sammy ကSammy: 'မိုး! ဘာဖြစ်နေတာလဲ? သူနဲ့သိလို့လား?'
စကားသံကြားမှ မိုးထက်မြင့်လည်း သတိပြန်ဝင်လာကာ
MHM: 'သိတယ်၊ အဲ့ဒါ ငါ့မိန်းမ။ ဒီတော့ မင်းနောက်ဆို ငါနဲ့ကင်းကင်းရှင်းရှင်းနေပါ၊ ငါဒါပဲပြောမယ်' ဟုဆိုကာ ဝိုင့်နောက်ပြေးလိုက်သွားတော့သည်။
Club အပြင်ဘက်ရောက်လာသောအခါ ဝိုင့်ကို နေရာအနှံ့ လိုက်ရှာတော့သည်။ ဝိုင်ပျောက်ရင် မုန့်ဆိုင်မှာရှာ ဟူသော နေမင်းစကားကြောင့် club အနီးနားရှိ မုန့်ဆိုင်များ၌လိုက်ရှာသော်လည်းရှာမတွေ့။'ဝိုင် ဘယ်ရောက်နေတာလဲကွာ...!'
အဝေးနေရာများသို့လိုက်ရှာရန် ကားသွားယူသောအခါမှ ဝိုင့်ကို ကားဘေးနားမှာ ငုတ်တုပ်ထိုင်လျက်သားလေးတွေ့ရသည်။ တစ်စုံတစ်ခုကိုတွေးတောနေဟန်ရှိပြီး ဝမ်းနည်းနေဟန်လည်းတွေ့ရသည်။