Unicode Version
Wine: 'ကိုမိုးထက်မြင့် နိုးလာပြီလား? ဒီမှာမနက်စာ'
လှေကားမှဆင်းဆင်းချင်း ဝိုင့်အသံကြား၍ လှည့်ကြည့်လိုက်သောအခါ စားပွဲပေါ်၌ ဟင်းပွဲအစုံအလင်ဖြင့် ရပ်နေသော ဝိုင့်ကိုတွေ့ရသည်။ Neglect လုပ်ပြီး ထွက်သွားတော့မည်ဟုစဉ်းစားသော်လည်း ဝိုင့်လက်မှ ဓားဒဏ်ရာများကိုတွေ့ကာ ဝိုင်ကြိုးစားချက်ပြုတ်ထားသည်များကို မျက်ကွယ်မပြုနိုင်တော့ပေ။
"မင်းချက်ထားတာလား?"ဟု မေးစရာကိုမလိုအောင် ဝိုင့်လက်က ဒဏ်ရာတွေက သက်သေဖြစ်နေသည်။မိုးထက်မြင့် မိမိအားမျက်ကွယ်ပြုမနေတော့သည်ကိုတွေ့သဖြင့် ဝိုင်အားရကျေနပ်နေသည်။
Wine: 'ပထမဦးဆုံးဆိုတော့လေ စားလို့မကောင်းရင် ပြောနော်! ဒံပေါက်ဝယ်ထားသေးတယ်'
(နေစမ်းပါဦး! ငါကဘာလို့အောက်ရောက်သွားရပြန်တာလဲ? သူ့ကိုငါခွင့်လည်းမလွှတ်ရသေးပဲနဲ့🙁။ ဝိုင်! ဝိုင်! စိတ်ကိုပျော့လွန်းတယ်😑)
MHM: (အရူးမလေး! ထွက်သွားပါလို့ပြောနေတာကို ထွက်မသွားဘူး။ ငါမလုပ်ချင်တာတွေလုပ်ဖို့ မင်းငါ့ကိုတွန်းအားမပေးပါနဲ့လားကွာ...)
'မင်းဘယ်တော့ထွက်သွားမှာလဲ?'
Wine: (နှင်ထုတ်ဦးမလို့လားမသိဘူး)
'ပြောပြီးပြီလေ...မမပြန်လာတာနဲ့ သွားမှာပါဆို'
MHM: 'ဒါဆို အခုသွားတော့! မမက မင်းသွားတာနဲ့ ပြန်လာလိမ့်မယ်'
Wine: 'ဘာကိုဆိုလိုတာလဲ?'
MHM: 'မင်း ဒါလေးတောင်မရိပ်မိဘူးလား? မမကတမင်ရှောင်နေတာလေ'
Wine: 'ဟင်! မမကဘာလို့ရှောင်ရမှာလဲ?'
MHM: 'မင်းနဲ့ငါပြန်အဆင်ပြေအောင်လို့ ရှောင်ပေးနေတာလေ'
Wine: 'ဒါဆိုရှင်ကရော ဘာလို့ အဆင်ပြေကာနီးမှ ကျွန်မကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေလဲ?'
MHM: 'အဆင်မပြေချင်တော့လို့ပေါ့ကွာ!'
Wine: 'ဘာလို့အဆင်မပြေချင်တော့တာလဲ?'
MHM: 'မင်းကိုတိုက်ရိုက်ပြောမှနားလည်မှာလား?'
Wine: 'ဟုတ်တယ်! တိုက်ရိုက်ပဲပြော! အဲ့ဒါမှ ကျွန်မနားလည်မှာ'
MHM: '😃ဒါဆိုလည်းပြောရတာပေါ့! မင်းမရှိတဲ့နေ့ရက်တွေက ငါ့အတွက်ပိုပျော်စရာကောင်းနေလို့! မင်းမရှိတာ ငါ့အတွက်ပိုကောင်းလို့! ထပ်ပြောရရင် မင်းအပေါ် ငါတကယ်ချစ်တာမဟုတ်ဘူး၊ ငါ့ကိုယ်ငါအထင်မှားခဲ့တာ။ ရပြီလား?'
Wine: (ရှင်လိမ်နေတယ်လို့ ခံစားနေရတယ်။ ရှင်! ကျွန်မကို စိတ်ဆိုးနေတာပါ...ကျွန်မအကြာကြီး ရှင့်ဆီကထွက်သွားလို့ ရှင်စိတ်ဆိုးနေတာ။ ဟုတ်တယ်! လူတွေက စိတ်ဆိုးရင် ပြောမိပြောရာ ပြောတတ်တယ်။ ပြီးမှ နောင်တရကြတာ...ရှင်နောင်တမရရအောင် ကျွန်မ ရှင့်အနားမှာ နေပေးမယ်)
MHM: 'မင်းငါပြောတာကြားလား?'
Wine: 'မသိဘူး။ ကျွန်မက မမစကားကိုပဲယုံပြီး မမစကားပဲနားထောင်မှာ'
MHM: (မင်းဘာလို့ခေါင်းမာချင်ရတာလဲ ဝိုင်ရယ်....ငါပင်ပန်းလှပြီ)
'ရတယ်လေ! မင်းမသွားရင် ငါသွားမယ်'