Unicode Versionဝိုင့်ကိုနေ့လည်စာလိုက်ကျွေးချင်သော်လည်း အလုပ်သင်မို့ အပြင်ထွက်ဖို့အချိန်မရမှာစိုးသဖြင့် ပါဆယ်ဝယ်နေသည်။ ပါဆယ်ဆိုရင်တော့ ဝိုင်လည်းငြင်းမှာမဟုတ်။
Mark: 'ကျွန်တော်ဝယ်ပေးမယ်လေ'
Naymin: 'မင်းကသူဘာကြိုက်လဲ သိလို့လား?'
Mark: 'မိန်းကလေးတွေ ဘာကြိုက်တတ်လဲဆိုတာ ဆရာ့ထက်တော့ကျွန်တော်ပိုသိတာပေါ့'
Naymin: 'ဒါဆိုပြောစမ်းပါဦး။ ငါဘာဝယ်သင့်လဲ?'
Mark: 'စတော်ဘယ်ရီကိတ်လေးနဲ့ Bubble Tea လေးဝယ်သွားပေးလိုက်၊ ဒါမှမဟုတ် ကော်ဖီပူပူလေးဆိုလည်းဖြစ်တယ်'
Naymin: 'မင်းပြောတဲ့ဟာတွေသာဝယ်သွားရင် ဂျပုသတ်လို့သေရချည်ရဲ့။ သူက စတော်ဘယ်ရီကိုအသီးပဲစားတာ ကိတ်တွေ အအေးတွေ ဘာမှမစားမသောက်ဘူး။ Bubble Tea? Coffee? ဝယ်သွားလို့ကတော့ အထောင်းခံလိုက်ရမယ့်ဖြစ်ခြင်း၊ သူက Tea တို့ Coffee တို့မသောက်ဘူး၊ အနံ့ရရုံနဲ့တောင် ဝေးဝေးပြေးတာ'
Mark: 'ဟင်! ထူးဆန်းလိုက်တာ။ စတော်ဘယ်ရီဆိုတာ အချစ်ရဲ့သင်္ကေတလေ။ မကြိုက်ရင်တောင်မှ နည်းနည်းတော့ပျော်ရမှာပေါ့။ ပြီးတော့ Bubble Tea တို့ Coffee တို့ဆိုလည်း ဘယ်လောက်တောင် Romantice ဆန်လိုက်လဲ?'
Naymin: 'အချစ်ရဲ့သင်္ကေတတွေဘာတွေ၊ Romantice တွေလုပ်မနေနဲ့။ သူ့သင်္ကေတကတော့ သူကြိုက်တာကျွေးတဲ့လူဆို ချစ်မှာပဲ။ မကြိုက်တာလာကျွေးလို့ကတော့ မင်းဟာမင်း ကမာ္ဘကျော်မင်းသားပဲဖြစ်နေပါစေ ကြိတ်မှာပဲ'
Mark: 'ဆရာ့ကောင်မလေးက ထူးဆန်းလိုက်တာ'
Naymin: 'ငါ့ကောင်မလေးမဟုတ်ဘူး။ ငါ့သူငယ်ချင်းပါဟ'
Mark: 'ဒါပေမယ့် ဆရာအဆင့်တက်ချင်နေတယ်မဟုတ်လား?'
Naymin: 'မင်းကတော့ ပါးစပ်နဲ့တင် ဒု၊သ၊န၊သော ကံကိုကျူးလွန်နေပြီပဲ'
Mark: 'ဗျာ! ယောက်ျားရှိတာလား?'
နေမင်းလည်း ဘာမှဆက်ဖြေမနေတော့ပဲ ခေါင်းငြိမ့်ရုံဖြင့် မျက်နှာလွှဲနေလိုက်တော့သည်။ Mark ကတော့ အတွေးပေါင်းစုံတွေးလျှက် ကောင်မလေးနှစ်ယောက်လမ်းလျှောက်လာသည့်ဆီသို့ မျက်စိရောက်မိသည်။
Mark: (ချောလိုက်တာကွာ! နတ်သမီးလေးလားမှတ်ရတယ်။ ရိုစီတို့ မာရီယာတို့ထက်အများကြီးပိုလှပါလား။ ဒါနဲ့ ငါ့ဆီကိုဦးတည်ပြီးလာနေသလိုပဲ။)
ShweSin: 'ဘယ်သူများလဲလို့! ကိုအချေကြီးပဲ'
Mark: (ဪ! ဆရာ့ဆီကိုပဲ...)
ရွှေစင်က စောင်းမြောင်းပြောဆိုသလိုနှင့် မိတ်ဆက်သော်လည်း နေမင်းက လှည့်မကြည့်။
ကြည်ပြာ: 'ဟဲ့! ငါလည်းမြင်ဖူးပါတယ်ဆိုပြီးကြည့်နေတာ။ ကျောင်းတုန်းက ငါတို့အခန်းရဲ့ မောနီတာကြီးပဲဟ'
ShweSin: 'ဟယ်လို၊ နေမင်း!'
တည့်တိုးနှုတ်ဆက်သော်လည်း လှည့်မကြည့်၊ မုန့်သာဆက်ဝယ်နေသည်။ ထိုစဉ် စာပွဲထိုးလေးက မှာထားသောမုန့်များလာပို့သဖြင့် မုန့်များယူကာဆိုင်မှထွက်လာသည်။ နေမင်းထွက်လာသည့်တိုင်အောင် ရွှေစင်လည်း နောက်မှလိုက်ထွက်လာပြီး လိုက်နှုတ်ဆက်သည်။
ShweSin: 'ဘာလဲ! နင်ကငါ့ကိုအဖက်မလုပ်တာလား?'
ရွှေစင်အတင်းနှုတ်ဆက်နေသဖြင့် အတွင်းရေးမှူးလေးလည်း မနေသာတော့ပဲ ဝင်ပြောရသည်။
Mark: 'ဆရာ! ဆရာ့သူငယ်ချင်းမဟုတ်လား၊ နှုတ်ဆက်နေတယ်လေ'
Naymin: 'ငါ့သူငယ်ချင်းက ဝိုင် တစ်ယောက်ပဲရှိတယ်။ တခြားဘယ်သူမှမသိဘူး'
ShweSin: 'အေးပေါ့လေ။ ငါတို့ကတော့ ဝိုင့်လိုမပေးကမ်းနိုင်ဘူးပေါ့။ ငါတို့က သိက္ခာနဲ့လေ'
ဝိုင့်ကိုပါထိပါးလာသဖြင့် နေမင်းဆက်မသိချင်ယောင်ဆောင်၍ မရတော့ချေ။
Naymin: 'သိက္ခာရှိတဲ့ မိန်းမတစ်ယောက်က တခြားတစ်ယောက်မကောင်းကြောင်းကို ယောက်ျားတစ်ယောက်ရှေ့လာပြောတယ်ပေါ့။ ပြောစမ်းပါဦး သိက္ခာဆိုတာကို မင်းကဘာနဲ့တိုင်းလို့ ဝိုင့်ကိုဒီလိုပြောရတာလဲ?'
ShweSin: 'အမ်မလေး ကြည်ပြာရယ် ကြည့်ပါဦး။ စောစောက ငါတို့ကိုမသိချင်ယောင်ဆောင်တဲ့လူက သူ့ဟာမလည်းထိရော ဖြစ်သွားလိုက်တာများဆိုတာ'
ကြည်ပြာ: 'ဟုတ်ပါ့ဟယ်။ ဘာတွေနဲ့များ အမြှူဆွယ်ခံထားရတာပါလိမ့်'
နေမင်းလည်း တဖြည်းဖြည်းပို၍ စိတ်တိုလာသည်။ ပြောတဲ့သူတွေသာ ယောက်ျားလေးတွေဆိုလို့ကတော့ တစ်ပွဲတစ်လမ်းနွှဲပြီးလောက်ပြီ။
Naymin: 'မင်းတို့မိန်းကလေးတွေဖြစ်နေတာကိုပဲကျေးဇူးတင်လိုက်တော့။ ယောက်ျားလေးသာဆို ငါ့လက်စာမိပြီပဲ။ အေး မိန်းကလေးဆိုပြီးလည်း အမြဲအလျှော့ပေးမယ်ထင်မနေနဲ့။ ဘောင်ကျော်လာရင် ငါ့အဆိုးမဆိုနဲ့'
ShweSin: 'ဘာလဲ! နင်ကမိန်းကလေးတွေကို ရိုက်ချင်လို့လား?'
Naymin: 'လူနေဘုံဖျား၊ စိတ်နေခြုံကြား ဆိုတဲ့လူမျိုးတွေကိုတော့ ကျား/မ ခွဲမနေတော့ဘူးပေါ့'
ShweSin: 'ဘာပြောတယ်? နင်!'
Naymin: 'Sorry! လိုချင်တဲ့ Attention မပေးနိုင်တဲ့အတွက်ပါ။ သွားလိုက်ဦးမယ်'
ဒေါသအလျောက်ပြန်ပြောပစ်လိုက်ချင်သော်လည်း ဝိုင့်ကိုပြဿနာသွားရှာမည်ဆိုးသောကြောင့် ဒေါသများပြန်မျိုချကာ ထွက်လာခဲ့သည်။ အတွင်းရေးမှူးကတော့ နေမင်းကိုတစ်လှည့်၊ ရွှေစင့်ကိုတစ်လှည့် နားမလည်စွာကြည့်လျှက် နေမင်းနောက်မှ ကပ်လျှက်ပါလာသည်။