Ep-19

652 29 0
                                    


Unicode Version

Naymin: 'မောင်ထူးရေ ! မောင်ထူး'
ခြံထဲ၌ လူတစ်ယောက်တစ်လေမျှမတွေ့၍ အော်ခေါ်နေသော်လည်း မိမိရှေ့မှ ဘွားခနဲ ထ ရပ်ကာ ပေါ်ထွက်လာသည်။
ခြံစောင့်: 'ဗျာ!'
Naymin: 'အာ! လန့်လိုက်တာ။ ဘယ်ကနေထွက်လာတာလဲဟ'
ခြံစောင့်: 'ကျွန်တော့ ဒီမှာ မြက်ထိုင်နုတ်နေတာလေ သခင်လေးရဲ့'
Naymin: 'ဒါဆိုလည်း ငါခေါ်နေတာကြာနေပြီ ဘာလို့မထူးတာလဲ?'
ခြံစောင့်: 'ဪ! ကျွန်တော်မကြားလို့ဗျ။ ဒီမှာလေ မမလေးက အလုပ်လုပ်ရင် အပြင်ကိုအာရုံမလွင့်အောင်တဲ့ သီချင်းပေးနားထောင်ထားတယ်'
မောင်ထူးက နားထဲမှ earphone လေးကိုလက်ညှိုးထိုးပြကာပြောသည်။
Naymin: 'ထားပါ။ တံခါးဖွင့်'
ခြံစောင့်: 'ဪ! ဟုတ်သားပဲ။ မေ့နေတာ'
Naymin: 'အေး! မေ့နေလိုက်။ ဒါနဲ့ ဝိုင်ရော?'
ခြံစောင့်: 'မမလေးမရှိဘူး၊ အပြင်သွားတယ်'
Naymin: 'ဘာလို့စောစောကမပြောတာလဲ?'
ခြံစောင့်: 'သခင်လေးက မေးမှမမေးပဲကို'
Naymin: 'အာ၊ မင်းနဲ့တော့။ ဘယ်သွားမယ်ပြောသွားလဲ?'
ခြံစောင့်: 'မင်္ဂလာဝတ်စုံသွားကြည့်မယ်လို့ပြောသွားတာပဲ'
Naymin: 'ဘယ်သူနဲ့သွားတာလဲ?'
ခြံစောင့်: 'ဘယ်သူမှမပါဘူး တစ်ယောက်တည်း။ ဒါနဲ့ သခင်လေး အိမ်ထဲမဝင်တော့ဘူးလား?
Naymin: 'မဝင်တော့ဘူး။ ငါ့အိတ်တွေ အိမ်ထဲရွှေ့ထားပေး။ ငါ ဝိုင့်နောက်လိုက်သွားဦးမယ်'
ခြံစောင့်: 'ဘယ်သွားလဲရော သိလို့လား?'
Naymin: 'သိတယ်။ သူအမြဲအပ်နေကျ ဒီဇိုင်နာအစ်မတစ်ယောက်ရှိတယ်။ အဲ့ကိုပဲသွားလိမ့်မယ်။ မင်းမရှည်ပါနဲ့ ငါ့အိတ်သာ အိမ်ထဲရွှေ့ပေးထား'
ခြံစောင့်: 'ဟုတ်၊ ဟုတ်ကဲ့'
  ------------------------
Naymin: 'ဒီဇိုင်နာ ဘယ်သူပါလိမ့်! နာမည်ကပါးစပ်ဖျားတင်တစ်နေတယ်။ တစ်လုံးတည်းကွာ....ဪ သိပြီ ဒီဇိုင်နာမလဲ့။ အမ်မလေး မှတ်ဉာဏ်လေးရယ် ကျေးဇူးတင်လိုက်တာ'
မိမိနှင့် ဝိုင်အတူသွားနေကျနေရာဖြစ်သည့်အတွက် လမ်းတွေကိုတော့မှတ်မိနေသည်။
(ဟော...တွေ့ပြီ Designer Ma Lae)
ဆိုင်ထဲသို့ဝင်ကြည့်သောအခါ နှစ်ယောက်ထိုင်ဆိုဖာပေါ်၌ တစ်ယောက်တည်းထိုင်နေသော ဝိုင်အားတွေ့သည်။ ဘေးကိုကြည့်သော်လည်း အဖော်တစ်ယောက်တစ်လေမျှတောင်မပါ။
(အထီးကျန်နေလောက်မှာပေါ့။ နင့်အကြောင်း ငါကလွဲလို့ ဘယ်သူကသိမှာလဲ)
Naymin: 'ဝိုင်!'
Wine: 'ဟာ! နေမင်း၊ သူငယ်ချင်း။ နင်တကယ်ပြန်လာတယ်နော်?'
Naymin: 'ဘာလဲ? ငါကပြန်မလာရဘူးလား?'
Wine: 'အမ်မလေး နင့်ကိုပြန်လာစေချင်လွန်းလို့တောင် အတင်းခေါ်နေရတာကို'
Naymin: 'ဒါနဲ့ ဒီကို တစ်ယောက်တည်းလာတာလား? နင့်လူရော?'
Wine: 'မအားဘူးတဲ့'
Naymin: 'မအားတာနဲ့ နင့်ကိုတစ်ယောက်တည်းလွှတ်စရာလား?'
Wine: 'သူ့အကြောင်းမပြောနဲ့။ အခုအရေးကြီးတာပြောစရာရှိတယ်'
Naymin: 'ဘာများလဲဟ? ပြောလေ'
Wine: 'ငါဗိုက်ဆာနေပြီ'
Naymin: 'ဪ​! ဘာများလဲလို့'
Wine: 'တကယ်။ ငါမနက်တည်းက ဘာမှမစားရသေးဘူး'
Naymin: 'ငါသွားဝယ်ပေးမယ်လေ။ ဘာစားချင်လဲ? ထုံးစံအတိုင်း ရေခဲမုန့်တော့ပါတယ်မှတ်လား?'
Wine: 'နင်ပဲငါ့ကိုနားလည်တယ်။ ဒါမယ့် သွားမဝယ်နဲ့ ငါပါလိုက်မယ်'
Naymin: 'ဒီကိစ္စမှမပြီးသေးတာ'
Wine: 'ရတယ်။ ငါပြန်လို့ရတယ် မနက်ဖြန်မှ လာထပ်ကြည့်လို့ရတယ်'
Naymin: 'မနက်ဖြန်ရော ဟိုလူပါမှာလား?'
Wine: 'မနက်ဖြန်လည်းမအားဘူးတဲ့'
Naymin: 'ဟာ! ဒီလူဘယ်လိုလူလဲ? ငါတို့ဂျပုကို မျက်နှာလွဲခဲပစ်လုပ်တာလား?'
Wine: 'ထားပါ။ သွားရအောင်။ ငါဗိုက်ဆာနေပြီ။ ဒါနဲ့ ကားပါတယ်မှတ်လား?'
Naymin: 'ပါတာပေါ့။ နင်က ငါ့ကားထိုင်ခုံကိုသဘောကျတယ်မှတ်လား? ကားထဲမှာ နင်ကြိုက်တဲ့ နှင်းဆီနံ့လေးပါထည့်ပေးထားတယ်'
Wine: 'တစ်လောကလုံးမှာ နင့်ကားက ငါ့အတွက် သက်သောင့်သက်သာအဖြစ်ဆုံးပဲ😁'
Naymin: 'အေးပါ။ လာ လာ။ သွားမယ်'
မနက်တည်းက ဘာမှမစားရသေးဘူးဆိုရင် အခု နေ့လည် ၂ နာရီ၊ ဝိုင်အရမ်းဗိုက်ဆာနေမှန်းသိ၍ အနီးရှိ Cafe Bar တစ်ခုတွင်ကားရပ်လိုက်သည်။ Bar အတွင်းဝင်ကာ နေမင်းက စားစရာမှာသည့်တာဝန်ယူ၍ ဝိုင်က ထိုင်စရာရှာသည့်တာဝန်ယူရသည်။ နေမင်း စားစရာများ မှာအပြီးတွင် ဝိုင်ရှာထားသောနေရာ၌ ထိုင်မည်လုပ်သော်...
Naymin: 'ဝိုင်! ဘာလို့မတ်တပ်ကြီးရပ်နေတာလဲ? ခုံရော?'
ဝိုင်ပြန်မဖြေ။ တစ်စုံတစ်ယောက်ကို အာရုံစူးစိုက်၍ကြည့်နေသည်။ ဝိုင်ကြည့်သည့်နေရာကို လိုက်၍ ကြည့်လိုက်သောအခါ...
Naymin: 'အဲ့ဒါ မိုးထက်မြင့်မဟုတ်လား? သူကမအားဘူးဆိုပြီး ဒီကိုဘယ်လိုလို့ရောက်နေတာလဲ?'
Wine: 'ငါ၊ ငါလည်း ဘယ်သိပါ့မလဲ! အလုပ်ကိစ္စဆိုတာ ဒီနေရာမှာလားမှမသိတာ'
Naymin: 'နင်ဘာမှကူပြောပေးနေစရာမလိုဘူး' ဟုဆိုကာ မိုးထက်မြင့်တို့ဝိုင်းနားသွား၍
Naymin: 'မအားဘူးဆိုတာ ကိုမိုးထက်မြင့်က Bar မှာအလုပ်ရှုပ်နေလို့ကိုး'
MHM: 'မင်းကဘယ်သူလဲ?'
ထိုအခါမှ နေမင်း​၏နောက်တွင်ကွယ်နေသော ဝိုင်ထွက်လာကာ
Wine: 'ကျွန်မ သူငယ်ချင်းပါ'
မိုးထက်မြင့်လည်း ဝိုင့်ကိုမြင်၍အံ့ဩတုန်လှုပ်သွားသည်။
MHM: 'မင်းက ဒီကိုဘယ်လိုလို့ရောက်နေတာလဲ?'
Naymin: 'ငပြူးကပဲ ပြဲရတယ်ရှိသေး။ ခင်ဗျားကိုမေးရမှာလေ။ မအားဘူးဆိုပြီး Bar ရောက်နေတာ ဘာအကွက်လဲ? ဘာလဲ! အခုတည်းက ငါတို့ဂျပုကို ပစ်ချင်နေတာလား?'
Wine: 'နေမင်း! တော်တော့။ သူလည်းသူ့ဟာသူအလုပ်ရှိလို့နေမှာပေါ့ဟာ။ ငါတို့လိုပဲ ဗိုက်ဆာလို့လာစားတာလားမှမသိတာ'
Naymin: 'နင်ဘာမှကူပေးနေစရာမလိုဘူး။ သူဒီနေရာရောက်နေတယ်ဆိူလည်း နင့်အတွက် စားဖို့မုန့်လေးဖြစ်ဖြစ်လာပို့ပေးသင့်တယ်လေ။
ဒီမှာ! ခင်ဗျားကဒီမှာစားသောက်နေတဲ့အချိန် ဝိုင်က တစ်ယောက်တည်းဗျ။ ကျွန်တော်ရောက်သွားလို့ပေါ့၊ ကျွန်တော်သာရောက်မသွားရင် တစ်နေကုန်ဘာမှစားရမှာတောင်မဟုတ်ဘူး'
နေမင်းစကားကြောင့် ဝိုင့်အတွက် စိတ်မကောင်းဖြစ်သွားရသည်။ သို့သော်လည်း သူစိမ်းယောက်ျားတစ်ယောက်ရှေ့တွင် မနူးညံ့ပြချင်သဖြင့်
MHM: 'ဒါတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ။ အစတည်းက စဉ်းစားရမှာ။ အချိန်ကြာမယ်မှန်းကြိုသိနေတာကို တစ်ခုခုတော့ စားခဲ့ရမှာပေါ့'
Wine: 'ဟုတ်ပါတယ်။ ကျွန်မ အမှားပါ။ ဟုတ်ပြီလား? နေမင်း! နင်လည်းတော်တော့ ။ နင်တို့ဆက်ဖြစ်နေရင် ငါဘာမှမစားတော့ဘူး'
Naymin: 'ဟေး...နင်ကလေ တစ်ခါလေးတောင်စိတ်မရှည်ဘူးနော်။ လူပုစိတ်တိုမ၊ ခဏလေး ရေခဲမုန့်အရည်ပျော်နေပြီ ငါထပ်သွားဝယ်လိုက်ဦးမယ်။ ဒီတစ်ခါတော့ ထိုင်နေတာပဲမြင်ချင်ပါတယ် ဂျပုရယ်'
Wine: 'အေး၊ အေး သွား၊ သွား'

PoisonWhere stories live. Discover now