Ep-62

463 28 0
                                    


Unicode Version

Wine: 'တိတ်စမ်း! ရှင်တို့နှစ်ယောက်ကို သူများတွေက အတွဲတွေလို့ထင်နေကြတာကို ကျွန်မက ဂုဏ်တက်ရမယ်တဲ့လား?'
🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️
MHM: 'တွေ့လားနေမင်း၊ ငါပြောသားပဲ
ငါတို့ချော.........ဟမ်! ဘယ်လို! ဘယ်လိုတွေထင်ကြတာ?'
Wine: 'အတွဲတွေလေ'
Naymin & MHM: 'ဘာ! အတွဲတွေ?'
Naymin: 'ကိုမိုးထက်မြင့်ပြောတာမှန်တယ်နော် Mask တပ်သင့်တယ်'
MHM: 'အေး၊ သွားဝယ်ကြရအောင်' ဆိုပြီး နှစ်ယောက်သား နောက်လှည့်မကြည့်စတမ်းပြေးတော့သည်။
Wine: 'ဘယ်သွားကြမလို့လဲ? ဟာ! ဒင်းတို့က သူများတွေအထင်လွဲနေတယ်ဆိုမှ အတူတူပြေးသွားလိုက်သေးတယ်။ ဟေ့လူတွေ စောင့်ကြဦးလေ' ဆိုပြီး ပြေးလိုက်သွားသည်။

Mask ကိုယ်စီဖြင့် နှစ်ယောက်က လူကြားထဲ ပို၍ ထင်းနေသည်။

လမ်းသွားလမ်းလာများကလည်း ကွက်ကြည့်ကွက်ကြည့်ဖြင့် ပြုံးစိစိဖြစ်နေကြပြန်သည်။
'ဟိုအတွဲကကြည့်ကောင်းတယ်နော်'
'အေး၊ ဟုတ်ပါ့! အလယ်က အစစ်မ မပါရင်ကောင်းမယ်ဟာ'
'ဟုတ်ပါရဲ့'

Wine: 'ဪ....အခုတော့ လူပိုကြီးဖြစ်ပြီပေါ့🙃 ငါ့ကံကလည်းနော်!'
(ကိုယ်ဖျောက်ပစ်လိုက်ချင်တယ်)

နေမင်းကတော့ ဝိုင့်မျက်နှာပျက်သွားပုံကိုကြည့်ကာ သဘောကျစွာရယ်နေသည်။

Wine: 'တော်တော်ပျော်နေတယ်ပေါ့ နင်က?'
Naymin: 'ကဲပါ။ ရောက်မှတော့မထူးတော့ဘူး၊ ဘာစီးမလဲ စီးလေ'
Wine: 'မိုးပျံရထား'
MHM: 'ဘာ! အမြင့်ကြီးပဲ'
Wine: 'ရှင်ရောက်နေတာ မြန်မာနိုင်ငံနော်။ ဘယ်မိုးပျံရထားက ရှင့် အရပ်ထက်မြင့်နေလို့လဲ?'
MHM: 'ငါ့အရပ်ထက်တော့မြင့်ပါတယ်။ သွားစီးကြလေ ငါစောင့်နေမယ်'
Wine: 'ဘာလဲ! ရှင်ကြောက်လို့လား?'
MHM: 'မိုးထက်မြင့်ရာဇဝင်မှာကြောက်တာဘာမှမရှိဘူး။ သွားမယ်' ဆိုပြီး အရှေ့ဆုံးကနေချီတက်သွားတော့သည်။

မိုးပျံရထား စထွက်တဲ့အချိန်ကစပြီး အော်တာလည်းမရပ်၊ ဝိုင့်လက်ကိုလည်း ဆုပ်ကိုင်ထားလိုက်တာ လက်ကောက်ဝတ်တစ်ခုလုံးလည်း နီရဲနေတာပဲ။ ရထားရပ်သွားတဲ့အချိန်မှ ဝိုင်လည်း သက်ပြင်းချနိုင်တော့သည်။

PoisonWhere stories live. Discover now