Ep-33

542 29 0
                                    


Unicode Version

MHM: 'ပြော! ဘာကိစ္စလဲ?'
ရိုစီကိစ္စပြောရန်ပြင်ဆင်လာသော်လည်း သဝန်တိုတယ်ဟုအထင်ခံရမှာလည်းကြောက်သည်။
Wine: 'ဟို၊ ဟိုလေ'
မျက်နှာကြက်အားလက်ညှိုးထိုးကာ ပြောစရာစကားရှာနေသည်။ မိုးထက်မြင့်လည်း ဝိုင်ဘာကိုဆိုလိုမှန်းမသိသဖြင့် ညွှန်ပြရာသာလိုက်ကြည့်နေသည်။
MHM: 'အပေါ်မှာဘာရှိလို့လဲ?'
Wine: 'ဟိုလေ၊ ဘာမှမရှိဘူး'
MHM: 'ဘာ!'
Wine: 'တစ်ခုခုရှိမလားလို့ လာကြည့်တာမရှိဘူးပဲ။ သွားတော့မယ်နော်'
ဝိုင်လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝိုင်ဝတ်ထားသော Hoodie ပန်းရောင်လေးကို ခေါင်းစွပ်မှဆွဲ၍...
MHM: 'ရုံးခန်းထဲကို ဘီလူးစီးသလိုဝင်လာတာ၊ ငါ့ရုံးခန်းမျက်နှာကြက်ကိုလာစစ်တာတဲ့လား?'
ဝိုင်လည်းဂုတ်ကဆွဲထားခံရသဖြင့် ယက်ကန်ယက်ကန်နှင့် ရှေ့တိုးမရနောက်ဆုတ်မရအခြေအနေဖြစ်နေသည်။
Wine: 'ဟုတ်တယ်လေ။ မျက်နှာကြက်မကောင်းလို့ ပြိုကျရင်ဘယ်လိုလုပ်မလဲ။ ကျွန်မ ငယ်ငယ်လေးနဲ့ မုဆိုးမအဖြစ်မခံနိုင်ဘူး'
MHM: 'ငါ့ကိုစိတ်ပူတယ်ပေါ့'
Wine: 'ပြောလိုက်လို့လား? အဲ့လို'
MHM: 'ဘာဖြစ်ဖြစ် တခြားအကြောင်းအရင်းရှိကိုရှိရမယ်။ ပြောမှာလားမပြောဘူးလား?'
Wine: 'ဘာမှမရှိဘူး။ ကျွန်မကိုလွှတ်!'
MHM: 'ပြောလေ၊ မပြောရင် မလွှတ်ပေးနိုင်ဘူး'
Wine: 'မလွှတ်လည်းနေပေါ့။ တစ်နေကုန် ကိုင်ထားနိုင်ရင်လည်း ကိုင်ထားပေါ့'
MHM: 'စိန်ခေါ်တယ်ပေါ့လေ! အေး တစ်မျိုးပြောင်းမယ်'
ဝိုင့်လက်မောင်နှစ်ဖက်အား ချုပ်ကိုင်၍
MHM: 'ပြောမှာလား၊ မပြောဘူးလား?'
Wine: 'ရှင်၊ ရှင်ဘာလုပ်မလို့လဲ?'
MHM: 'မပြောရင်...ငါဘာလုပ်မယ်ထင်လဲ?'
Wine: 'ရှင့်ကတိကိုမေ့နေပြီလား? မင်းမှာသစ္စာ၊ လူမှာကတိတဲ့နော်။ ကတိမတည်ရင် လူမဟုတ်ဘူး'
MHM: 'ဘာဖြစ်ဖြစ်၊ ပြောမှာလား မပြောဘူးလား? ၅ စက္ကန့်ပဲပေးမယ်နော်! ၅-၄-၃-၂'
Wine: 'ပြောမယ်! ပြောမယ်...အရင်လွှတ်'
MHM: 'အရင်ပြော'
Wine: 'ရှင်! ဟိုလေ...ကုမ္ပဏီကကောင်မလေးတွေပြောနေကြတာ၊ ရှင်နဲ့ရှင့်အတွင်းရေးမှူးနဲ့က ဘာညာဘာညာတဲ့။ အဲ့ဒါ....အဲ့ဒါကြောင့်လေ'
MHM: 'အင်း! အဲ့ဒါကြောင့်...?'
Wine: 'ဝင်ကြည့်တာလေ တကယ်လားလို့'
MHM: 'ဝင်ကြည့်တော့?'
Wine: 'မသိတော့ဘူး။ ဒါအကုန်ပဲ'
မိုးထက်မြင့်လည်း သဝန်တိုနေမှန်းသိသဖြင့် ဝမ်းသာပြုံးပြုံးကာ မသိမသာ ပြန်တည်လျှက် ဟန်လုပ်နေသည်။
MHM: 'ဒါကတော့ ပြောတဲ့လူတွေအများကြီးကြုံဖူးပြီးသားပါ။ ရိုစီလည်းအေးဆေး၊ ငါလည်းအေးဆေး'
Wine: (ဟွန့်! အေးဆေးပဲတဲ့။ အေးနှစ်ယောက်လုံး ဆက်ပြီးအေးဆေးနိုင်အောင် ရေခဲတိုက်ထဲထည့်ပေးဦးမယ်။ ဝိုင်တို့ကနော် ရုပ်ကသာချစ်ဖို့ကောင်းနေတာ၊ စိတ်ဆိုးရင်အရမ်းကြောက်ဖို့ကောင်းတာ😒)
MHM: 'ဟေး! ဘာတွေတွေးနေတာလဲ?'
မိုးထက်မြင့်ရုတ်တရက် နားနားကပ်ပြောသဖြင့် လန့်သွားကာ...
Wine: 'ဪ! ရေခဲတိုက်၊ အဲ! ဘာမှမတွေးပါဘူး'
MHM: 'ဘာမှမတွေးလည်းပြီးရော။ သိပြီမဟုတ်လား? သွားတော့'
Wine: 'ဟုတ်ကဲ့ သူဌေး။ သွားပြီ' ဟု ထေ့ငေါ့ကာ ရုံးခန်းအပြင်ပြန်ထွက်သွားသည်။

PoisonWhere stories live. Discover now