Ep-38

527 26 0
                                    


Unicode Version

ဝိုင့်ကိုမုန့်ကျွေးပြီးနောက် တစ်စုံတစ်ခုကိုစိတ်ထဲကအလိုမကျပုံနှင့် ကားပါကင်သို့ဆင်းလာခဲ့သည်။
Naymin: ( မိုးထက်မြင့်က ပုံစံပြောင်းနေတယ်။ အရင်ကလို ဝိုင့်ကိုချစ်တဲ့အရိပ်အရောင်တွေ မမြင်ရဘူး။ ဝိုင်အဆင်ပြေပါ့မလား? ငါဝိုင့်ကိုစိတ်မချဘူး​။ ဘာလုပ်ရမလဲ...........)
စဉ်းစားနေချိန်မှာပဲ ရှေ့မှာ ဘွားခနဲပေါ်လာသည့် Mark မျက်နှာကိုမြင်လိုက်ရသည်။
Mark: 'ဆရာ! ပြန်လာသေးတယ်နော်။ ကျွန်တော်က ဆရာပြန်မလာတော့ဘူးထင်နေတာ။ ကျွန်တော်ဘယ်လောက် ဒုက္ခခံနေရလဲသိလား?'
Mark ပြောသမျှလည်းမကြားရတော့ပေ။ Mark ကိုမြင်ကာ အကြံတစ်ခုရသွားသည့်အတွက် ပျော်ရွှင်စွာ ပြုံးရယ်လိုက်မိသည်။
Mark: 'ဆရာ ရယ်နေတယ်?😳ကျွန်တော်ပြောတာကြားရဲ့လား?'
Naymin: 'မကြားဘူး။ ဒါပေမယ့် ကျေးဇူးပဲ'
Mark: 'ဗျာ!မကြားတာကိုဘာလို့ကျေးဇူးတင်နေတာလဲဟင်?'
Naymin: 'မင်းအတွက် အလုပ်ပေါ်လာပြီ။အခုကစပြီး မင်း RainDrop ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ပြင်တော့'
နေမင်း​၏စကားအဆုံး၌ ဘာကိုဆိုလိုမှန်းနားမလည်ပဲ တွေးမိတွေးရာတွေးပြီး Mark တစ်ယောက် ဝန်းနည်းနေတော့သည်။
Mark: 'ဗျာ! ဆရာ၊ ကျွန်တော် ဆူဆူညံညံလုပ်လို့ အလုပ်ထုတ်တာလားဗျာ။ တောင်းပန်ပါတယ် ၊ အလုပ်တော့မထုတ်ပါနဲ့ နောက်ဘာမှမပြောတော့ပါဘူး။ နောက်ဆို တစ်နာရီမကလို့ တစ်နှစ်လောက် စောင့်နေရမယ်ဆိုလည်း စောင့်ပါ့မယ်'
Naymin: 'ဘာတွေပြောနေတာလဲ? ဘယ်သူက အလုပ်ထုတ်တာလဲ?'
Mark: 'ဆရာပဲ ဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့ပြင်ဆို? ဆရာ့ကုမ္ပဏီကနေ ထုတ်လိုက်တာမဟုတ်လား?'
Naymin: 'မထုတ်ပါဘူး။ ငါ့အတွက်လုပ်ခိုင်းတာ'
Mark: 'ဆရာရယ် ထုတ်တယ်ဆိုလည်း ဒီတိုင်းပဲပြောလိုက်ပါ။ စကားအလှတွေမသုံးပါနဲ့တော့။ ရပါတယ်လေ၊ ကျွန်တော်က အလုပ်သမား ဆရာကအလုပ်ရှင်ပဲ ။ဆရာကထွက်ဆို ထွက်လိုက်ရုံပေါ့။ ဒီအတောအတွင်းဆရာ့ဆီမှာ အလုပ်လုပ်ခွင့်ရတာ ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော်က အရည်အချင်းကြည့်ဝတဲ့အတွက် ခေါ်ချင်တဲ့ ကုမ္ပဏီများမှာပါ။ ဒါကြောင့် ကျွန်တော်ဝမ်းနည်းပါဘူး။ ဒီအတောအတွင်း ကျေးဇူးတင်ပါတယ်'
ဝမ်းမနည်းဘူးသာပြောတယ်၊ မျက်လုံးထဲက မျက်ရည်တွေက အပြင်ကိုပါလျှံထွက်နေပြီ။ နားလည်မှုလွဲနေတာကို ရှင်းပြဖို့ အခွင့်အရေး မပေးလို့ အပြစ်ပေးတဲ့အနေနဲ့ပဲ ဆက်ငိုခိုင်းနေလိုက်တော့တယ်။
Naymin: 'ဘယ်လိုလဲ? ငိုလို့ပြီးပြီလား?'
Mark: 'ဟုတ်! ဗျာ! မငိုပါဘူး'
Naymin: 'မငိုလို့ပဲ။ မင်း ယောက်ျားလား မိန်းမလားဟမ်? ဘယ်လိုယောက်ျားက ဒီလောက်ရှုက်ကြီးတငင်ငိုရတာလဲ?'
Mark: 'စိတ်မပူပါနဲ့။ အခု ဆရာ့ဝန်ထမ်းလည်းမဟုတ်တော့တဲ့အတွက်...ဆရာ့စကားလည်းနားမထောင်တော့ဘူး။ ဒီကုမ္ပဏီမှာလည်းမလုပ်နိုင်ဘူး'
Naymin: 'မင်းက အလုပ်ထွက်ချင်တာလား?'
Mark: 'ဆရာ! ဆရာပဲထုတ်တာလေ'
Naymin: 'ငါ ဘယ်မှာထုတ်လို့လဲ? ပြောမိလို့လား?'
Mark: 'ဆရာပဲ ဒီမှာ အလုပ်လုပ်ရမယ်ဆို?'
Naymin: 'အေးလေ။ အဲ့ဒါပဲပြောတာ အလုပ်ထုတ်ပြီလို့ပြောလို့လား?'
Mark: 'သွယ်ဝိုက်ပြီးပြောလိုက်တာပဲလေ'
Naymin: 'ဟေး...ငါစကားအများကြီးမပြောချင်ဘူး။ မင်းကိုဒီမှာလုပ်ခိုင်းတာ ဝိုင့်ကိုစောင့်ကြည့်ပေးစေချင်လို့၊ ငါသူ့ကိုစိတ်မချလို့'
Mark: 'ဪ! သဘောပေါက်ပြီ။ ကျွန်တော့်ကို သူလျှိုလုပ်စေချင်တာလား?'
Naymin: 'မဟုတ်ပါဘူး။ ဝိုင့်ကို ငါ့အစားစောင့်ရှောက်ပေးစေချင်ရုံ'
Mark: 'ဒါဆို ဆရာမှားနေပြီ။ ကျွန်တော့်ကိုမဟုတ်ပဲ လုံခြုံရေးဝန်ထမ်းကိုခိုင်းရမှာ'
Naymin: 'မင်းမရှည်ပါနဲ့။ လုပ်ဆိုလုပ်လိုက်ပေါ့'
Mark: 'အင်းပေါ့လေ။ ဆရာက ဆရာပဲ၊ လုပ်ပေါ့'
Mark က ငေါ့သလိုလိုနှင့်ပြန်ပြောသဖြင့် စိတ်တိုလာသည်။
Naymin: 'စိတ်ရှည်တယ်များထင်နေလား? မင်း ငါ့အချိန်တွေ တော်တော်ဖြုန်းထားတယ်နော်။ ကိုယ့်ဟာကိုယ်သိ'
Mark: 'ဟုတ်!'
(မျက်နှာကလည်း ရှစ်ခေါက်ချိုးနဲ့။ သူ့ဘဝမှာ မဝိုင်ကလွဲရင် ဘယ်သူ့ကိုမှ ပြုံးမပြဖူးဘူးလားမသိပါဘူး။ မဝိုင်နဲ့ကျ ပြောသမျှခံတယ်၊ ငါ့ကျပြောလိုက်ဆိုလိုက်တာများ😒။ ဒါကြောင့် ရည်းစားမရတာ။ အဲ! ဆရာက စော်ကြည်တယ်လို့ကြားဖူးတယ်၊ ဒါနဲ့များ ဘာလို့ မဝိုင်က ဆရာ့ကိုပြန်မကြိုက်ရတာလဲ။ ဒီကိုအလုပ်လာလုပ်မှ သေချာကြည့်ရမယ်၊ မဝိုင်ကဘယ်လောက်တောင်ချောလို့ ဆရာ ဒီလိုဖြစ်နေတာလဲလို့)

PoisonWhere stories live. Discover now