Unicode Version
အခန်းထဲရောက်တော့လည်း ဝိုင်ကတိတ်ဆိတ်လွန်းနေတော့ မိုးထက်မြင့်နေရခက်နေပြန်သည်။
MHM: 'ဝိုင်! ရုံးအတူတူသွားကြမယ်နော်'
Wine: 'အင်း! သွားနေကျပဲကို'
MHM: 'သွားစားထားတော့လေ။ နောက်ကျနေမယ်'
Wine: 'နောက်ကျရင် ရုံးကိုယူသွားလိုက်မယ်'
MHM: 'အေးရင် စားမကောင်းတော့ပဲနေမှာပေါ့'
Wine: 'ဒီနေ့ဘယ်လိုဖြစ်လို့အတင်းစားခိုင်းနေတာလဲ?'
MHM: 'တကူးတကဝယ်လာတာကို မစားမှာစိုးလို့ပေါ့'
Wine: 'စိတ်ချပါ။ စားချင်လို့မှာလိုက်တာပဲဟာ...'
MHM: 'ပြီးရော၊ ပြီးရော! စားဖြစ်အောင်တော့စားနော်'
Wine: 'အင်းပါဆို။ ရှင်ရေချိုးမလို့မဟုတ်လား ချိုးလေ'
MHM: 'သွားပြီ။ စားဖြစ်အောင်စားနော်'
Wine: 'ကဲ....'မိုးထက်မြင့်လည်း ဝိုင်စိတ်ဆိုးမည်စိုးသောကြောင့် ဘာမှထပ်မပြောတော့ပဲ ရေချိုးခန်းထဲသို့ဝင်သွားသည်။
MHM: (ဟူး....တကယ်စိတ်ဆိုးနေတာပဲ! ဘယ်လိုလုပ်ရမလဲ? ဟိုကောင်တွေပြောသလိုမလုပ်လိုက်သင့်ဘူးကွာ...😣။ အခုတော့ ဘယ်ကဘယ်လိုစချော့ရမှန်းမသိတော့ဘူး)
----------------------------------
ဝိုင်က ရုံးသွားတဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေသည့်အပြင် ရုံးရောက်တော့ပါ ဘယ်သူ့ကိုမှမနှုတ်ဆက်ပဲနေရာဝင်ထိုင်ကာ အလုပ်ထိုင်လုပ်နေသည်။ ဝန်ထမ်းများက မိုးထက်မြင့်ကိုနားမလည်နိုင်စွာကြည့်နေတော့ မိုးထက်မြင့်လည်း မသိဟန်ဆောင်ကာ ရုံးခန်းထဲဝင်လာတော့သည်။MHM: (ဘယ်လိုလုပ်ရမလဲ? ဝိုင်ငါ့ကိုအကြီးကြီးစိတ်ဆိုးနေပြီထင်တယ်။ ဟာ! ဟုတ်ပြီ၊ နေမင်းကိုဖုန်းဆက်မေးရမယ်)
🎵🎶...................Ringtone
Naymin: 'Hello!'
MHM: 'အေး! နေမင်းရေ အစ်ကိုမေးစရာရှိလို့'
Naymin: 'ဟုတ်ကဲ့မေးပါ'
MHM: 'ဝိုင်စိတ်ဆိုးနေလို့လေ...အဲ့ဒါဘယ်လိုချော့ရမလဲ?'
Naymin: 'ဟင်! ဘာလို့စိတ်ဆိုးတာလဲ?'
MHM: 'အဲ့ဒါကကွာ...ဒီလိုပဲ နည်းနည်းအော်မိသွားတာ'
Naymin: 'ဗျာ! တကယ်ကြီးအော်ခဲ့တာလား? အဲ့ဂျပုကိုလေ'
MHM: 'ဟုတ်ပါတယ်ဆိုကွာ...'
Naymin: 'ဪ...ဒါဆိုတော့လည်း စိတ်ဆိုးတာမဆန်းပါဘူး'
MHM: 'ဘာလို့လဲ? နည်းနည်းလေးပဲအော်မိတာလေ'
Naymin: 'ဂျပုက ရာဇဝင်နဲ့ဗျ။ ကျောင်းတုန်းက ဆရာမကသူအပြစ်မလုပ်ပဲအော်လို့ဆိုပြီး ကျောင်းအုပ်ကြီးရုံးခန်းအထိတက်တိုင်တာ။ ကျောင်းအုပ်က အော်ရုံလေးနဲ့ ဆရာမကိုအရေးမယူနိုင်ဘူးဆိုတော့ ပညာရေးမှူးအထိတက်တိုင်မယ်လုပ်လို့ မနည်းတားထားရတယ်။ အဲ့လောက်ထိ အော်တာကိုမကြိုက်တာ'
MHM: (ဘုရား ဘုရား...ချော့လို့ကောရပါဦးမလား😣)
'နောက်...အဲ့ဆရာမနဲ့ဘယ်လိုပြန်အဆင်ပြေသွားလဲ?'
Naymin: 'မပြေဘူး။ အခန်းကိုအတန်းပိုင်ပြောင်းလိုက်ရတဲ့အထိပဲ။ ဂျပုက အဲ့တစ်ခုတော့ တော်တော်ဆိုးတယ်။ သူမကြိုက်တော့ဘူးဆိုရင် သူ့မျက်စိရှေ့မှာလုံးဝမထားတော့ဘူး။ ဒါနဲ့ သူအစ်ကို့ကိုရော စကားတွေဘာတွေပြောရဲ့လား?'
MHM: 'အရင်လောက်တော့မပြောဘူး။ ရုံးလာတဲ့လမ်းတစ်လျှောက်လည်း တိတ်ဆိတ်နေလိုက်တာ သူမဟုတ်တဲ့အတိုင်းပဲ'
Naymin: 'ရုံးအတူတူလာတယ်ဆိုရင်တော့ သိပ်အဆိုးကြီးမဟုတ်သေးပါဘူး။ ချော့လို့ရလောက်သေးတယ်'
MHM: 'တော်ပါသေးရဲ့။ ငါပန်းစည်းတစ်စည်းတော့ မှာထားတယ်။ နောက်ထပ် ဘာထပ်ဝယ်ရမှန်းမသိလို့'
Naymin: 'No...No...ဝိုင်က တခြားကောင်မလေးတွေနဲ့တော့ သိပ်မတူဘူး။ ပန်းပေးရုံနဲ့ကြေအေးတတ်တဲ့အထဲမပါဘူး'
MHM: 'ပန်းပေးတာရဲ့အဓိပ္ပါယ်က အရှုံးပေးတာလေကွာ'
Wine: 'ဟင့်အင်း...သူကအဲ့လိုဘယ်တော့မှမတွေးဘူး။ ဘာလို့လဲဆိုတော့ ပန်းမကြိုက်လို့😑။ သူကြိုက်တာဘာလဲဆိုတာတော့ အစ်ကိုလည်းသိပါတယ်။ ဝယ်ပေးလိုက်ပေါ့'
MHM: 'သူကအစားအသောက်ကလွဲရင် ဘာကြိုက်...အဲ! ဟုတ်ပြီ။ အစားအသောက်တွေ ဝယ်ပေးရမှာပေါ့။ idea ရပြီ။ ကျေးဇူးပါငါ့ညီရေ'
-----------------------------------
HN: 'ဝိုင်! သူဌေးခေါ်နေတယ်'
Wine: 'ဟုတ်ကဲ့!'