Ep-79

420 19 0
                                    


Unicode Version

ဟိုတယ်ခန်းပြန်ရောက်တော့ မိုးထက်မြင့်တစ်ယောက် စုံထောက်ဦးလေးပြောတဲ့စကားတွေကြောင့် စိတ်ရှုပ်နေသည်။ ထို့အပြင် မြတ်ဘုန်းရောင်နဲ့ဝိုင်တို့ရယ်မောနေကြသော ပုံရိပ်ကိုမြင်ယောင်လာပြီး သဝန်တိုလာပြန်သည်။ စုံထောက်ဦးလေးစကားပြန်ကြားယောင်လိုက်၊ မြတ်ဘုန်းရောင်ကိုမြင်ယောင်လိုက်ဖြင့် တစ်ယောက်တည်း အလုပ်တွေရှုပ်နေသည်။

Wine: 'ကိုမိုးထက်မြင့်!'

ဝိုင့်အော်သံကြားမှ သတိဝင်လာသည်။

MHM: 'ဗျာ! အဲ! (ယောင်ကုန်ပြီ...)
ဘာလဲကွ။ မင်းကအော်လှချည်လား၊ အခန်းထဲ နှစ်ယောက်တည်းရှိတာ...တိုးတိုးပြောလည်းကြားပါတယ်'
Wine: 'ဘယ်မှာကြားလို့လဲ? ရှင့်ကိုခေါ်နေတာ ၁၅ခွန်းလောက်ရှိပြီ။ ဘာတွေတွေးနေလို့ ကျွန်မအသံတောင်မကြားတော့တာလဲ?'
MHM: 'ဒီလိုပါပဲ...ဟိုတွေး ဒီတွေးပေါ့'
(နေပါဦး။ အခုငါ့ပုံစံက မ-ယ-က ဖြစ်နေသလိုပဲ)
'ဘာတွေးတွေးပေါ့! မင်းကရော ဘာလို့ခေါ်နေတာလဲ?'
Wine: 'ဪ...အချိန်ကိုလည်းကြည့်ဦးလေ။ Check Out လုပ်ရတော့မယ်။ ရှင်ရောမချိုးတော့ဘူးလား? ကျွန်မတောင် ချိုးပြီးပြီ'
MHM: 'ချိုးမယ်လေ! ချိုးရမှာပေါ့😁'
Wine: 'ချိုးမယ်ဆိုလည်းသွားတော့လေ။ ဘာထိုင်လုပ်နေသေးတာလဲ?'
MHM: 'အေး! သွားမယ်သွားမယ်'
Wine: (အူကြောင်ကြောင်နဲ့ ဘာဖြစ်နေမှန်းကိုမသိဘူး)
------------------------------
အပြန်လမ်းတစ်လျှောက်လုံး မိုးထက်မြင့်တိတ်ဆိတ်နေသဖြင့် ဝိုင်မနေနိုင်တော့ပဲ စကားစရတော့သည်။

Wine: 'ကိုမိုးထက်မြင့်! ရှင်နေမကောင်းသေးဘူးလား?'
MHM: 'ဟင်! ကောင်းပါတယ်'
Wine: 'ဒါဆိုဘာလို့တိတ်နေတာလဲ? ရှင့်ကိုဒီလိုပုံစံနဲ့ တစ်ခါမှမမြင်ဖူးလို့လားမသိဘူး၊ နေသားမကျဘူး'
MHM: 'မင်းကလည်း...မသိရင် ငါကအမြဲစကားများနေတဲ့ပုံ။ မင်းပျင်းမှာစိုးလို့ပြောပေးနေတာပါ။ ပုံမှန်ဆိုရင် အနေအေးပြီး စကားနည်းတတ်တဲ့ ခန့်ချောကြီးပါ'
Wine: 'စကား ၁၀ ခွန်းပြောရင် ၉ ခွန်းက သူ့ဘက်သူယက်တာပဲ'
MHM: 'ဒီနေ့တော့ စကားတွေမများနိုင်တာ ခွင့်လွှတ်ပါဗျာ...'
Wine: 'ဘာလို့လဲ?'
MHM: 'ဘာရယ်တော့မဟုတ်ပါဘူး။ ဒီလိုပဲ တွေးစရာလေး တစ်ခုနှစ်ခုလောက်ရှိနေလို့ပါ'
Wine: 'ထားပါ...နေမကောင်းတာမဟုတ်လည်းပြီးတာပဲ'
(ကိုမြတ်ဘုန်းရောင်ပြောသလိုများဖြစ်နေပြီလား?🤔 အာ...မဟုတ်တာ! ကိုမိုးထက်မြင့်က အဲ့လိုဖောက်ပြန်တတ်တဲ့လူစားမျိုးမှမဟုတ်ပဲ။ ပြီးတော့ ငါ့ကိုမချစ်ရင်တောင်မှ အဲ့လိုတော့လုပ်မယ့်ပုံမပေါ်ပါဘူး👀။ ကိုမြတ်ဘုန်းရောင်ကိုသာ မာကျောသလိုပြောလိုက်ပေမယ့်...တကယ်သာကြုံလာခဲ့ရင် ငါအဲ့လိုဖြေသိမ့်နိုင်ပါ့မလား?...)
------------------------------------
MHM: 'ကဲ...အမိ! အိမ်ရောက်ပြီ။ အစ်မတော်ကို သွားနှုတ်ဆက်...'

PoisonTahanan ng mga kuwento. Tumuklas ngayon