Ep-27

606 32 0
                                    


Unicode Version

Wine: 'စားသောက်ဆိုင်လို့ပြောပြီးတော့ အိမ်ကိုခေါ်လာတယ်'
MHM: 'ကို့အစ်မကချက်ပြုတ်ပေးထားတာကို ဘာလို့စားသောက်ဆိုင်ထိ တကူးတကသွားမှာလဲ?'
Wine: (ဒီလူ အကြင်နာတရားခေါင်းပါးတယ်ထင်တာ အစ်မကိုတော့ တော်တော်ချစ်ပုံပဲ)
'ဒါနဲ့  အစ်မကရော?'
MHM: 'ဒီညပြန်လာမှာမဟုတ်ဘူး သူ့သူငယ်ချင်းအိမ်မှာ Party ရှိလို့တဲ့။ နေစမ်းပါဦး၊ မင်းက စပ်စုနေဦးမှာလား? စားစရာရှိတာစား'
Wine: 'မဟုတ်ပါဘူး မတွေ့လို့မေးတာပါ။ စားမှာ! စားမှာ! စိတ်မပူနဲ့'
MHM: 'စား! စား! များများစား။ မင်းကဗိုက်ဟောင်းလောင်းနေရရင် သေမယ့်ပုံပဲ'
Wine: 'ဒါပေါ့ သေနိုင်တာပေါ့။ ရှင်မသိပဲပြောမနေနဲ့ ကျွန်မ မနက်တည်းက ဘာဆိုဘာမှမစားရသေးဘူး။ ရေတစ်ခွက်တောင် မသောက်ထားတာ'
MHM: 'မင်းဟာမင်းမစားတာလေ။ မင်းကိုဘယ်သူကမစားခိုင်းလို့လဲ?'
Wine: 'ဘာ! ရှင်! အေးပါ ၊ ပြောထားပေါ့။ ရှင်မိန်းမဖြစ်တဲ့အခါကျမှ ကျွန်မဒုက္ခကိုသိမယ်။ အဲ့ခါကျမှ အသေထိုင်ရယ်ပစ်မှာ'
MHM: 'အေး! ဒီဘဝတော့မင်းမရယ်ရတော့ဘူးပဲ။ နောက်ဘဝမှ ရယ်တော့၊ လူပြန်ဖြစ်ရင်ပေါ့'
Wine: 'ရှည်ရှည်ဝေးဝေးတွေ တွေးမနေနဲ့။ တစ်ချိန်ချိန် ရှင်လည်း ပွင့်မလာနိုင်ဘူးလို့မပြောနိုင်ဘူးလေ'
MHM: 'မင်းနဲ့ယူပြီးမှ ပွင့်လာတာဆိုရင်တော့ မင်းအပြစ်ပေါ့'
Wine: 'ဘာမှမဆိုင်ဘူး။ ပွင့်ချင်ရင်ပွင့်ချလိုက်၊ ကျွန်မကိုဆွဲမထည့်နဲ့ ၊ အနေသာကြီး'
MHM: 'ဒီလောက်ထိပြောနေတာ၊ ဘာလဲ! ယောက်ျားဆန်ကြောင်း ပြစေချင်နေတာလား?'
Wine: 'ရှင်၊ ရှင် ဘာစကားပြောတာလဲ?'
MHM: 'မင်းကရော ဘာတွေတွေးနေလို့ မျက်နှာက နီသွားရတာလဲ?'
Wine: 'ဘာ၊ ဘာမှမတွေးဘူး။ ပူလို့'
MHM: 'မင်းအအေးကြောက်တယ်ဆိုလို့ ကိုAircon လျှော့ပေးထားတာလေ။ တင်လိုက်ရမလား?'
Wine: 'မတင်နဲ့! ရပါတယ်။ ဒါနဲ့ ကျွန်မ အအေးကြောက်တာ ရှင်ဘယ်လိုသိလဲ?'
MHM: 'နေမင်းပြောပြတာ'
Wine: 'အဲ့နေမင်းကလည်း လူကိုနှုတ်တောင်မဆက်သွားဘူး US ပြန်တာကို'
MHM: 'တစ်ပတ်တည်းသွားတာ နှုတ်ဆက်စရာလား။ ပြန်လာမှာပေါ့'
Wine: 'ဪ! တစ်ပတ်တည်းလား? ဒါနဲ့ နေပါဦး၊ ရှင်နဲ့ နေမင်းက မတည့်ကြပါဘူး။ အခုကျ Bff တွေကျနေရော။ မှန်မှန်ပြော! ကျွန်မကို ဘာတွေလျှို့ဝှက်ထားကြလဲ?'
MHM: 'ငါတို့ကဘာကိုလျှို့ဝှက်ရမှာလဲ?'
Wine: 'အင်း! လက်ပူးလက်ကြပ်မမိခင်တော့ ငြင်းထားဦးပေါ့လေ။ လက်ပူးလက်ကြပ်မိလို့ကတော့လား၊ ရှင်တို့နှစ်ယောက်လုံးကို ဆံပင်တစ်မွှေးချင်းစီဆွဲနှုတ်ပစ်မယ်'
ဝိုင့်ရဲ့ ကြိမ်းမောင်းနေသော ဟန်ပန်ကြောင့် မိုးထက်မြင့် ကြက်သီးမွှေးညှင်းပါထလာသည်။ မျက်ဝန်းထဲ၌ မိမိခေါင်းမှ ဆံပင်များအနှုတ်ခံနေသည်ကိုမြင်ယောင်လျှက်
MHM: 'ငါ့ခေါင်းကို မင်းက စာကလေးများထင်နေလား?'
Wine: 'အခုတော့မထင်သေးပါဘူး။ ကျွန်မကို တစ်စုံတစ်ခုသာ လျှို့ဝှက်ထားလို့ကတော့ စာကလေးမကလို့ စာဘူးထောင်းကြီးပဲဖြစ်ဖြစ် ကျွန်မအကြောင်းကောင်းကောင်းသိမယ်'
ဝိုင်ကတော့ ပြောရင်းဆိုရင်း စားသောက်နေသည်။ မိုးထက်မြင့်ခမျာမှာတော့ အစားအစာများကိုပင်မစားနိုင် ရေပဲခဏခဏမျိုချနေရသည်။
Wine: 'ပင်ပန်းနေပြီ။ ကျွန်မ ဘယ်မှာအိပ်ရမှာလဲ?'
MHM: 'ကို့အခန်းမှာပေါ့'
Wine: 'ဘာ? ရှင် ကတိပေးထားတယ်လေ။ မေ့နေပြီလား?
MHM: 'မင်း မိန်းကလေးဖြစ်ပြီးတော့ အတွေးထဲ မှောင်ပဲမှောင်နေတာလား? မင်းနဲ့ကို ကတိပေးပြီး လက်ထပ်တာ မမ သိလို့မဖြစ်ဘူး။ အခန်းထဲမှာ ဆိုဖာရှိတယ် ၊ မင်းအရပ်နဲ့ဆို အံကိုက်ပါပဲ'
Wine: 'ရှင်ဘာမှ မဆိုင်တာထည့်ပြောစရာမလိုဘူး။ ကျွန်မအရင်သွားမယ် ရေမိုးချိုးဦးမယ်။ ရှင်နောက်မှဝင်လာခဲ့'
MHM: 'ကြွ၊ ကြွ'

PoisonWhere stories live. Discover now