Unicode Versionအိမ်ပြန်လမ်းတစ်လျှောက်လုံး ဝိုင့်မျက်နှာကိုသာကြည့်နေဖြစ်ပြီး နေမင်းစကားများကိုပဲ ကြားယောင်နေတယ်။
{Naymin: 'ဝိုင်က အချစ်ကိုကြောက်တဲ့ရောဂါ ရနေတာလို့ပဲပြောရမယ်။ အကယ်၍ သူချစ်တဲ့သူနောက်ထပ်ပေါ်လာရင်တောင် သူထုတ်ပြရဲမှာမဟုတ်တော့လောက်ဘူး။ အဲ့ဒီတော့ ကိုမိုးထက်မြင့် သူ့ကိုချစ်ရင် သူမြင်အောင် ထုတ်ပြပြီး သူယုံကြည်လာအောင် သက်သေပြဖို့လိုတယ်'}
(အင်း...ငါဝိုင့်စိတ်သက်သာအောင် ဘယ်လိုလုပ်ပေးရင်ကောင်းမလဲ?)
Wine: 'ကိုမိုးထက်မြင့်! ဟိုအရှေ့မှာခဏလောက်ရပ်ပေးလို့ရမလား?'
ဝိုက်ညွှန်ပြရာ လှမ်းကြည့်လိုက်တော့ Gong Cha bubble tea ဆိုင်လေးကိုတွေ့ရသည်။
MHM: 'bubble tea သောက်မလို့လား?'
Wine: 'မဟုတ်ပါဘူး ချောကလက် သောက်မလို့'
MHM: ( ဟုတ်ပြီ၊ ဒါဝိုင့်ကိုဂရုစိုက်ရမယ့် အခွင့်အရေးပဲ)
'နေ၊ နေ၊ ကားပေါ်မှာထိုင်နေ၊ ကိုသွားဝယ်လိုက်မယ်'
Wine: 'ကျွန်မသောက်တဲ့ ပုံစံ ရှင်ကသိလို့လား?'
MHM: 'ဝယ်လာလို့မကြိုက်ရင် ပြန်ဝယ်ပေးမယ် စိတ်ချ။ တစ်ဆိုင်လုံး လိုချင်လည်းရတယ်'
Wine: 'တော်ပါ၊ တစ်ခွက်ဆိုရပြီ'
MHM: 'ဒါဆို ဒီမှာပဲစောင့်နေနော်'
Wine: 'အင်း!'Gong Cha ဆိုင်ထဲရောက်တော့ ကားထဲကိုတစ်ချက်လှန်းကြည့်လိုက်ရာ ဝိုင်ဒီအတိုင်း ထိုင်မြဲတိုင်းထိုင်နေသည်ကိုတွေ့ရသဖြင့် စိတ်ချသွားကာ နေမင်းကို ဖုန်းခေါ်တော့သည်။
🎵🎶...................Ringtone
Naymin: 'ဟယ်လို!'
MHM: 'နေမင်းရေ ငါတစ်ခုလောက်မေးစရာရှိလို့'
Naymin: 'ကိုမိုးထက်မြင့် မေးလေ'
MHM: 'ဝိုင်က Gong Cha မှာ အမြဲဘာသောက်တတ်လဲ?'
Naymin: 'Chocolate Bubble ကိုမှ Less Sugar နဲ့'
MHM: 'Ok! ဒါပဲနော်'သိချင်တာသိရပြီမို့ ဖုန်းကိုချက်ချင်းချပစ်ကာ ဝိုင့်အတွက် Chocolate Bubble မှာပေးနေသည်။
MHM: 'ကဲ! အမိ၊ ဒါမဟုတ်လား?'
Wine: 'ဟုတ်တယ်၊ အရသာလည်းကွက်တိပဲ။ ရှင်ဘယ်လိုသိလဲ?'
MHM: 'ဒီအတိုင်းမှန်းကြည့်တာပေါ့။ မင်းက ခန့်မှန်းရခက်တဲ့ မိန်းကလေးမှမဟုတ်တာ'
(တကယ်လည်း ခန့်မှန်းရမခက်ပါဘူး၊ ခန့်မှန်းလို့ကိုမရတဲ့ မိန်းကလေး)
Wine: 'ဘာလဲ! ရှင်ကကျွန်မကို လွယ်တယ်လို့ပြောချင်တာလား?'
MHM: 'မပြောရဲပါဘူးဗျာ၊ တော်တော်ခက်တဲ့ ကောင်မလေးပါဗျာ။ ရပြီလား?'