Ep-9

841 36 0
                                    


Unicode Version

မနက် ၈ နာရီလောက်တည်းကအိမ်ကထွက်လာပြီး ယခု ညနေ၅ နာရီထိုးပြီ။ လက်ထဲတွင် Chocomilk တစ်ခွက်ကိုင်၍ Wine ကိုယ်တိုင်တောင် သတိမထားမိပဲ ထိုင်နေမိသည့်ကော်ဖီဆိုင်တောင် ပိတ်ရန်ပြင်ဆင်နေသည်။

Waiter: 'အစ်မရေ အစ်မ ကျွန်တော်တို့ဆိုင်ပိတ်တော့မယ်ခမျ'
Wine: 'ဪ! ဟုတ်ကဲ့၊ တောင်းပန်ပါတယ်၊ ဝိုင်ထိုင်တာနည်းနည်းကြာသွားတယ်'
Waiter: 'ရပါတယ်၊ အဆင်ပြေရဲ့လား? အစ်မကိုကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ၊ ကျွန်တော် Taxi ခေါ်ပေးမယ်လေ'
Wine: 'ရပါတယ်၊ ဒီလောက်ဒုက္ခပေးမိတာပဲ အားနာလှပါပြီ၊ ဝိုင်ပြန်တော့မယ်'
Waiter: 'ဟုတ်ကဲ့အစ်မ'

ကော်ဖီဆိုင်မှထွက်လာသော်လည်း ဘယ်ကိုသွားရမှန်းမသိ။ ဆိုင်အပြင်တွက်ချထားသော ခုံပေါ်ထိုင်ရင်း တစ်စုံတစ်ရာတွေးနေစဉ် Messenger မှ Video Phone Call တစ်ခုဝင်လာသည်။

Wine: 'ဟယ်လို!'
Naymin: 'ဝိုင်ရေ ငါပါ'
Wine: 'ငါသိပါတယ်၊ ဘာကိစ္စရှိလို့လဲလို့'
Naymin: 'ဟာ...စိမ်းကားသွားလိုက်တာ ငါသွားတာ တစ်ပတ်တောင်မပြည့်သေးဘူး၊ ကိစ္စရှိမှဆက်ရမှာလားလို့'
Wine: 'မစိမ်းကားပါဘူးဟာ၊ နင်များကိစ္စတစ်ခုခုရှိမလားလို့ပါ'
Naymin: 'မရှိပါဘူး၊ ဒါနဲ့ နင်အပြင်မှာလား နည်းနည်းမှောင်ပြီးတော့ ကားသံတွေဆူညံနေတာပဲ'
Wine: 'အေး၊ ဟုတ်တယ် ။ ငါလည်း စိတ်ပြေလက်ပျောက်ဆိုပြီးထွက်လာတာပဲ ဘယ်ထွက်လာမိမှန်းကိုမသိဘူး။ စိတ်ပြေလက်ပျောက်ကနေ စိတ်ပြေလမ်းပျောက်ဖြစ်နေပြီ၊ ဒါနဲ့နေပါဦး နင်ကဘာလို့ငါ့ကို VC ခေါ်တာလဲ?'
Naymin: 'ငါ VC မခေါ်ရင် နင့်ရဲ့အဆင်ပြေပါတယ်ဆိုတဲ့ လူလိမ်စကားကြီးကိုမယုံချင်ပဲ ယုံနေရမှာလေ၊ အခုနင့်မျက်နှာမြင်တော့ နင်တကယ်အဆင်မပြေတာ ငါမြင်ရပြီပေါ့'
Wine: 'ငါအဆင်ပြေအောင်နေပါတယ်'
Naymin: 'နင့်ကိုဘယ်သူကအဆင်ပြေအောင်နေပါလို့ပြောလို့လဲ၊ အဆင်မပြေရင် မပြေတဲ့အကြောင်းပြောပေါ့၊ နင်ငါ့ကိုမှမပြောရင် ဘယ်သူ့ကိုပြောမှာလဲ၊ ဘာလဲ နင်ဒေါ်ကြီးတို့ မောင်ထူးတို့ကို ငါ့ထက်ပိုခင်သွားပြီလား'
Wine: 'ဘာတွေလျှောက်ပြောနေတာလဲဟယ်၊ နင်က ကလေးလား လိုက်တွက်ကပ်နေရအောင်'
Naymin: 'ဘယ်မှာတွက်ကပ်လို့လဲ? မသိဘူးပဲ နင်ငါ့ထက်တော့ဘယ်သူ့ကိုမှပိုမခင်ရဘူးနော်၊ ဟိုကောင်သူရိန်ကိုကြည့်မရတာ အဲ့တာကြောင့်လေ၊ သူရိန်နဲ့ နေမင်းဆိုပြီး နာမည်တူလို့ ငါကသူငယ်ချင်းလုပ်မယ်စဉ်းစားပါတယ်၊ ရာရာစစ ငါတို့ဂျပုနဲ့ တွဲရတယ်လို့၊ ပြီးတော့ ငါတို့ဂျပုကိုခံစားရအောင်လည်းလုပ်သေး'
Wine: 'ဘာလို့ သူ့အကြောင်းကပါလာရပြန်တာလဲ၊ အတိတ်ကိုအတိတ်မှာထားခဲ့ပါ သယ်မလာနဲ့'
Naymin: 'အေးပါ Sorry ၊ ငါစကားပြောမှားသွားတယ်'
Wine: 'အေး သိရင်လည်းပြီးရော ငါအိမ်ပြန်တော့မယ် ဒါပဲ၊ ဖုန်းချပြီ'
Naymin: 'ဪအေး၊ မေ့လို့ပြောစရာရှိတယ် သူရိန်လေ...သူ....ဟယ်လို ဟယ်လို ဂျပုရေ...အယ်၊ ဖုန်းချသွားပြီ၊ သူရိန်မြန်မာပြည်ပြန်ရောက်နေတယ်လို့ပြောမလို့ဟာကို မပြောလိုက်ရဘူး၊ အင်းထပ်ဆက်ရင် ဂျပုငါ့ကိုဆဲတော့မယ်၊ မသိချင်ယောင်ပဲဆောင်နေလိုက်တော့မယ်'

PoisonWhere stories live. Discover now