Unicode Version
ဧည့်ခန်းမှဆိုဖာပေါ်တွင် ဝိုင်တစ်ယောက် မှိုင်တွေတွေကြီးထိုင်နေသည်။ နေမင်းက သဘက်တစ်ထည်ကိုဝိုင့်ကိုယ်ပေါ်ခြုံပေးလိုက်ပြီး ဝိုင့်အရှေ့၌ဒူးထောက်လျှက်ထိုင်ချလိုက်သည်။
Naymin: 'ငိုချင်ရင်လည်းငိုလိုက်လေ။ ငါရှိနေပေးမယ်'
Wine: 'ငိုချင်ပေမယ့် မျက်ရည်ကျမလာဘူး။ ဒီနေရာက နာကျင်နေပေမယ့် တွေးနေတာကိုတစ်စက်ကလေးမှမရပ်နိုင်ဘူးဖြစ်နေတယ်'ဝိုင်က သူ့ရင်ဘတ်ရဲ့ဘယ်ဘက်ခြမ်းလေးကိုလက်ညှိုးထိုးပြရင်းပြောလာသောအခါ နေမင်းသက်ပြင်းချမိသည်။
Naymin: (ဟူး.......ဘယ်လိုကံတရားပါလိမ့် ဝိုင်ရယ်...။ နင့်အစားသာခံစားပေးလိုက်ချင်တော့တယ်)
'အင်္ကျီလဲမလား? ဒီအတိုင်းဆို နေမကောင်းဖြစ်လိမ့်မယ်'
Wine: 'ငါ့အင်္ကျီမှမရှိတာ...'
Naymin: 'ငါ့အင်္ကျီတော့ရှိတယ်လေ။ နင်ဝတ်လို့ရလောက်ပါတယ်'
Wine: 'အင်း...ဒါနဲ့ ဒီညငါဘယ်မှာအိပ်ရမှာလဲ?'
Naymin: 'အခန်းထဲမှာအိပ်ပေါ့။ ငါ့အိမ်မှာ အခန်း ၂ ခန်းရှိတာပဲကို။ နင်အိပ်ရမယ့်အခန်းကိုလင်းထိန်နေအောင်လုပ်ထားပြီး နှင်းဆီနံ့ Spray ဖြန်းထားပေးတယ်'
Wine: 'မထင်ထားဘူး။ အရာအားလုံးပြီးဆုံးသွားတော့ နင်တစ်ယောက်ပဲ ငါ့အနားမှာကျန်ခဲ့မယ်လို့'
Naymin: 'နင်ပြောဖူးတယ်လေ...နင်ငါ့ကို ကာကွယ်ပေးမယ်ဆိုပြီးတော့။ အဲ့ဒါကြောင့် နင့်အကာအကွယ်ကိုခံယူဖို့ ငါနင့်အနားမှာပဲနေရမှာပေါ့'
Wine: 'စိတ်ချပါ...ဒါပေမယ့် လောလောဆယ်တော့ ငါ့ကိုယ်ငါတောင်မကာကွယ်နိုင်သေးဘူး။ အကာအကွယ်မဲ့နေလို့လားတော့မသိဘူး။ ဟင်းလင်းပြင်ကြီးထဲ တစ်ယောက်တည်းလျှောက်နေရသလိုခံစားရတယ်'
Naymin: 'နင့်အနောက်မှာငါအမြဲရှိပါတယ်။ နင်ဘယ်တော့မှတစ်ယောက်တည်းမဖြစ်သွားပါဘူး။ နင်ကငါ့ကိုကာကွယ်ပေးတော့ ငါကလည်း နင့်ကိုကာကွယ်ပေးမယ်လေ'ထိုအခါ ဝိုင်ကနေမင်းကိုကြည့်ရင်း စိတ်ထဲ လုံခြုံစိတ်ချသွားရသလို ပြုံးမိလိုက်သည်။
Wine: 'နင်က ငါ့သူငယ်ချင်းကောင်းပါပဲ။ စိတ်ချ...ငါဘယ်တော့မှ နင့်ကိုမေ့မသွားဘူး'
Naymin: (သူငယ်ချင်းကောင်း!😅)
'ထားပါ...လာ! အဝတ်အစားလဲဖို့ လိုက်ပြပေးမယ်'
--------------------------------------