Unicode VersionDoctor: 'အဖွားပြန်သတိရလာမှာပါ။ ဒါပေမယ့်....'
Wine: 'ဒါပေမယ့်ဘာဖြစ်လဲ Doctor?'
Doctor: 'အဖွားအတွက် အချိန်သိပ်မကျန်တော့ဘူး'
Wine: 'ရှင်!'
အဖွားအိုရဲ့မြေး: 'ကုလို့မရတော့ဘူးလားဆရာရယ်။ ကျွန်တော်တို့ဘယ်လောက်ကုန်ကုန်ပါ။ ကျွန်တော့်အဖွားရောဂါပျောက်တဲ့အထိ ကုပေးမှာပါ'
အဖွားအိုရဲ့သမီး: 'ဟုတ်ပါတယ်ဆရာရယ်။ ဘယ်လောက်ကုန်ကုန်ပါ'
Wine: (အခုထိ ပိုက်ဆံကို ပါးစပ်ကမချသေးဘူး)
Doctor: 'နောက်ကျသွားပြီ...ကင်ဆာဆဲလ်တွေက ဦးနှောက်ထဲရောက်နေပြီ'
အဖွားအိုရဲ့သမီး: 'မဖြစ်ရဘူး။ အမေက ကျန်းကျန်းမာမာရှိနေတာပဲဟာ...သမီးတောင်းပန်ပါတယ် အမေရယ် အဟင့်...ဟင့်'ထိုအချိန်တွင်...
MHM: 'အဖွားသတိရလာပြီ!' ဟု မိုးထက်မြင့်လာသတိပေးလေသည်။ထိုအခါ ဆရာဝန်ရုံးခန်း၌ ရှိနေသော ဝိုင်အပါအဝင် အဖွားအိုရဲ့ မိသားစုများအားလုံး အဖွားဆီပြေးသွားကြတော့သည်။
အဖွားအိုရဲ့သမီး: 'အမေ! အမေသတိရလာပြီလားဟင်? သမီးတောင်းပန်ပါတယ်အမေရယ်။ သမီးကိုခွင့်လွှတ်ပေးပါ'
အဖွားအို: 'အမေ အပြစ်မယူပါဘူးသမီးရယ်။သမီးတို့ကို အမေအမြဲခွင့်လွှတ်ပြီးသားပါ'
အဖွားအိုရဲ့မြေး: 'ကျွန်တော်လည်းတောင်းပန်ပါတယ်နော် အဖွား။ အဖွားကိုဒီနေ့ကစပြီး ကျွန်တော်ဂရုစိုက်ပါ့မယ်'ထိုနောက်အဖွားအိုက ဘေးပတ်ပတ်လည်ကို လိုက်လံကြည့်ရှုရင်း တံခါးဝ၌ မျက်ရည်များနှင့်ရပ်နေသော ဝိုင့်ကိုတွေ့သွားတော့သည်။
အဖွားအို: 'မြေးမလေး! အဖွားနားလာပါဦးကွယ်'
အဖွားအိုကခေါ်တော့ ဝိုင်လည်း အဖွားဘေးနားသွားထိုင်လိုက်သည်။
Wine: 'အဖွား သက်သာရဲ့လား?'
အဖွားအို: 'သက်သာပါတယ်မြေးရယ်။ အဖွားကျေးဇူးတင်ပါတယ်နော်။ မြေးလေးသာ အဲ့ဒီနေရာမှာရှိမနေခဲ့ရင် အဖွားမိသားစုကို အဖွားနောက်ထပ် တွေ့ရမှာမဟုတ်ဘူးမြေးရဲ့'
Wine: 'အာ...အဖွားကလည်း မလိုပါဘူး။ အဲ့ဒီနေရာမှာ အဖွားမဟုတ်ပဲ တခြားတစ်ယောက်ဆိုရင်လည်း ဝိုင်ကူညီမှာပါ'
အဖွားအို: 'မြေးလေးက လူလေးကလည်းလှ၊ စိတ်ထားလေးကလည်းလှလိုက်တာကွယ်။ မြေးကိုရတဲ့သူကတော့ ကံအကောင်းဆုံးလူသားပဲ'
MHM: (ကျွန်တော်လေအဖွား...ဟီးဟီး)
အဖွားအို: 'ဟိုမှာရပ်နေတာ ဘယ်သူလဲကွဲ့'
Wine: 'ဪ! ဝိုင့်ခင်ပွန်းပါ အဖွား'
အဖွားအို: 'ဟေ! အဖွားကြည့်ချင်လို့ ဒီနားလာပါဦးကွယ်'