Unicode Version#တိုက်ကားစီးနေတဲ့အပိုင်းပြန်ရောက်ပါပြီနော်...မျက်စိလည်သွားမှာစိုးလို့
ဒေါသတကြီးနဲ့ တွေ့ရာအကုန်ဝင်တိုက်နေရင်း မျက်ရည်များလည်း ကျမလာအောင်ထိန်းနေရသည်။ နေမင်းကတော့ ဝိုင့်ကားကိုသာတကြည့်ကြည့်ဖြင့် စိတ်ပူနေသည်။ တိုက်ကားစီးရသည့်အချိန်ပြီးသည်နှင့် မျက်ရည်များဆက်မထိန်းနိုင်တော့မည်စိုးသဖြင့် ဝိုင်ကစားကွင်းအပြင်ဘက်ပြေးထွက်သွားတော့သည်။
သူရိန်က ဝိုင့်အနောက်ကိုလိုက်သွားဖို့အတွက် ပြင်ဆင်ချိန်၌ မိုးထက်မြင့်က အရှေ့ကကာ၍ တားသည်။MHM: 'ကဲ! ငါ့ညီ...မင်းတို့စုံတွဲဆက်လည်ပတ်လိုက်ကြဦးပေါ့။ ငါ့မိန်းမကို ငါပဲတာဝန်ယူလိုက်ပါ့မယ်၊ ဟုတ်ပြီနော်!'
သူရိန်: (ငါ့မိန်းမ? ဟုတ်ပါရဲ့! ဝိုင်က ငါ့မရီးဖြစ်နေပြီပဲ)
'ဟုတ်ကဲ့! ကျွန်တော်တို့လည်း ပြန်တော့မှာပါ'
Sammy: 'မိုး! ဆမ်မီ့ကိုအိမ်ပြန်ပို့ပေးမှာလား?'
MHM: 'မင်းလည်း သူရိန်တို့နဲ့လိုက်သွားလိုက်တော့! မင်းရဲ့ ချစ်လှစွာစော ညီမလေးကို စိတ်ချလက်ချ ထားခဲ့လို့တော့မရလောက်ဘူးလေ နော်!' ဆိုပြီး ရွှေစင့်ဘက်ကို "မင်းအပြစ်မင်းခံ"ဟူသောအကြည့်မျိုးနဲ့ ကြည့်သည်။MHM: 'နေမင်း...လာ! ငါတို့ဝိုင့်ကိုရှာကြမယ်'
Naymin: 'ကျွန်တော် ရုံးကဝန်ထမ်းကိုပဲ ကားလှမ်းတောင်းလိုက်ပါတော့မယ်။ မလိုက်တော့ဘူး...တော်ကြာအထင်လွဲနေပါဦးမယ်😑'
MHM: 'ပြီးရောလေ! ငါသွားရှာလိုက်ဦးမယ်'ကစားကွင်းက လူလည်းသိပ်မရှိတော့တဲ့အချိန်ဆိုတော့ ရှာဖို့အားရှိသွားသည်။ သို့သော်လည်း နာရီဝက်လောက်ကြာတဲ့အထိ ဝိုင့်အရိပ်တောင်ရှာမတွေ့ပေ။
(ဒီကလေးမ ဘယ်ရောက်နေတာလဲ? မျက်စိရှေ့မှာနေနေရင်းတောင် တစ်ခါတစ်လေ ပျောက်ပျောက်နေပါတယ်ဆို...ငါ့အဝေးကို ခဏခဏပြေးနေတယ်။ ဖုန်းလည်းမကိုင်ဘူးကွာ...။ ဝိုင်! မင်းဘယ်ရောက်နေလဲ?){Wine: 'အိမ်ပြန်မလို့ပဲ၊ ဒါပေမယ့် မပြန်ရဲလို့၊ ရှင်ထွက်လာတဲ့အထိ ဒီနားမှာစောင့်နေတာ' }
သတိရသွားသောမှတ်ဉာဏ်အပိုင်းအစကြောင့် ကားရပ်ထားရာနေရာသို့ မိုးထက်မြင့်ရောက်လာသည်။ ဝိုင်လည်း Club တုန်းကလိုပဲ ကားဘေးနားတွင် ထိုင်၍ မိုးထက်မြင့်အလာကိုထိုင်စောင့်နေသည်။