Unicode VersionMHM: 'ဟမ်! တကယ်ပဲလား?'
ULayGyi: 'ဟုတ်ပါတယ်။ ဦးမင်းလွင် မဆုံးခင် နောက်ဆုံးဖုန်းပြောတာ သမီးဖြစ်သူနဲ့ပါ။ ပြီးတော့ မဆုံးခင်ညမှာ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သမီးဖြစ်သူ မဝိုင်အတွက် အကုန်လွှဲပြောင်းခဲ့ပါတယ်။ ဦးလေးအထင် ဒီကိစ္စက မသင်္ကာစရာတွေအရမ်းများနေသလားလို့'
MHM: 'ကျွန်တော့်အမြင်ကတော့ သက်သေတွေလိုပါပဲ။ အရမ်းများသေချာမနေဘူးလားဗျာ'
ULayGyi: 'မောင်ရင် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ?'
MHM: 'ဒီထက်ပိုခိုင်လုံတဲ့ သက်သေကိုရှာရမှာပေါ့'
ULayGyi: 'ဘယ်လိုမျိုးလဲ? ဦးလေးကူညီနိုင်တာရှိရင်ပြောလေ'
MHM: 'ရပါတယ်။ ကျွန်တော့်မှာ နည်းလမ်းရှိတယ်'
------------------------------
Naymin: 'ကိုမိုးထက်မြင့်! ကျွန်တော်က ခင်ဗျားမလာတော့ဘူးထင်နေတာ'
MHM: 'မလာစရာအကြောင်းမှမရှိတာ။ ငါ့မင်္ဂလာပွဲပဲလေ'
Wine: 'သွားရအောင်လေ။ ပွဲစတော့မယ်မဟုတ်လား?'
မိုးထက်မြင့်လည်း လက်ကိုထုတ်၍ ပေးကာ ဝိုင့်လက်ကို ချိတ်စေသည်။ ထို့နောက် ဧည့်သည်များရှိရာ ခန်းမအတွင်းသို့ တစ်လှမ်းချင်းလှမ်း၍ ဝင်လာတော့သည်။ သတို့သမီးရဲ့လှပမှုကြောင့် တစ်စုံတစ်ယောက်ကတော့ ဆွံ့အလျှက် အကြည့်မလွှဲနိုင်ဖြစ်နေသည်။
ShweSin: 'ကို! ရေခဲမုန့်စားဦးမလားလို့! မေးနေတာဖြေလည်းမဖြေဘူး'
သူရိန်: 'ဪ! အင်း! စားမယ်လေ'
ShweSin: 'အင်း! ဒါဆို ရွှေစင်သွားယူပေးမယ်နော်'
သူရိန်: (ကို ပုံဖော်ထားတဲ့အတိုင်း အဖြူရောင် ဝတ်စုံနဲ့ မင်းနဲ့က အရမ်းကိုလိုက်ဖက်လွန်းနေတယ်။ ကိုပုံဖော်ထားတဲ့အတိုင်း မင်းအပြုံးတွေကလည်း ဝတ်စုံလိုပဲ လှပနေတယ်။ ဒါပေမယ့် မင်းဘေးကလူကတော့ ကိုပုံဖော်ထားသလို ကို မဟုတ်ဘူးကွာ...)ဝိုင့်ရဲ့အလှက ခန်းမရဲ့အလယ်မှာ ပေါ်လွင်လွန်းလှသည်။ ဘေးနားက သတို့သားတောင် တစ်ချက်တစ်ချက် အသက်ရှူရပ်သွားရသည်။ မိုးထက်မြင့် ဝိုင့်ကိုကြည့်နေရာမှ ဝိုင်နှင့် ခပ်တန်းတန်းတွင်ထိုင်နေသော သူရိန့်ဆီ မျက်စိရောက်မိသည်။
MHM: (ဒီကောင်က ဝိုင့်ကို ဘယ်လိုကြည့်နေတာလဲ? မုန်းတယ်လည်းပြောသေးတယ်၊ သူ့အကြည့်တွေမှာ မုန်းတယ်လို့လည်း မမြင်ရပါလား။ ဘာဖြစ်ဖြစ် ကိုယ့်မရီးဖြစ်မယ့်လူကို အဲ့လိုတော့မကြည့်သင့်ပါဘူး။ ဧည့်သည်တွေရှိနေလို့ပေါ့ကွာ...)