Unicode Versionရုံးဝန်ထမ်းများ
['ဟဲ့! ဝိုင်နဲ့ သူဌေးနဲ့က အတူတူလာကြတာလားမသိဘူးနော်။ အမြဲနောက်ကျတာတူနေလို့'
'ဒါကအသာထားပါဦး။ ဟိုတစ်ယောက်လေ....ဝိုင်နေမကောင်းဖြစ်တုန်းက ရောက်လာတဲ့တစ်ယောက်...နာမည်မေ့နေလို့'
'SUNက သူဌေးကိုပြောတာလား?'
'အေးဟုတ်တယ်။ အဲ့သူဌေးက ဝိုင့်အပေါ်တော်တော်လေး ဂရုစိုက်တယ်နော်။ ငါ့ရဲ့ အတွေ့အကြုံတွေအရပြောရရင် ဝိုင့်ကိုကြိုက်နေတာလားမသိဘူး အဟိ'
'ငါကတော့ ငါတို့သူဌေးနဲ့ပို မသင်္ကာဘူး။ သူဌေးနဲ့ ဝိုင်ရဲ့ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပုံတွေက မရိုးသားဘူးလို့မြင်တယ်'
'ငါကတော့ သူဌေးနေမင်းပဲ၊ တစ်ပြားမှမလျှော့နိုင်ဘူး'
'အဲ့သူဌေးနဲ့သာဆိုရင် ဝိုင်ပျော်ရမှာဟ။ ဟိုနေ့ကအဖြစ်ကိုပဲကြည့်လေ၊ ဝိုင်ဘာဖြစ်နေလဲဆိုတာတန်းသိပြီး...ဘာလိုအပ်လဲ တန်းဖြည့်ဆည်းပေးတတ်တာ။ ငါသာဆိုရင် သူဌေးနေမင်းပဲရွေးမှာ'
'ဟုတ်တယ်၊ ငါရော...ဒီနေ့ကစပြီး ဝိုင့်ကို သူဌေးနေမင်းနဲ့ပဲ Ship တော့မှာ']ဝန်ထမ်းများဝိုင့်အကြောင်းပြောရင်း ပတ်ဝန်းကျင်သတိမထားမိလိုက်သောကြောင့် ၎င်းတို့အား ဝါးစားမတတ်ကြည့်နေသော ဒေါသမျက်လုံးတစ်စုံကို သတိမထားမိကြချေ။
(ဘာ! ဟိုကောင်နဲ့ပိုသဘောတူနေတယ်ပေါ့လေ။ မပြောလိုက်ချင်ဘူး...ဝိုင့်ယောက်ျားက ငါဟ ငါ!)MHM: 'အလုပ်ချိန်မှာ ဘာအကြောင်းတွေပြောနေကြတာလဲ? ဘာတွေက အလုပ်ထက်စိတ်ဝင်စားဖို့ကောင်းနေကြတာလဲ? ဟမ်! အဲ့လောက်အားယားနေရင် အလုပ်ပါ လာမနေပါနဲ့တော့လား'
ဝန်ထမ်းများ: 'တောင်းပန်ပါတယ်သူဌေး! အခုပဲအလုပ် စ လုပ်ပါတော့မယ်'
MHM: 'ဝိုင်ရော? မလာသေးဘူးလား?'
ဝန်ထမ်း: 'ဟုတ်။ ဝိုင်ဒီနေ့ နည်းနည်းနောက်ကျနေတယ်'
MHM: 'ဘာနည်းနည်းလဲ? ရုံးတက်ချိန် ၉ နာရီကို အခုပဲ ၉ နာရီခွဲနေပြီ။ သူဌေးတောင်ရောက်နေပြီ၊ သူက သူဌေးနဲ့ခြေရာတိုင်းနေတာလား? ရောက်ရင် ငါ့ရုံးခန်းလွှတ်လိုက်'
ဝန်ထမ်း: 'ဟုတ်ကဲ့'
MHM: (အခုထိရောက်မလာသေးဘူး။ ပြောတော့ခဏလေးပါဆိုပြီးတော့🙁){Wine: 'ကိုမိုးထက်မြင့်! ကျွန်မဒီနေ့ နေမင်းကိုပဲရုံးလိုက်ပို့ခိုင်းလိုက်တော့မယ်။ ဝင်စရာလေးရှိလို့'
MHM: 'ကြာမှာလား?'
Wine: 'ခဏပါပဲ...ရုံးရောက်မှတွေ့မယ်နော်! သွားပြီ...'}
---------------------------