Unicode Version
HN: 'ဝိုင်! သူဌေးခေါ်နေတယ်'
Wine: 'ဟုတ်ကဲ့'ဝိုင်လည်း အပြီးသတ်ထားသော စာရင်းဖိုင်တစ်ခုကိုယူကာ မိုးထက်မြင့်ရုံးခန်းထဲဝင်သွားပြီး စားပွဲပေါ်တင်ပေးလိုက်သည်။
MHM: 'ဘာကြီးလဲ?'
Wine: 'စာရင်းလေ'
MHM: 'ဘယ်သူကတောင်းလို့လဲ?'
Wine: 'ရှင်ကျွန်မကိုခိုင်းထားတဲ့ဟာလေ။ ရှင်ခေါ်တာ အဲ့ဒါတောင်းတာမဟုတ်ဘူးလား?'
MHM: 'မတောင်းပါဘူး'
Wine: 'ဒါဆိုဘာလုပ်ဖို့ခေါ်တာလဲ?'
MHM: 'တွေ့ရအောင်ခေါ်တာလေ🙄'ဝိုင်လည်း မိုးထက်မြင့်စကားကြားပြီး ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
Wine: 'သူဌေးဖြစ်ပြီး အရှက်ကိုမရှိဘူး'
MHM: 'ဘယ်မှာအရှက်မရှိလို့လဲ? မင်းပဲပြောသွားတာလေ ရုံးရောက်မှတွေ့မယ်ဆို? အဲ့ဒါကြောင့် ရုံးရောက်တုန်းတွေ့ရအောင်ခေါ်လိုက်တာ🙄'
Wine: 'အာ...ကျွန်မပြောတာ ဒီလိုမှမဟုတ်တာ။ ရှင့်ဦးနှောက်ကိုတော့လေးစားတယ် တကယ်ပဲ...😪'ထိုနောက် မိုးထက်မြင့် လက်မှာပတ်ထားတဲ့နာရီကိုတစ်ချက်ငုံ့ကြည့်ကာ ပြုံးသွားသည်။
MHM: (စီစဉ်ထားတာတွေ အကောင်အထည်ဖော်ချိန်ရောက်ပြီ)
'နေ့လည်စာစားချိန်ရောက်ပြီပဲ...သွားကြမယ်'
Wine: 'ဘယ်ကိုလဲ?'
MHM: 'နေ့လည်စာသွားစားမယ်လေ'
Wine: 'ဒီနေ့ရှင့်ဘာသာပဲသွားစားတော့။ ကျွန်မ နှင်းနုတို့နဲ့အတူတူသွားစားဖို့ချိန်းထားပြီးပြီ'
MHM: 'မဖြစ်ဘူး!'
Wine: 'ဟင်! ဘာလို့လဲ?'
MHM: (ဒီအနှောင့်အယှက်တွေကတစ်မျိုး...😑)
'နှင်းနုနဲ့က နောက်နေ့ထပ်ချိန်းလိုက်ပါလား။ ဒီနေ့တော့ ငါနဲ့ပဲလိုက်ခဲ့ပါ'
Wine: 'မရဘူး။ ကျွန်မက စကားတည်တတ်တဲ့လူမျိုးပါနော်။ အဲ့လိုအခုတစ်မျိုးတော်ကြာတစ်မျိုးက ကျွန်မ စတိုင်မဟုတ်ဘူး'
MHM: ('ကိုမိုးထက်မြင့်! ဝိုင့်ကိုထားမသွားပါနဲ့')😂
'တကယ်ပဲ စကားတည်တတ်တဲ့လူမျိုးလား? သေချာစဉ်းစားပါဦး☺️'
Wine: (ထပ်ပြုံးပြန်ပြီ။ အဲ့အပြုံးကြီးနဲ့သတိပေးမနေနဲ့ မှတ်မိတယ်😣)
'တကယ်ပေါ့...'
MHM: 'Okလေ! စီစဉ်ပေးမယ်'ထို့နောက်မိုးထက်မြင့်လည်း ရုံးခန်းမှထွက်သွားသည်။ ဝိုင်ကတော့ နားမလည်နိုင်စွာဖြင့် မိုးထက်မြင့်အနောက်ကိုလိုက်ထွက်သွားသည်။