Ep-18

686 30 0
                                    


Unicode Version

Nwe: 'မိုးထက်မြင့်!'
နွယ် စိတ်ဆိုးဒေါသထွက်နေဟန်ပေါ်သည်။ မခေါ်စဖူး ဒေါသသံဖြင့် မိမိနာမည်အားခေါ်သောကြောင့် တွန့်သွားရသည်။
MHM: 'ဗျာ!'
Nwe: 'နင်ဘာတွေလုပ်နေတာလဲ?'
MHM: 'ဗျာ? ကျွန်တော်ဘာလုပ်မိလို့လဲ မမ?'
Nwe: 'ဘာလုပ်မိလို့လဲ? ဟုတ်လား? အခုနင်ယူမယ်ဆိုပြီးလုပ်နေတဲ့ မိန်းကလေးက သူရိန့် ကောင်မလေးဆို?'
MHM: 'ဟာ...မဟုတ်ပါဘူး။ မမကိုဘယ်သူပြောလဲ?'
Nwe: 'ဘယ်သူပြောပြောပါ။ သူရိန့်ကောင်မလေးလို့ ကြားတာပဲ ငါကတော့။ ဟုတ်လား၊ မဟုတ်ဘူးလားပဲပြော'
MHM: 'မဟုတ်ပါဘူးမမရာ။ အဲ့ဒါက အရင်ကပါ။ အခုသူတို့ ဘာမှမပက်သက်တော့ပါဘူး'
Nwe: 'နင်ပြောပုံအရဆို အရင်ကပက်သက်ခဲ့ကြဖူးတယ်ပေါ့ ?သူတို့က'
MHM: 'ဟုတ် ။ ချစ်သူတွေဖြစ်ခဲ့ကြဖူးတယ်'
Nwe: 'အဲ့ဒါပဲလေ။ ဒီလိုဆက်ဆံရေးမျိုးရှိခဲ့ဖူးတဲ့သူတွေက လုံးဝမပက်သက်တော့ဘူးဆိုတာကို နင်မို့လို့ယုံတယ်'
MHM: 'ပြန်ပက်သက်နိုင်ချေရှိလို့လား မမရဲ့?'
Nwe: 'နင်ပဲစဉ်းစားကြည့်လေ၊ သူရိန်က ရုပ်ကလည်းချောတယ် ၊ တက္ကသိုလ်မှာလည်း King ရထားသေး၊ အရပ်ကလည်းအရှည်ကြီး ၊ အသားလေးကလည်းဖြူသေး၊ ပြီးတော့ သူ့နားမှာကောင်မလေးတွေကအမြဲ ဝိုင်းဝိုင်းလည်နေတာ။ ငါသာဆို ပြန်ပက်သက်မိမှာပဲ'
MHM: 'ဝိုင်က မမ မှ မဟုတ်တာ'
Nwe: 'ဘာပြောတယ်?'
MHM: 'ဪ! မဟုတ်ပါဘူး။ ဝိုင်က အဲ့လိုမိန်းကလေးဖြစ်မယ်မထင်ပါဘူးလို့'
Nwe: 'နင်ကဘာအကြောင်းတွေကြောင့် အဲ့မိန်းကလေးကို အရမ်းတွေ ယုံကြည်နေလဲတော့ငါမသိဘူး။ ငါသိတာတစ်ခုက အဲ့မိန်းကလေးကြောင့်နဲ့တော့ နင်တို့ညီအစ်ကိုကြားက ဆက်ဆံရေးပျက်ပြားတော့မယ်ဆိုတာပဲ'
MHM: 'အာ! ဘာဆိုင်လို့လဲ မမရယ်။ ဝိုင်က ဝိုင်၊ သူရိန်က သူရိန်လေ ၊ တစ်ကန့်စီ'
Nwe: 'အေး! နင်ကတော့ တစ်ကန့်စီခွဲနိုင်တာပေါ့။ သူတို့နှစ်ယောက်ကရော ခွဲနိုင်ပါ့မလားဆိုတာ ....'
နွယ့်စကားကြောင့် မိုးထက်မြင့် အနည်းငယ် ဇဝေဇဝါဖြစ်လာသည်။
( ဝိုင်ရော သူရိန့်ကိုတကယ် မေ့နိုင်ရဲ့လား? တစ်ယောက်တည်းတွဲဖူးပြီး ရည်းစားထပ်မထားဖူးဘူးလို့ပြောတယ်။ သူရိန့်ကို မမေ့နိုင်လို့များလား? ) သံသယအတွေးများဖြင့် နယ်ချဲ့နေတုန်း
🎶🎵..........Ringtone
တစ်ခါမျှ မိမိထံမဝင်ဖူးသော အဝင်ကောလ်တစ်ခုအား အံ့အားသင့်စွာတွေ့လိုက်ရသည်။ စပြီး ပက်သက်ခဲ့စဉ်ကာလကတည်းက မိုးထက်မြင့်ဘက်ကသာ စ၍ ဆက်သွယ်ခဲ့ရသည်။ မိမိဆက်သွယ်ခိုင်း၍ ဝိုင်ဘက်မှ တစ်ခါဆက်သွယ်ဖူးသော်လည်း ဟမ်းဖုန်းနှင့်မဟုတ်ပဲ အိမ်ဖုန်းဖြင့်သာဆက်သွယ်ခဲ့သည်။
MHM: 'ဟယ်လို'
Wine: 'အင်း! ကိုမိုးထက်မြင့်၊ ကျွန်မပါ'
MHM: 'အင်း! ဝိုင် ဘာကိစ္စရှိလို့လဲ?'
Wine: 'မနက်ဖြန် မင်္ဂလာဝတ်စုံသွားရွေးဖို့လေ၊ အဲ့ဒါ ၊ ရှင်အားမလားလို့ပါ'
ဝိုင်အား အဖြေမပေးခင်တွင် နွယ်ပြောသွားသောစကားများအား ပြန်ကြားယောင်လာသည်။
{နင်ကတော့ တစ်ကန့်စီခွဲနိုင်တာပေါ့။ သူတို့နှစ်ယောက်ကရော ခွဲနိုင်ပါ့မလားဆိုတာ ....'}
MHM: 'ကို မအားဘူး'
Wine: 'အင်း။ ဒါဆို နောက်နေ့ရော?'
MHM: 'နောက်နေ့လည်းမအားဘူး။ စိတ်မရှိရင် မင်းတစ်ယောက်ယောက်ကိုခေါ်သွားလိုက်ပါလား။ ကိုတကယ် အလုပ်တွေများနေလို့ပါ'
Wine: 'ဒီမှာ! ကျွန်မနဲ့ယူမှာ ရှင်လေ။ ကျွန်မက ဘယ်သူ့ကိုခေါ်သွားရမှာလဲ?'
MHM: 'ကို တကယ်မအားလို့ပါ'
Wine: 'ထားပါတော့။ မအားလည်းမတတ်နိုင်ဘူးပေါ့။ ကိုယ့်ဘာသာသွားမယ်။ အခုလည်းလာခေါ်တယ်ဆိုတာ ဒီဇိုင်နာက ရှင့်ဝတ်စုံရော ရမယ်လို့ပြောလို့။ ရတယ် ရှင့်ဝတ်စုံ ရှင့်ရုံးကိုပို့ခိုင်းလိုက်မယ်'
MHM: 'အင်း! ကျေးဇူးတင်ပါတယ်။ နားလည်ပေးလို့'
Wine: 'ရပါတယ် မလိုပါဘူး။ ဒါပဲနော်' မိမိအရင် မိုးထက်မြင့်ထက်ဦးအောင် ဖုန်းကိုချလိုက်သည်။ ဖုန်းချပြီးသည်နှင့်တစ်ပြိုင်နက် အလိုမကျမှုများကြီးဆိုးလာသည်။ ဝိုင်သည် ငယ်စဉ်ကတည်းက နည်းနည်းမျှ သေးသေးတင်ခံတတ်သူမဟုတ်။ အခုလည်း မိုးထက်မြင့်အား မိမိနှင့်အတူလိုက်စေချင်သောကြောင့် တကူတကဖုန်းဆက်ခေါ်သော်လည်း အငြင်းခံလိုက်ရ၍ စိတ်တိုကာ ပြောမိပြောရာပြောပြီး ဖုန်းချခဲ့ခြင်းဖြစ်သည်။
( ရှင်မလိုက်လည်းနေပေါ့။ ကျွန်မဘာသာသွားမယ်။ တခြားလူခေါ်သွား? ဟုတ်လား? ဘယ်သူမှမလိုဘူး။ မွေးတည်းက တစ်ယောက်တည်းမွေးလာတာ။ ဒါနဲ့ ငါဒီလိုပြောလို့ သူ စိတ်မခုသွားလောက်ပါဘူးနော်! မသိဘူးဟာ။ သူဘာလို့ ငါ့ကိုငြင်းလဲ။ မသိတော့ဘူးဟာ... အိပ်တာပဲကောင်းတယ်)

PoisonWhere stories live. Discover now