Ep-111

364 22 0
                                    

Unicode Version

Wine: 'မထူးတော့ဘူး...ရောက်နေတာကလည်း ဟိုတယ်ဆိုတော့ အခန်းတစ်ခန်းငှားပေးမယ်။ ဒီမှာပဲအိပ်လိုက်တော့'

ထိုအခါ မိုးထက်မြင့်လည်း မိမိခွင်ထဲတန်းဝင်သွားပြီ ဆိုသော အပြုံးဖြင့် ဝိုင့်စကားကိုလက်ခံလိုက်တော့သည်။ အခန်းထဲရောက်တော့ ဝိုင်က မိုးထက်မြင့်ကို ကုတင်ပေါ်တွဲတင်ပေးကာ စောင်ခြုံပေးသည်။ ထိုနောက် ထွက်သွားတော့မည်ပြင်သောအခါ မိုးထက်မြင့်က ဝိုင့်လက်ကိုဆွဲထားပြန်သည်။

Wine: 'ဘာဖြစ်ပြန်ပြီလဲ?'
MHM: 'ခဏလောက်ရှိနေပေးပါလား။ ကိုအိပ်သွားတဲ့အချိန်ထိပဲလေ'
Wine: 'ရှင်ကဘယ်အချိန်အိပ်မှာလဲ?'
MHM: 'မသိဘူး။ ဒါပေမယ့် မင်းရှိနေရင်တော့ ကိုစိတ်ချလက်ချ အိပ်ပျော်မှာပါ'
Wine: (ဒီလူပုံစံကြည့်ရတာ မအိပ်မစားပဲနေသလိုပဲ၊ လူလည်းပိန်သွားတယ်။ မျက်နှာလည်းချောင်သွားတယ်။ ခဏလောက်ထပ်နေပေးလိုက်တော့လည်း ဘာမှမဖြစ်ပါဘူးလေ)
'ဒါဆို လက်လွှတ်။ ကျွန်မရှင့်အတွက် ရေပတ်ဝတ်သွားယူလိုက်ဦးမယ်'
MHM: 'တကယ်ထွက်မသွားဘူး မဟုတ်လား?'
Wine: 'ထွက်မသွားပါဘူးဆိုနေ၊ လွှတ်မှာသာလွှတ်ပါ'

ဝိုင်ကစကားတည်တတ်သူဖြစ်တာမို့ ဝိုင့်စကားကိုယုံကြည်ပြီး လွှတ်ပေးလိုက်သည်။

MHM: (မဖြစ်ဘူး၊ မင်းဒီညအိပ်ပျော်လို့မဖြစ်ဘူး)

အိပ်ငိုက်လာလိုက် ၊ ကိုယ့်ပါးကိုယ်ဖြောင်းခနဲမြည်အောင် ချလိုက်ဖြင့် တစ်ယောက်တည်း အလုပ်တွေရှုပ်နေသည်။ ဝိုင်ပြန်လာတော့ ဘာမှမဖြစ်သလိုပုံစံဖြင့် ငြိမ်နေလိုက်သည်။

Wine: 'ဟယ်...ကိုမိုးထက်မြင့် ပါးတွေနီရဲနေတာပဲ။ အဲ့လောက်တောင်ဖျားနေတာလား?'

အနားနားကပ်ကာ ကိုယ်စမ်းကြည့်တော့ ခုဏကအတိုင်းပူကျစ်နေသေးသည်။

Wine: 'ကိုယ်ပူမကျသေးဘူးပဲ။ မဖြစ်ဘူး ဆေးသောက်မှဖြစ်မယ်။ ရှင့်မှာသောက်နေကျဆေးတို့ဘာတို့ရှိလား?'
MHM: 'မင်းကကို့ကိုရူးနေတယ်များထင်နေလား? သောက်နေကျဆေးရှိရအောင်🙁'
Wine: 'ရှင်ပြောပုံက ကျွန်မကရော အရူးလား?🙁'
MHM: (ဟုတ်သားပဲ! မေ့သွားတယ်😐)
'ကဲပါ! ကို့ကိုဆေးသာပေးပါ။ နေရတာ တကယ်မသက်သာဘူး'
Wine: 'ခေါင်းကိုက်လား? နှာစေးချင်သလိုဖြစ်လား? ချောင်းတော့မဆိုးသေးဘူး။ လည်ချောင်းရော နာချင်သလိုဖြစ်နေလား? ကိုယ်တွေလက်တွေရော ကိုက်လား?'
MHM: 'မင်းကလေ နေမကောင်းတဲ့လူကိုမေးနေလိုက်တာ ဆရာဝန်မကျနေတာပဲ။ အဲ့ဒါတွေမေးပြီးဘာလုပ်မလို့လဲ?'
Wine: 'ရှင်ဖြစ်တာကိုသိမှ ဆေးပေးလို့ရမှာပေါ့'
MHM: 'မင်းမှာအဲ့ဒါတွေအတွက် ဆေးတွေအကုန်ရှိတာလား?'
Wine: 'ဒါပေါ့။ ကျွန်မအမြဲဆောင်ထားတာ။ ကျွန်မက နည်းနည်းအေးတာနဲ့ဖျားတတ်လို့'

PoisonWhere stories live. Discover now