Ep-128

406 16 2
                                    


Unicode Version

ဦးကြည်: 'အဲ့ဒီနေ့က မီးထဲကို သူဌေးဝင်ပြေးသွားတာကို စိတ်မချလို့ ကျွန်တော်ပါလိုက်သွားတယ်။ အဲ့ဒီမှာ ဦးမိုးဟိန်းရယ် ဦးသတိုးရယ် သူဌေးရယ် သုံးယောက် စကားပြောနေတာကို ကျွန်တော်ကြားခဲ့တယ်...

{ဦးမင်းလွင်: 'မိုးဟိန်း!...'

သူဌေးဝင်သွားတော့ ဦးသတိုးက ဦးမိုးဟိန်းလည်ပင်းကို ဓားနဲ့ထောက်ထားတာကိုတွေ့ရတယ်။

ဦးမင်းလွင်: 'သတိုး! မင်းဘာသဘောလဲ? မိုးဟိန်းကိုလွှတ်လိုက်!'
ဦးသတိုး: 'ငါက မတွေ့ရတာကြာတဲ့သူငယ်ချင်းတွေကိုလာတွေ့တာလေ! ဘာလို့ဒီလောက်စိတ်တိုနေကြတာလဲ?'
ဦးမိုးဟိန်း: 'မင်းလွင်! မင်းသွားတော့​! ငါတစ်ယောက်တည်းနဲ့တင်အဆင်ပြေတယ်။ ဒီမီးကိုလည်း ဒီကောင်သတိုးရှို့တာ!သူ့ရည်ရွယ်ချက်က ငါ့စက်ရုံကိုလိုချင်လို့ခြောက်ရုံပဲ။ သူတကယ်လူမသတ်ရဲဘူး'
ဦးမင်းလွင်: 'ဒီမီးကိုရှို့ရလောက်တဲ့အထိ မိုက်ရူးရဲဆန်တဲ့ကောင်က လူမသတ်ရဲဘူးတဲ့လား? ငါမသွားဘူး!'
ဦးသတိုး: 'အမ်မလေး! ငါမရှိတဲ့အချိန်အတွင်း သူငယ်ချင်းသံယောဇဉ်တွေအတော်လေး တိုးသွားပုံပါပဲ🙄။ မင်းတို့ဘယ်လောက်ထိ ချစ်နေနိုင်ကြမလဲတွေ့ကြသေးတာပေါ့'

အဲ့လိုနဲ့ ဦးသတိုးက ဦးမိုးဟိန်းရဲ့လက်ထဲကို ဓားထည့်ပေးလိုက်တယ်။

ဦးသတိုး: 'တော်ပြီ! ဆက်မနောက်တော့ဘူး။နေစမ်းပါဦး မင်းတို့နဲ့ပေါင်းလာတဲ့ အနှစ် ၂၀ကျော်ကာလအတွင်း ငါ့အကြောင်းကောင်းကောင်းမသိဘူးပဲ!'
ဦးမင်းလွင်: 'သိလို့ပဲ တမင်နေနေတာလေ! မင်းရှို့ထားတဲ့မီး မင်းပြန်ငြိမ်းဦး!😐'
ဦးသတိုး: 'အေး ပစ္စည်းမထည့်ထားတဲ့ ဂိုဒေါင်မို့ရှို့လိုက်တာ ဒီလောက်မီးစွဲလိမ့်မယ်မထင်ထားဘူး။ ခဏလေး ငါ့တပည့်တွေခေါ်ပြီး ငြိမ်းလိုက်ဦးမယ်'

အဲ့လိုနဲ့ ဦးမိုးဟိန်းခေါင်းပေါ်ကို မီးကျွမ်းနေတဲ့သစ်သားတစ်ချောင်းကျလာကာနီးမှာ ဦးသတိုးက ဦးမိုးဟိန်းကို တွန်းထုတ်လိုက်တယ်။ အဲ့ဒီမှာ ဦးမိုးဟိန်းရဲ့ လက်ထဲကဓားက သူဌေးကိုထိုးမိသွားတော့တာပဲ။ အဲ့ဒီမှာပဲ ဦးသတိုးလည်း မီးငြိမ်းဖို့ကိုမေ့ပြီး သူဌေးဆီပြေးလာတော့တာပဲ။

PoisonWhere stories live. Discover now