Ep-32

556 29 0
                                    


Unicode Version

🎶🎵...............Ringtone
Wine: 'ဟယ်လို!'
Naymin: 'ဝိုင်ရေ ငါခြံရှေ့ရောက်နေပြီ'
Wine: 'ဘယ်ခြံလဲ?'
Naymin: 'ဘယ်ခြံရမှာလဲ၊ မိုးထက်မြင့်ခြံပေါ့'
Wine: 'အာ! ငါအိမ်မှာမဟုတ်ဘူး၊ ကုမ္ပဏီမှာဟ'
Naymin: 'ကုမ္ပဏီ? ဘယ်ကုမ္ပဏီလဲ? နင်အလုပ်လုပ်နေတာလား?'
Wine: 'အေး! ငါ Rain Drop co.ltd မှာ အလုပ်သင်လုပ်နေတာ။ ဟဲ့ အထက်လူကြီးလာပြီ၊ ဒါပဲနော်'
Naymin: 'RainDrop တဲ့၊ ကြားဖူးသလိုပဲ။ Mark! RainDrop co.ltd ကိုကြားဖူးလား?'
Mark: 'ဆရာရယ်၊ မေ့တတ်လိုက်တာ။ RainDrop သူဌေးက ကျွန်တော်တို့ကုမ္ပဏီရဲ့ ရှယ်ယာ ၂၅% ပိုင်ဆိုင်ထားတဲ့ ရှယ်ယာရှင်ပဲလေ။ နာမည်ကဘာတဲ့၊ နေပါဦး..........................ဪ! ဦးမိုးဟိန်းဆိုတာလေ'
Naymin: 'ဦးမိုးဟိန်း၊ ဦးမိုးဟိန်း...သူ့ကိုလည်းကြားဖူးနေတယ်'
Mark: 'ကြားဖူးမှာပေါ့ ရှယ်ယာရှင်ပါဆို'
Naymin: 'အာ! မဟုတ်ဘူး။ အဲ့ဒါ မိုးထက်မြင့်ရဲ့အဖေပဲ'
Mark: 'ဆရာတို့ကတော့မမှတ်မိတော့လည်း မမှတ်မိလို့၊ မှတ်မိတော့လည်း သားနာမည်အထိမှတ်မိတယ်၊ ကျွန်တော်တောင်မသိဘူး'
Naymin: 'မင်းကလေ လျှာကိုရှည်တည်။ သွားမယ် RainDrop ကို'
Mark: 'အခုလား?'
Naymin: 'အခုပေါ့'
Mark: 'နေ့လည်စာအရင်စားကြရအောင်လေ၊ ကျွန်တော်ဗိုက်ဆာ...အဲ! ဆရာဗိုက်မဆာဘူးလားလို့'
Naymin: 'ဟုတ်သားပဲ၊ နေ့လည်စာအချိန်တောင်နီးနေပြီ။ အဲ့ရောက်မှပဲ စားတော့မယ်'
Mark: 'ဟုတ်၊ ဟုတ်'
-------------------------------
ဝိုင်ကအလုပ်သင်ဆိုသောကြောင့် အောက်ခြေကအစ အကုန်လုပ်ပေးရသည်။ အထက်လူကြီးက လက်တိုလက်တောင်းခိုင်းသမျှလည်း လုပ်ပေးရသည်။ ဒီကြားထဲ သူဌေးကိုယ်တိုင်ခန့်ထားသော အလုပ်သင်ဖြစ်သဖြင့် အတင်းကလည်းအပြောခံရသည်။
{'ဟဲ့! သူက သူဌေးခန့်ထားတဲ့အလုပ်သင်ဟ'
'အေး ငါလည်းကြားတယ်။ သူကဘွဲ့တောင်မရသေးဘူးဆိုလားပဲ'
'အေး! ဘာအကြောင်းတွေကြောင့် အခန့်ခံရလည်းမသိပါဘူးဟယ်'
'ဘာအကြောင်းကမှာလဲ၊ အလုပ်ရဖို့အတွ​က် ဘာမဆိုပေးချင်ကမ်းချင်တဲ့ လူမျိုးတွေ တွေ့နေကျပဲလေ၊ သူလည်း အဲ့လိုပဲနေမှာပေါ့'}
တည့်တိုးလည်း မထိတထိအလှောင်ခံရသည်။
စမ်းရေကြည်: 'ဝိုင်က သူဌေးကိုယ်တိုင်ခန့်ထားခံရတဲ့ အလုပ်သင်လေးနော်၊ ပြောပြစမ်းပါဦး ဒီအလုပ်ရအောင် ဘာတွေပေးဆပ်ရလဲဆိုတာ'
Wine: 'ဘာမှမပေးဆပ်ရပါဘူး။ တောင်းဆိုမှုလေးတစ်ခုပဲလုပ်လိုက်တာပါ'
စမ်းရေကြည်: 'ထင်တဲ့အတိုင်းပဲ၊ တစ်ခုခုတော့ပေးဆပ်ခဲ့တယ်ပေါ့'
Wine: 'ဘာမှမပေးပါဘူး။ ပေးချင်းပေး သူကတောင်ပေးဆပ်တယ်ဖြစ်ရမှာ'
စမ်းရည်ကြည်: 'ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ မင်းနဲ့ဆို သူဌေးကပေးဆပ်ရတာပဲဖြစ်ရမှာပေါ့'
Wine: 'ဘာပြောချင်တာလဲ?'
စမ်းရည်ကြည်: 'ဘာမှမဟုတ်ပါဘူး၊ ငါတို့ကအစိုးရိမ်လွန်နေတာနေမှာပါ။ သူဌေးလိုလူမျိုးက မင်းကိုကြိုက်မှာမဟုတ်ပါဘူး'
Wine: 'ဒါဆိုပြောစမ်းပါဦး။ သူဌေးလိုလူမျိုးက ဘယ်သူ့ကိုကြိုက်လဲဆိုတာ'
စမ်းရေကြည်: 'မမရိုစီလိုလူမျိုးကိုပဲကြိုက်မှာပေါ့'
Wine: 'ဘာ!'
စမ်းရေကြည်: 'ဘာလို့အော်တာလဲ?'
Wine: 'ပြောစမ်းပါဦး၊ အဲ့ရိုစီက ဘယ်သူလဲ? ဘယ်ကလဲ?'
စမ်းရေကြည်: 'ဟားဟား...မသိရင်မှတ်ထားလိုက်ဦး၊ မမရိုစီဆိုတာ သူဌေးရဲ့ အတွင်းရေးမှူး'
ဝိုင်လည်း မသိစိတ်ကဒေါသကို အသိစိတ်နဲ့မထိန်းနိုင်တော့ပဲ မိုးထက်မြင့်ရုံးခန်းထဲကို ဝင်လာခဲ့သည်။ ဖြစ်ချင်တော့ အတွင်းရေးမှူးရိုစီကလည်း မိုးထက်မြင့်ဘေးနားရပ်လျှက် စာရင်းဇယားများ ကူရှင်းပေးနေသည်။
MHM: 'မင်း ရုံးခန်းထဲဝင်ရင် တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား?'
Rosy: 'ဟုတ်တယ်။ မင်းဘယ်ဌာနကလဲ? နေပါဦး ကတ်အပြာနဲ့ဆိုတော့ အလုပ်သင်မဟုတ်လား? အလုပ်သင်တစ်ယောက်က သူဌေးရုံးခန်းထဲကို လာချင်တိုင်းလာလို့ရရောလား?'
ဝိုင့်ကိုဆူပူနေသဖြင့် မိုးထက်မြင့် မျက်နှာပျက်သွားကာ...
MHM: 'ရိုစီ! အပြင်ခဏထွက်ပေး။ သူ့မှာပြောစရာရှိပုံပဲ'
သူဌေးကိုယ်တိုင်ပြောသဖြင့် ဘာမှအထွန့်တက်မနေတော့ပဲ ရိုစီလည်း ရုံးခန်းမှထွက်လာခဲ့သည်။

PoisonWhere stories live. Discover now