Ep10

890 36 0
                                    


Unicode Version

၂ နာရီအကြာ Taxi စီးပြီးနောက် အိမ်သို့ပြန်ရောက်လာခဲ့သည်။

Wine: 'ဒေါ်ကြီးရေ ဝိုင် ပြန်လာပြီ'
Dawgyi: 'မမလေးပြန်လာပြီလား၊ နောက်ကျလိုက်တာမမလေးရယ် ဒေါ်ကြီးက စိတ်တွေပူနေတာ၊ ဘာစားပြီးပြီလဲ မမလေး၊ ဒေါ်ကြီး မမလေးအကြိုက်ကြက်သားဟင်းနဲ့ အသီးအရွက်ကြော်လေးတွေချက်ထားတယ်၊ ရေအရင်ချိုးမလား? ထမင်းအရင်စားမလား မမလေး'
Wine: 'ဟိုး...ဟိုး...နားပါဦးဒေါ်ကြီးရယ် ဒေါ်ကြီးကိုကြည့်ရင်း ဝိုင်တောင်ခေါင်းတွေမူးလာပြီ၊ ဝိုင်ပင်ပန်းလာလို့ နားလိုက်ဦးမယ်၊ ညကျမှ ဆင်းစားတော့မယ်နော်'
Dawgyi: 'ဟုတ်ကဲ့ မမလေး၊ဪဒါနဲ့ မမလေး ဟိုမိုးထက်မြင့်ဆိုတဲ့လူလာသွားတယ်'
Wine: 'အဲ့လူလာပြန်ပြီလား? ဘာတဲ့လဲ?'
Dawgyi: 'သူ့ကိုဖုန်းဆက်ပါ လို့ပဲမှာသွားတယ်၊ ဆက်ဖြစ်အောင်ဆက်လိုက်နော် မမလေး'
Wine: 'အင်းပါ ဝိုင်နားတော့မယ်'
Dawgyi: 'ဟုတ်ကဲ့ မမလေး၊ ဆက်ဖြစ်အောင်ဆက်လိုက်ဦးနော် မမလေး...'

🎶🎵...Ringtone
MHM: 'ဟယ်လို၊ ဘယ်သူလဲ'
Wine: 'ဘယ်သူလဲတွေဘာတွေလုပ်မနေနဲ့၊ ဘာပြောစရာရှိလို့ဆက်ခိုင်းတာလဲ? ပြောစရာရှိတာမြန်မြန်ပြော'
MHM: 'လေသံကမာလှချည်လား၊ ဒီမှာအမိ ငါ့ကိုမင်းလုပ်စာစားနေတယ်များထင်နေလား'
Wine: 'ရှင်ဘာလို့ စကားတွေရှည်နေတာလဲ၊ ပြောစရာမရှိရင် ကျွန်မဖုန်းချတော့မယ်'
MHM: 'ချရဲရင် ချကြည့်လိုက်လေ...ဘာဖြစ်သွားမလဲဆိုတာ...ဟယ်လို ဟယ်လို၊ ဟာ! တကယ်ချတယ်ဟ'

🎶🎵....Ringtone
Wine: 'ဘာကိစ္စလဲ? လိုရင်းကိုပြော၊ မဟုတ်ရင် ဖုန်းပိတ်တော့မယ်'
MHM: 'ဒီလောက်လောနေမှတော့ လိုရင်းပဲပြောရတာပေါ့၊ ငါတို့လက်ထပ်ကြမယ်'
Wine: 'ဘာ.......ဘယ်လို'
MHM: 'ဟုတ်တယ်လေ၊ မင်းပဲလိုရင်းဆို? လိုရင်းကတော့ ဒါပဲ'
Wine: 'ရှင်ရူးနေလား? ကျွန်မကဘာလို့ ရှင်နဲ့လက်ထပ်ရမှာလဲ?'
MHM: 'ငါမရူးပါဘူး၊ မရူးလို့လည်းလက်ထပ်မှာပေါ့၊ မင်းငါ့စကားကိုဖြတ်မပြောနဲ့ ငါအကြောင်းအရင်းကိုပြောပြမယ်'
Wine: 'ဘာအကြောင်းအရင်းလဲ'
MHM: 'မင်းအဖေနဲ့ ငါ့အဖေက မင်းနဲ့ငါကို သူတို့မသေခင်မှာ လက်ထပ်ပေးဖို့ ဆန္ဒရှိခဲ့ကြတာကို မင်းသိလား?'
Wine: 'မဟုတ်ပါဘူး၊ ဖေဖေပြောတာ ရုပ်ချောချောအရပ်ရှည်ရှည်နဲ့ ကိုကိုပါ ...ဟင်! အဲ့ဒါရှင်လား'
MHM: 'ဂုဏ်ယူပါတယ်၊ ရုပ်ချောချောအရပ်ရှည်ရှည်နဲ့ကိုကို ကိုသိသွားတဲ့အတွက်'

PoisonWhere stories live. Discover now