Unicode Versionနေရောင်အိမ်ပြန်ရောက်လာတဲ့အချိန် မိုးထက်မြင့်ကို ယခင်ကအတိုင်း ငေးမှိုင်လျှက်ထပ်တွေ့ရပြန်သည်။
နေရောင်: 'ဟေ့ရောင်တွေ! ဒီကောင်ကဘာလို့ ဒီလိုပုံစံပြန်ဖြစ်နေရပြန်တာလဲ? သူ့မိန်းမနဲ့တွေ့ပြီးပြီမဟုတ်ဘူးလား?'
Other: 'ငါတို့လည်းမသိဘူးလေ။ ပြန်ရောက်လာတည်းက အဲ့အတိုင်းဖြစ်နေတော့တာပဲ။ ငါ့အထင်အဆင်မပြေလာဘူးထင်တယ်'
နေရောင်: 'ကျန်တဲ့ကောင်တွေရော?'
Other: 'စော်တွေနဲ့ချိန်းထားတဲ့လူကချိန်း၊ အိမ်ကခေါ်တဲ့လူကခေါ်နဲ့ ပြန်ကုန်ကြပြီ'
နေရောင်: 'မင်းနဲ့ငါပဲကျန်တာပေါ့'
Other: 'အင်းလေ။ ငါတို့က ဒီကောင်နဲ့ပက်သက်ပြီး ဝဋ်ကြွေးပါနေတာကိုး'
နေရောင်: 'ဘာပဲဖြစ်ဖြစ်ကွာ...တစ်ခုခုတော့ကြံဖန်ပြီး ကူညီပေးမှဖြစ်တော့မယ်'
Other: 'အေး! ငါလည်း အဲ့ဒါပဲစဉ်းစားနေတာ'
-------------------------------------------ဧည့်ခန်း၌ အလုပ်ထိုင်လုပ်နေသော ဝိုင့်ကိုကြည့်ရင်း နေမင်းအားမလိုအားမရဖြစ်လာသည်။
Naymin: 'ဟဲ့! နင်ဒီလိုပဲနေသွားတော့မှာလား?'
Wine: 'ဒီလိုမနေလို့ ကင်းမြှီးကောက်ထောင်နေရမှာလား?'မိုးထက်မြင့်နှင့်ပြဿနာတက်ပြီးတည်းက ဝိုင့်နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေအားလုံးက ဘုကန့်လန့်ဖြစ်လာ၍ ပိုစိုးရိမ်ရသည်။
Naymin: 'စကားကောင်းပြောနေတယ် မရွဲ့နဲ့။ ငါမေးတာ အလုပ်ကိုတကယ် အိမ်ကပဲလုပ်တော့မှာလားလို့'
Wine: 'အေးလေ။ ဒီတစ်လတော့ အိမ်ကပဲလုပ်တော့မယ်။ နောက်လမှပဲ နင့်ရုံးမှာလိုက်လုပ်တော့မယ်လေ'
Naymin: 'ဖြတ်မယ်ဆိုလည်း ပြတ်ပြတ်သားသားဖြတ်စမ်းပါ...အမျှင်တတန်းတန်းနဲ့'
Wine: 'ဘာကိုပြောချင်တာလဲ?'
Naymin: 'ကိုမိုးထက်မြင့်ကို ကွာရှင်းမယ်ဆိုလည်း ကွာရှင်းလိုက်လေ။ မကွာရှင်းဘူးဆိုလည်း ပြန်ဆက်လိုက်ပါတော့လား။ ကွာရှင်းစာချုပ်လည်းလက်မှတ်မထိုး၊ ပက်လည်းမပက်သက်ဆိုတော့ နင်တို့ဆက်ဆံရေးက ဘာမှန်းကိုမသိတော့ဘူး'
Wine: (အင်း! နင်ပြောလည်းပြောချင်စရာပါပဲ။ ငါကိုယ်တိုင်က မလွှတ်ချနိုင်သေးတာလား? တကယ်ပဲလွှတ်ချခဲ့ပြီးတာလားဆိုတာ အခုချိန်ထိ မသဲကွဲသေးပါဘူး)
'ကွာရှင်းစာချုပ်မှာလက်မှတ်မထိုးတာက သူ့အမွေကြောင့်လေ'
Naymin: 'အပိုတွေပြောမနေပါနဲ့ နင့်အကြောင်း ငါကမသိဘူးဆိုတော့။ နင်သာတကယ်ပြတ်ရင် သူ့ဆီမှာ ဘာအကြောင်းပဲရှိရှိကွာရှင်းပစ်လိုက်မှာ သိသားပဲ။ အခု နင်ကိုယ်တိုင်ကလည်း မပြတ်နိုင်ဘူးမဟုတ်လား?'
Wine: 'အဲ့တော့ဘာဖြစ်လဲဟာ....မပြတ်နိုင်လည်း ပြတ်ရမှာပဲ။ သူကမှငါ့ကိုမချစ်တာ...ငါတစ်ယောက်တည်းချစ်နေရမယ့် ဆက်ဆံရေးမျိုး နောက်တစ်ခေါက်မလိုချင်တော့ဘူး'
Naymin: 'သေချာလား? သူကနင့်ကိုမချစ်ဘူးဆိုတာ...'
Wine: 'မချစ်လို့ ငါ့အပေါ်ဒီလိုလုပ်ရက်တာပေါ့။ ငါ့ကိုသာချစ်ရင် ဒီလိုလုပ်ရပ်မျိုး ငါ့အပေါ်လုပ်ပါ့မလား?'
Naymin: 'သူ့မှာလည်း အကြောင်းတစ်ခုခုရှိမှာပေါ့။ ငါ့အထင် နင်တို့နှစ်ယောက် ပြေလည်အောင် ညှိနှိုင်းသင့်တယ်။ ဒါမှပြဿနာရဲ့အရင်းအမြစ်ကိုသိရမှာပေါ့'
Wine: 'ထပ်ပြီး အလှောင်မခံချင်တော့ဘူး။ အခုတောင် ငါ့နောက်ကွယ်မှာ ငါ့ကိုဘယ်သူတွေက လှောင်ရယ်နေလိမ့်မလဲလို့ တွေးပူနေရတာနဲ့ အိမ်အပြင်တောင်မထွက်ရဲဘူး'
Naymin: 'ဒါကနင့်အတွေးလေ။ ဘယ်သူကမှနင့်ကိုလှောင်မနေပါဘူး။ ငါ့ကိုယုံ'
Wine: 'လာဖျောင်းဖျမနေပါနဲ့တော့။ ကိုယ့်ဘာသာလုပ်စရာရှိတာလုပ်တော့။ ငါဝင်နားတော့မယ်'