Ep-13

756 31 1
                                    

Unicode Version

Wine: 'ဒီကိုဘာကိစ္စလဲ? ကိုသူရိန်'
သူရိန်: 'ကိုသူရိန်? ဘယ်လိုတောင်စိမ်းကားရတာလဲ ဝိုင်ရဲ့'
Wine: 'ကိုသူရိန် လိုရင်းကိုပဲပြောပါ'
သူရိန်: 'ဘာရယ်မဟုတ်ပါဘူး။ ကိုယ်ပြန်ရောက်နေပြီလို့လာပြောတာ'
Wine: 'ကိုသူရိန်ပြန်လာတာ ကျွန်မနဲ့ဘာဆိုင်လို့လဲ?'
သူရိန်: 'ကို နေမင်းနဲ့တောင် US မှာတွေ့သေးတယ်၊ ကိုဒီကိုပြန်မလာခင်ကတောင် သူ့ကိုသွားနှုတ်ဆက်လိုက်သေးတယ်၊ ဝိုင်ကိုဘာမှမပြောဘူးလား?'
Wine: (ဟိုကောင် နေမင်း နင်သေပြီသာမှတ် ငါ့ကိုဘာမှမပြောဘူး)

{Naymin: 'ဟက်ချိုး...အမ်မလေး ငါ့အတင်းဘယ်သူပြောနေလဲမသိဘူး}

Wine: 'မပြောပါဘူး၊ ကျွန်မနဲ့မှမဆိုင်တာ၊ ကိုသူရိန်အခုလာတာ ဒီအကြောင်းပြောမလို့လား?'
သူရိန်: 'မဟုတ်ပါဘူး၊ မင်းကို ပွဲလေးတစ်ပွဲဖိတ်စရာရှိလို့ပါ၊ မနက်ဖြန် ကို့မွေးနေ့အတွက် အိမ်မှာ ပါတီပွဲလေးတစ်ခုစီစဉ်ထားတယ်၊ မင်းလာနိုင်မလားလို့ပါ'
Wine: 'မလာနိုင်ဘူး'
သူရိန်: 'ဘယ်လို?'
Wine: 'မကြားဘူးလား? မလာနိုင်ဘူးလို့ပြောတာလေ'
သူရိန်: 'ဘာလို့လဲ? မင်းဒီလိုပွဲမျိုးဆိုကြိုက်တယ်မဟုတ်ဘူးလား? ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းကလူတွေအများကြီးကိုတွေ့နိုင်လို့လေ'
Wine: 'ဒီမှာ! ရှင်ကျွန်မကို ဘယ်အချိန်ထိ အထင်သေးနေဦးမှာလဲ?'
သူရိန်: 'ကို မင်းကိုအထင်မသေးပါဘူး၊ အထင်ကြီးလွန်းလို့။ ငွေအတွက်နဲ့နှလုံးသားကိုတောင်ပေးနိုင်တဲ့မင်းကို အထင်မသေးရဲပါဘူး'
Wine: 'ကိုသူရိန် ၊ရှင်ကျွန်မကို စော်ကားဖို့လာတာဆိုရင် ပြန်ပါတော့၊ တောင်းပန်ပါတယ် ။ ကျွန်မရှင်နဲ့ ပြိုင်ပြီး ရန်မဖြစ်နိုင်လို့ပါ' ဟုပြောကာ အိမ်အပေါ်ထပ်ကိုပြေးတက်သွားသည်။ သူရိန်နောက်ကလိုက်ရန်ပြင်ဆင်နေသောအခါ ဒေါ်ကြီးကဝင်တားသည်။
Dawgyi: 'မောင်သူရိန်ရယ်၊ မင်းပြန်လိုက်ပါ၊ မမလေးက အဖေ့ကိုဆုံးရှုံးထားတာမကြာသေးတော့ စိတ်နဲ့ကိုယ်နဲ့မကပ်သေးဘူး'
သူရိန်: 'ဘာ...ဝိုင့်အဖေဆုံးပြီ? ဒီကိစ္စကို နေမင်း ကျွန်တော့်ကို ဘာမှမပြောပါလား၊  ဘယ်လိုဖြစ်ရတာလဲဗျာ'
Dawgyi: 'ဖြစ်ကြောင်းကုန်စင်ကိုတော့ မမလေးစိတ်အဆင်ပြေလာတဲ့အခါမှပဲ မင်းကိုယ်တိုင်မေးလိုက်ပါ၊ အခုတော့ပြန်လိုက်ပါတော့ကွယ်၊ ဒေါ်ကြီးပဲကြားထဲကနေတောင်းပန်ပါတယ်'

PoisonWhere stories live. Discover now