Ep-61

453 27 0
                                    


Unicode Version

ကစားကွင်းရောက်တော့ နှစ်ဦးသား အပြုံးကိုယ်စီ၊ အတွေးကိုယ်စီဖြင့် ပျော်နေကြသည်။

MHM: (အင်း ဒီနေ့တော့ တကယ့် Date ပဲ။ နှစ်ယောက်တည်းဆိုတော့ ဝိုင့်ကိုဖွင့်ပြောဖို့အတွက် အခွင့်အရေးပဲ)
Wine: (Woow...ပျော်ဖို့ကောင်းမှာပဲ။ လာချင်နေတာကြာပြီ၊ အခုမှပဲလာရတော့တယ်)

မိုးထက်မြင့်ပျော်ရတဲ့အချိန်သိပ်မရလိုက်ပါဘူး။
'ရောက်နေတာကြာပြီလား? ဆောရီး ငါနောက်ကျသွားတယ်'

Wine: 'မကြာသေးပါဘူး၊ အခုပဲရောက်တာ'

ဝိုင်ကတော့ နေမင်းကိုမြင်၍ ပျော်သွားပေမယ့်၊ မိုးထက်မြင့်ကတော့ မပျော်နိုင်။ (စိတ်ကူးယဉ်ထားသမျှတော့ သွားပါပြီ...)

Wine: 'ခဏနေခဲ့ကြဦးနော်၊ ရေခဲမုန့်သွားဝယ်လိုက်ဦးမယ်'

ဝိုင်လည်း ပြောချင်ရာပြောပြီး ထွက်သွားတော့သည်။ မိုးထက်မြင့်ကတော့ ဝိုင်မရှိသည်ကို အခွင့်ကောင်းယူ၍ နေမင်းကို နှင်ထုတ်ရန် ကြံသည်။

MHM: 'မင်းက ဘယ်လိုလို့ရောက်လာတာလဲ? ဝိုင်က မင်းပါမယ့်အကြောင်းလည်း မပြောပါဘူး'
Naymin: 'ကျွန်တော့်ကိုလည်း ဝိုင်ခေါ်တာ။ Taxi ပဲစီးလာခိုင်းလို့ ကားတောင်ယူမလာရဘူး'
MHM: (ဪ! ငါ့ကားပေါ်ပဲ သောင်တင်ဦးမယ်ပေါ့!)
'အလုပ်မအားရင်လည်းပြောပေါ့၊ ဝိုင့်ကိုပြောပေးမယ်လေ'
Naymin: 'ကိုမိုးထက်မြင့် နှစ်ယောက်တည်းရှိချင်မှန်း ကျွန်တော်သိပေမယ့်၊ ဝိုင့်ကိုလည်း မလွန်ဆန်ရဲဘူးဗျ'

နှစ်ဦးသား စကားများနေတုန်းမှာပဲ ဘေးကဖြတ်သွားဖြတ်လာ ကောင်မလေးများက လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြုံးစိစိဖြစ်နေကြသည်ကို သတိထားမိကြသည်။

Naymin: 'ကိုမိုးထက်မြင့်! သူတို့က ကျွန်တော်တို့ကို ကြည့်ပြီး ပြုံးစိစိနဲ့ ဘာဖြစ်သွားကြတာလဲ?'
MHM: 'ဒါကတော့ကွာ...ရုပ်ချောချောကောင်လေးတွေကိုမြင်တော့ သဘောကျကြမှာပေါ့။ မဖြစ်သေးပါဘူး၊ နောက်တစ်ခါဆို Mask တပ်လာမှဖြစ်တော့မယ်'

နေမင်းကလည်း မိုးထက်မြင့် ပြောတဲ့အတိုင်းတကယ်ထင်ကာ ပြုံးနေသည်။

PoisonWhere stories live. Discover now