Ep-68

472 25 0
                                    


Unicode Version

Naymin: 'အန်ကယ်လ်! ဝိုင်ဘာထူးသေးလဲ?'
ဦးမင်းလွင်: 'ဘာမှမထူးသေးပါဘူးကွာ...ဘာလိုလိုနဲ့ တစ်လတောင်ရှိပြီပဲ'
Naymin: 'စိတ်ဓာတ်မကျပါနဲ့ အန်ကယ်လ်ရယ်၊ ဝိုင်နိုးလာမှာပါ။ ဝိုင်က အန်ကယ့်လ်ကို ဒီလိုပစ်မသွားပါဘူး'
ဦးမင်းလွင်: 'အဲ့လိုပဲဖြစ်ဖို့မျှော်လင့်ပါတယ်ကွာ...'

တားဆီးနေသည့်ကြားက မျက်ရည်များက တသွင်သွင်စီးကျလာသည်။ သမီးဖြစ်သူရဲ့ လက်ကိုဆုပ်ကိုင်ရင်း နိုးထလာဖို့ရာမျှော်လင့်ချက်တစ်ပိုင်းတစ်စဖြင့် ဆုတောင်းနေရုံမျှသာတတ်နိုင်တော့သည်။

ဦးမင်းလွင်: 'ဪ! မင်းရောက်လာတုန်း အန်ကယ်လ် ဒေါက်တာ့ဆီသွားလိုက်ဦးမယ်'
Naymin: 'ဟုတ်ကဲ့အန်ကယ်'
(ဝိုင်...ထ တော့လေ! နင်တို့အိမ်နားမှာတောင် နင်ကြိုက်တတ်တဲ့ BBQဆိုင်လေးတစ်ဆိုင်လာဖွင့်နေတယ်။ နင်နေ့တိုင်း ကြိုက်တဲ့အချိန်သွားစားလို့ရတယ်။ ထ ပါတော့ဟာ...ဒီလိုကြီးမနေနေပါနဲ့! )
ထိုအချိန်တွင်...

Naymin: 'ဝိုင်!'

လှုပ်ရှားလာသော ဝိုင့်ရဲ့လက်ချောင်းလေးများကို အားရဝမ်းသာဆုပ်ကိုင်ရင်း ခေါ်သည်။

Wine: 'ကို! သူရိန်!'

မျက်လုံးများပင်မပွင့်သေးသော်လည်း ဝိုင့်နှုတ်ခမ်းက သူရိန့်နာမည်ကိုသာ တသသရေရွတ်နေသည်။

Naymin: (ဝိုင်ရယ်...နင့်အစွဲအလန်းကလည်း ကြီးလိုက်တာဟာ)
'ဝိုင်နိုးလာပြီ   အန်ကယ်လ်'

ဦးမင်းလွင် အံ့ဩဝမ်းသာဖြစ်ကာ သွားကြည့်တော့ မျက်ရည်များတသွင်သွင်ကျဆင်းရင်း သူရိန့်နာမည်သာရေရွတ်နေသော သမီးဖြစ်သူကိုတွေ့လိုက်ရသည်။

ဦးမင်းလွင်: 'သမီးလေး! သမီးနိုးလာပြီနော်! ဝမ်းသာလိုက်တာသမီးရယ်'

ဦးမင်းလွင်ရဲ့ အသံကြားတော့မှ ဝိုင်သတိဝင်လာပြီး လှည့်ကြည့်မိသည်။

Wine: 'ဖေဖေ! ဘာလို့ငိုနေတာလဲဟင်?'
ဦးမင်းလွင်: 'ဝမ်းသာလို့ပါ သမီးရယ်...သမီးပြန်နိုးလာလို့ ဖေဖေဝမ်းသာလွန်းလို့ပါ'
Naymin: 'တော်ပါသေးရဲ့ဟာ...နင်ကလည်း ဘာလို့ဒီလောက်အကြာကြီးအိပ်နေရတာလဲ! ငါတို့နင့်ကိုစိတ်ပူနေတာ'
Wine: 'နင်ကရော ဘာလို့ငိုနေတာလဲ?'
Naymin: 'ဘယ်မှာငိုလို့လဲ? မျက်လုံးထဲ ဖုန်ဝင်သွားလို့'
Wine: 'နည်းနည်းပါးပါး ဟန်ဆောင်ပါဦးလား။ ဒါနဲ့လေ ဖေဖေ! သမီးဗိုက်ဆာနေတယ်'
Naymin: 'အန်ကယ်လ်ရေ စိတ်ပူစရာမရှိတော့တာ သေချာသွားပြီ။ သူ့အစာအိမ်အလုပ်ပြန်လုပ်ပြီဆိုတော့လေ'
ဦးမင်းလွင်: 'ဪ! မေ့နေလိုက်တာ။ သမီးနိုးလာတော့ ဝမ်းသာလွန်းသွားတာ...ဆရာဝန်ကြီး သွားပင့်လိုက်ဦးမယ်'
Naymin: 'ဟုတ်သားပဲ...မေ့နေလိုက်တာ။ ကျွန်တော်သွားလိုက်မယ်လေ'
ဦးမင်းလွင်: 'နေ၊ နေ! အန်ကယ်လ်သွားလိုက်မယ်'

PoisonWhere stories live. Discover now