Unicode Version
Others:
'ဟိုမှာ ကြည့်စမ်း! မိုးထက်မြင့်မိန်းမမဟုတ်လား?'
'အေး...ဟုတ်ပါ့!'
'သူနဲ့ထိုင်နေတာဘယ်သူတွေလဲ?'
'ငါလည်းမသိဘူးလေ'
နေရောင်: 'အာ...အဲ့ကောင်ကိုငါသိတယ်။ အဲ့ဒါ မြတ်ဘုန်းရောင်လေ။ သူက ဘားတွေတော်တော်များများမှာ ရှယ်ယာထည့်ထားတာ။ တချို့ဘားတွေဆို သူ့အပိုင်ပဲ။ ဒါနဲ့ မိုးထက်မြင့်မိန်းမနဲ့ဘယ်လိုခင်သွားတာလဲ?'ဘေးနားကသူငယ်ချင်းတွေရဲ့စကားကြောင့် မိုးထက်မြင့်နဲ့ ဆမ်မီလှည့်ကြည့်လိုက်တော့ ဝိုင့်ကိုမြတ်ဘုန်းရောင်တို့ဝိုင်းမှာထိုင်နေသည်ကိုတွေ့ရသည်။
MHM: (ငါ့ထက်အဲ့ကောင်က ပိုအရေးကြီးနေတယ်ပေါ့လေ...😏)
Sammy: 'မိုးရဲ့မိန်းမကလည်းမလွယ်ပါလားနော်...မြတ်ဘုန်းရောင်ကိုတောင်အပိုင်ချုပ်နိုင်တယ်'
MHM: 'ဘာလို့လဲ?'
Sammy: 'မြတ်ဘုန်းရောင်က ဘားတွေမှာနာမည်ကြီးလေ။ မိန်းကလေးတိုင်းကလိုချင်ပေမယ့် သူကတော့ ဘယ်သူ့ကိုမှအကပ်မခံဘူး။ ဒါပေမယ့် မိုးရဲ့မိန်းမနဲ့ကျတော့ အနားကမခွာဘူးနော်'
နေရောင်: 'ဟုတ်တယ်...ငါလည်း အဲ့ဒါကို မသင်္ကာတာ'မိုးထက်မြင့်ပိုဒေါသထွက်သွားပြီး ဝိုင်ရှိရာသို့ ထထွက်လာသည်။
MHM: 'ဒီမှာဘာလုပ်နေတာလဲ?'
ကစားပွဲသို့အာရုံရောက်နေပြီး အနားလူရောက်လာသည်ကိုသတိမထားမိတဲ့ဝိုင်က မိုးထက်မြင့်အသံကြားမှ သတိဝင်လာသည်။
Wine: 'ဟာ...ကိုမိုးထက်မြင့်! လာထိုင်လေ'
မျက်နှာလှည့်လိုက်မှသေချာကြည့်မိသည်...ပါးနှစ်ဖက်နဲ့ နှာခေါင်းတွေက အနီရောင်သန်းနေသည်။ အသံကလည်း အနည်းငယ်လေးနေပြီ။
MHM: 'မင်း မူးနေတာလား?'
Wine: 'ဘယ်သူမူးမှာလဲ? ရှင်ပဲမူး😒'
MHM: 'မြတ်ဘုန်းရောင် ဒါဘယ်လိုဖြစ်တာလဲ? ဝိုင်ကအရက်မှမသောက်တတ်တာ...ဘယ်လိုမူးသွားတာလဲ?'
Other: 'မြတ်ဘုန်းရောင်က ဝိုင့်အတွက် သံပုရာရည်ပဲဝယ်လာတာ။ ဝိုင့်ဘာသာ ကျွန်တော့်ခွက်ကိုမှားပြီး မော့ချလိုက်တာပါဗျာ...။ ဪ! ဒါပေမယ့် အဲ့ခွက်ကို ကျွန်တော် ထိတောင်မထိရသေးပါဘူး'
MHM: 'ဒီလောက်ထိတော့ရှင်းပြစရာမလိုပါဘူး။ မှားသွားတာပဲကို။ ဝိုင်! အိမ်ပြန်ကြမယ်လေ'
Wine: 'ဟင့်အင်း...ပြန်ဘူး။ ဒီမှာ Game ဆော့နေတာကို'
MHM: 'ဒီပုံစံနဲ့ မင်းကြာကြာနေနိုင်မှာမဟုတ်ဘူးနော်'
MHY: 'ပြောပါဦး ကိုမိုးထက်မြင့်ရယ်။ ခုဏကပဲ အိမ်သာမှားဝင်လို့ ကျွန်တော်တို့ လိုက်ရှင်းရသေးတယ်😣'
MHM: 'အမ်မလေး...ကျေးဇူးပါကွာ။ အစ်ကိုလည်း သူမူးတာ ဒါပထမဆုံးမြင်ဖူးတာပါ'
Other: 'မူးလာရင် ကလေးလိုဖြစ်သွားတာပဲနော်'
MHM: '🤦♂️ကဲ! အမိရေ...သွားကြမယ်။ ပြန်ကြမယ်'
Wine: 'ပြန်ချင်ပါဘူးဆို...ဟိုနားမှာတွေ့လား ထိုင်နေတဲ့လူကြီးကို'
![](https://img.wattpad.com/cover/256150485-288-k446654.jpg)