Unicode VersionNwe: 'ဦးလေး! နွယ့်ကို ရထားတဲ့ သဲလွန်စတွေပေးပါ'
ULayGyi: 'ကောင်းပါပြီ'နွယ်လည်း ရင်တထိတ်ထိတ်ဖြင့် သဲလွန်စများကိုစောင့်ဆိုင်းနေသည်။ ထိုနောက် စုံထောက်ဦးလေးကမ်းပေးသော ဓာတ်ဆီပုံးတစ်ပုံး၊ ဓာတ်ပုံတစ်ပုံနဲ့ လက်ကိုင်ပဝါတစ်ထည်ကိုလက်အိတ်ဖြင့် အသေအချာကိုင်ဆောင်ကာ အိမ်သို့သယ်လာခဲ့သည်။
Wine: 'မမနွယ်! မနက်အစောကြီးထပြီး ဘယ်သွားတာလဲဟင်?'
Nwe: 'ဘယ်...ဘယ်မှ...မသွားပါဘူး။ လေ့ကျင့်ခန်း...သွားလုပ်တာ'
Wine: 'ဪ...မောလာတယ်ထင်တယ်။ အသံတွေတောင်လေးလို့။ ဒါနဲ့လက်ထဲကဘာတွေလဲ? အများကြီးပဲ'
Nwe: 'မဟုတ်ပါဘူး။ လမ်းမှာတွေ့တဲ့အမှိုက်တွေကောက်လာတာ'
Wine: 'အာ...မမနွယ်ကလည်း ဘာလို့အမှိုက်တွေလိုက်ကောက်နေတာလဲ? ပြီးတော့ ဓာတ်ဆီပုံးကြီး။ ဘယ်သူတွေဘာလုပ်ထားလဲမသိပဲနဲ့'
Nwe: 'မမလုပ်စရာရှိလို့ပါ။ ဝိုင်ရော အစောကြီးနိုးနေပါလား၊ မောင်လေးရော?'
Wine: 'ကိုမိုးထက်မြင့်ကိုစောင့်နေတာ။ သူပြန်မလာသေးဘူးလေ'
Nwe: 'အမ်မယ်လေး စိတ်ပူနေတယ်ပေါ့ ယောက်ျားကို'
Wine: 'မဟုတ်ပါဘူး ကိုနေရောင်တို့နဲ့သွားတွေ့မှာမှန်းသိနေပြီသားပဲကို။ စိတ်ချရပါတယ်'
Nwe: 'ဒါဆိုဘာလို့ အစောကြီးထစောင့်နေတာလဲ?'
Wine: 'ဟီး...ကြက်ကြော်ဝယ်လာမယ်ဆိုလို့😁'
Nwe: 'ဪ! ကြက်ကြော်မျက်နှာနဲ့ စောင့်နေတာပေါ့လေ'
Wine: 'ဟီး...ဟုတ်'
Nwe: 'အင်း! ဆက်စောင့်နေလေ။ မမအခန်းထဲဝင်တော့မယ်'
Wine: 'ဟုတ်ကဲ့ မမ။ ဝိုင့်အကူအညီလိုရင်လည်းပြောဦးနော်'
Nwe: 'အင်းပါ'နွယ်အခန်းထဲဝင်သွားတာကို ငေးကြည့်ရင်း နွယ့်လက်ထဲတွင် အမြင်မစိမ်းသော လက်ကိုင်ပုဝါတစ်ထည်ကိုတွေ့လိုက်ရသည်။
Wine: (ဟင်! ဖေဖေ့လက်ကိုင်ပုဝါနဲ့တူလိုက်တာ...)
{Wine: 'ဖေဖေ!'
ဦးမင်းလွင်: 'ပြောလေ သမီး'
Wine: 'ဒီနေ့ကဘာနေ့လဲသိလား?'
ဦးမင်းလွင်: 'ဗုဒ္ဓဟူးနေလေ သမီးရဲ့'
Wine: 'အာ....ဖေဖေကလည်း အဲ့ဒါကိုပြောတာမဟုတ်ဘူး။ ဒီနေ့ကအထူးနေ့လေ'
ဦးမင်းလွင်: 'ဘာအထူးနေ့လဲ သမီးရဲ့?'
Wine: 'ဖေဖေကတော့လုပ်ပြီ။ ဝိုင့်မွေးနေ့သာဆို တန်းမှတ်မိတယ်။ ဒီနေ့ ဖေဖေ့မွေးနေ့လေ ဖေဖေရဲ့'
ဦးမင်းလွင်: 'အာ........ဟုတ်ပါရဲ့။ ဖေဖေအလုပ်တွေများပြီး မေ့သွားတာ'
Wine: 'ဖြစ်ရမယ် ဖေဖေကတော့။ ဒီမှာ ဖေဖေအတွက်မွေးနေ့လက်ဆောင်။ ဖွင့်ကြည့်'