Unicode Version
ဆိုင်ထဲရောက်တော့ ဝန်ထမ်းများအားလုံးကိုနှစ်သက်ရာသုံးဆောင်စေပြီး ဝိုင်က မိုးထက်မြင့်ပြင်ဆင်ပေးထားသောသီးသန့်ခန်း၌သာ ထိုင်ရသည်။
Wine: 'ကိုမိုးထက်မြင့်! ဘာလို့သီးသန့်ခန်းကြီးပြင်လိုက်တာလဲ? အပြင်မှာ ဝန်ထမ်းတွေနဲ့အတူတူစားလည်းရတာပဲကို'
MHM: 'ဘာလို့လဲ? ဒီအခန်းမကြိုက်လို့လား? ဒါဆိုအပေါ်ထပ်ကအခန်း...'
Wine: 'မဟုတ်ပါဘူး။ နှစ်ယောက်တည်းကျ တစ်မျိုးဖြစ်နေလို့ပါ။ အပြင်မှာကျအုပ်စုလိုက်ပျော်ရွှင်နေကြတာလေ'
MHM: 'လူများရင် ငါမစားတတ်ဘူး။ ပြီးတော့ ငါရှိနေရင် သူတို့လည်းလွတ်လပ်မှာမဟုတ်ဘူး'
Wine: 'ဒါလည်းဟုတ်တာပဲ'ထိုနောက် စားပွဲထိုးများအဆက်မပြတ်လာချပေးသော ဟင်းပွဲများကိုကြည့်ကာ ဝိုင်တစ်ယောက်ပါးစပ်ပင်မပိတ်နိုင်လောက်အောင် အံ့ဩနေသည်။ မိုးထက်မြင့်ကတော့ ဝိုင့်ကို ပြုံးစိစိဖြင့်သာကြည့်နေသည်။
MHM: (အစားအသောက်ကိုကြည့်တဲ့အကြည့်လောက် ငါ့အပေါ်နူးညံ့ရင်တော့လား...)
Wine: 'Wooow...အများကြီးပဲ။ စားမကုန်ရင် ပါဆယ်ထုပ်သွားရမယ်'
MHM: 'မင်းက ပါဆယ်ဆွဲဖို့တောင်စဉ်းစားနေပြီလား?'
Wine: 'အင်းလေ။ ဒီလောက်အများကြီး ကျွန်မတို့နှစ်ယောက်တည်းဘယ်စားကုန်ပါ့မလဲ။ ဒီအတိုင်းထားခဲ့ရမှာလည်း နှမျောစရာကြီးလေ😁'
MHM: 'အင်းပါ...ဟုတ်ပါပြီ။ ပါဆယ်ဆွဲတာလည်းဆွဲတာပေါ့။ ဒါပေမယ့် ပါဆယ်ဆွဲတဲ့ဆီရောက်မယ်လို့လည်းမထင်ပါဘူး🙄'
Wine: 'ဒါနဲ့လေ ဘာလို့ကိတ်မုန့်မှာထားတာလဲ? ရှင့်မွေးနေ့က သန်ဘက်ခါမှလေ'
MHM: 'သန်ဘက်ခါကျ အကုန်လုံးအတွက်ပေါ့။ ဒီနေ့က မင်းတစ်ယောက်တည်းအတွက် သီးသန့်လုပ်ပေးတာ'
Wine: 'အာ...ကျွန်မရှင့်အတွက်ပြင်ဆင်ထားတဲ့လက်ဆောင်ပါမလာဘူး'
MHM: 'လက်ဆောင်ကအရေးမကြီးပါဘူး။ မင်းရှိနေရင်ပဲရပြီ။ စား..စား ကိတ်မုန့်ကိုကြည့်မနေနဲ့ဦး ဒါတွေကုန်မှ ကိတ်မုန့်ကိုအချိုတည်းရမှာ'
(ကိတ်မုန့်ကအကုန်စားလို့မရဘူး။ ဗိုက်ဆာဆာနဲ့အကုန်စားမိရင် ဒင်းဗိုက်ထဲ ငါပြင်ဆင်ထားတာရောက်သွားလိမ့်မယ်😑)
Wine: 'ဟုတ်ပါပြီ'
-----------------------------------ဦးသတိုးနှင့်တပည့်📱📲
'ဆရာ! အန္တရာယ်အရိပ်အရောင်မတွေ့ဘူး။ ကိတ်မုန့်နဲ့ သီးသန့်ခန်းနဲ့ ကြည်နူးနေကြတာပဲတွေ့တယ်'
'ဘာ! သူတို့ကကြည်နူးနေကြတယ်? ဟုတ်ရောဟုတ်ရဲ့လား? မင်းအကြည့်မှားတာလား?'
'မဟုတ်ဘူးဆရာ! ကျွန်တော် ဓာတ်ပုံပို့လိုက်မယ် ကြည့်ကြည့်လိုက်'