Unicode Version
အိမ်ရှေ့မှာကားရပ်ပြီး ဝိုင့်ကိုဆင်းခိုင်းမယ်ပြင်တော့ ဝိုင်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။
MHM: (ခုဏကများ သူမဟုတ်တဲ့အတိုင်း ငိုလိုက်၊ အပြစ်တင်လိုက်တာဆိုတာ☺️။ မင်းကတော့လေ...ငါလုံးဝမျက်နှာမလွှဲနိုင်အောင် ဘယ်လိုများပြုစားထားပါလိမ့်🤔)
ထိုနောက်ဝိုင့်ကိုပွေ့ချီကာ အခန်းထဲခေါ်ဆောင်လာသည်။ အိပ်ရာပေါ်တင်ပေးချိန်၌ ဝိုင်လည်း နိုးလာသည်။
Wine: 'ကိုမိုးထက်မြင့်!'
MHM: 'မင်းနိုးလာပြီလား?'
Wine: 'ကျွန်မခုဏက ရေထဲမှာရှင့်အကြောင်းတွေအများကြီးစဉ်းစားမိတယ်။ ဘယ်လောက်တောင်များလဲဆိုရင် ကျွန်မရေအောက်ထဲ အချိန်အကြာကြီးရှိနေခဲ့သလိုကိုထင်ရတယ်'
MHM: 'ဘာတွေများစဉ်းစားနေတာလဲ? ပြောစမ်းပါဦး'
Wine: 'ကျွန်မ နောက်ထပ် ရှင့်ကိုမမြင်ရလောက်တော့ဘူး၊ အင်း! ရပါတယ်...ကိုမိုးထက်မြင့်ကလည်း ငါ့ကိုမှမလိုချင်တော့တာဆိုပြီး စိတ်လျှော့လိုက်တယ်။ တစ်ခါ...ငါမရှိရင် ဝမ်းများနည်းနေမလားဆိုပြီး အားပြန်တင်းမိတယ်။ ပြီးတော့...'ဝိုင့်စကားမဆုံးခင် မိုးထက်မြင့်က ဝိုင့်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး တင်းကြပ်စွာဖက်ထားတော့သည်။
MHM: 'အရူးမလေး! ဒီလောက်အချိန်လေးအတွင်းမှာ ဒီလိုအတွေးတွေအများကြီးတွေးနေရလား? ပြီးတော့ မင်းကိုမလိုချင်တော့ဘူးလို့ ဘယ်သူပြောလဲ? မင်းမရှိရင် သေချာပေါက် ကိုဝမ်းနည်းရမှာပေါ့'
Wine: 'ကျွန်မလည်းသိချင်နေတာ...ဘာလို့သေခါနီးအချိန်မှာ ရှင့်အကြောင်းပဲစဉ်းစားမိနေတာလဲဆိုတာ'
MHM: 'ဒါကတော့ မင်းဘာသာမင်းစဉ်းစားကြည့်လေ🙄'
Wine: 'ကိုမိုးထက်မြင့်! ကျွန်မကို လွှတ်ပေးပါလား...! အသက်ရှူကြပ်တယ်'
MHM: 'ဪ! အင်း!'မိုးထက်မြင့် ထထွက်ရန်ပြင်တော့ ဝိုင်က လက်ကိုဆွဲထားလိုက်သည်။
Wine: 'ဘယ်သွားမလို့လဲ? ဒါရှင့်အခန်းလေ'
MHM: 'မင်းဖျားနေတယ်လေ၊ ကိုအောက်ထပ်မှာ နေမင်းဆေးလာပို့တာ သွားစောင့်ရမယ်'
Wine: 'ဪ! အင်း...'
MHM: 'ဘာလို့လဲ? ခဏလေးတောင်မခွဲချင်ဘူးလား? စိတ်ချပါ ဆေးရတာနဲ့ မင်းအနားမှာ လာနေပေးပါ့မယ်'
Wine: 'အင်း! ဟင်! မဟုတ်ပါဘူး။ သွား သွား...သွားစောင့်နေလေ'
