Ep-93

374 27 1
                                    

Unicode Version

Wine: 'ကိုမိုးထက်မြင့်! အခုဒီလက်စွပ်ကကျွန်မဟာဖြစ်သွားပြီပေါ့?'
MHM: 'အေးလေ..မင်းကိုပေးမှတော့ မင်းဟာပေါ့။ ဘာလဲ! မလိုချင်ဘူးလား?'
Wine: 'မဟုတ်ပါဘူး။ သေချာအောင်မေးကြည့်တာ'
MHM: 'လက်စွပ်ဝတ်လိုက်တာနဲ့ မင်းငါ့ကိုလက်ခံပြီးသားပဲနော်'
Wine: 'ဟင်! ဘာဆိုင်လို့လဲ?😐'
MHM: 'ဆိုင်ဆိုင်မဆိုင်ဆိုင်လေ။ မင်းကိုငါဖွင့်ပြောထားတာပဲကြာနေပြီကို။ အခုလောက်ဆို မင်းမှာလည်း ငါ့အတွက်တိကျတဲ့အဖြေရှိနေလောက်ရောပေါ့'
Wine: 'ရှိတာတော့ရှိတာပေါ့။ ဒါပေမယ့် အခုမပေးသေးဘူးလေ'
MHM: 'အမိ! ငါသိပ်စိတ်မရှည်တော့ဘူး။ ကိုယ့်မိန်းမဆီကအဖြေကိုပြန်တောင်းနေရတာ ငါကလွဲရင်ရှိမှာမဟုတ်ဘူး'
Wine: 'ခဏတော့စောင့်ပါဦး အစ်ကိုရယ်။ ကျွန်မလည်းစဉ်းစားနေပါတယ်'
MHM: (မူးနေတုန်းကကျ ချစ်တယ်ဆိုတာချည်းပဲ။ အမူးလည်းပြေရော တစ်မျိုးပြောင်းသွားတယ်။ နောက်ဆို အရက်ပဲတိုက်ထားရမလိုဖြစ်နေပြီ)
'ပြီးရော ပြီးရော။ အကြာကြီးတော့မစောင့်နိုင်တော့ဘူးနော်'
Wine: 'အင်းပါ...ဒါနဲ့ ရှင့်မွေးနေ့ ဘယ်မှာလုပ်မယ်လို့စဉ်းစားထားလဲ?'
MHM: 'ဒီနှစ်တော့ အရင်နှစ်တွေနဲ့မတူအောင်စီစဉ်ထားတယ်။ အိမ်မှာပဲ Party လုပ်မယ်လေ။ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေချည်းပဲ'
Wine: 'ကောင်းတာပေါ့😁 မသိတဲ့လူတွေအများကြီးမရှိတော့ ကျွန်မစားချင်သလောက်စားရတယ်။ လူတွေများရင် အိန္ဒြေနဲ့ သိက္ခာနဲ့ စားနေရတယ်'
MHM: 'အမ်မလေး ဟုတ်ပါပြီ။ မင်းသာမွေးနေ့လက်ဆောင်ကို သေချာပြင်ဆင်ထား'
Wine: 'စိတ်ချ! ရှင်သဘောကျစေရမယ်'
--------------------------------------

ShweSin: 'ဘာ!'

စားသောက်ဆိုင်တစ်ခုလုံး ရွှေစင့်အသံဖြင့်ဖုံးလွှမ်းသွားကာ ဧည့်သည်များနှင့် ဝန်ထမ်းများအားလုံး ရွှေစင့်ကိုလှည့်ကြည့်နေကြသည်။

Other: 'အစ်မရယ် ဖြည်းဖြည်းပြောပါ။ သူများတွေကြည့်ကုန်ပြီ'
ShweSin: 'နင်ပြောတာသေချာလား?'
Other: 'သေချာတယ်အစ်မရဲ့ ညီမအဒေါ်ကအရင်က သူတို့အိမ်မှာအလုပ်လုပ်ခဲ့တာလေ။ သူမင်္ဂလာဆောင်တော့ အဒေါ့်ကိုအလုပ်နားခိုင်းလိုက်တယ်လေ'
ShweSin: 'အဲ့ဒါတွေအသာထားပါ။ နင်ပြောတဲ့ကိစ္စကသေချာရဲ့လား? ငါ့ရှေ့မှာတော့ သူတို့က တအားချစ်ပြတာနော်'
Other: 'ညီမအဒေါ်ကိုယ်တိုင် နားနဲ့ဆက်ဆက်ကြားခဲ့တာတဲ့။ အမွေတွေကြောင့် လက်ထပ်မယ်ဆိုတာကို'
ShweSin: (တကယ်သာအမွေကြောင့် လက်ထပ်တာဆိုရင် ဝိုင်သိမှာမဟုတ်ဘူး)
'ဒါသာ သတင်းအမှန်ဆိုရင် ငါတော့ ပွဲကြီးပွဲကောင်းကြည့်ရမှာပဲ'
Other: 'ညီမဆီကကြားတယ်လို့တော့မပြောနဲ့နော် အစ်မ။ ကိုမိုးထက်မြင့်သာသိရင် ညီမရော အဒေါ်ရော သေလိမ့်မယ်'
ShweSin: 'စိတ်ချပါ'
-----------------------------------

PoisonWhere stories live. Discover now