Unicode VersionWine: 'ကိုမိုးထက်မြင့်ရေ! အထင်တွေလွဲနေပြီ....အဲ! မဟုတ်သေးဘူး။ အမှန်တွေသိကုန်ပြီထင်တယ်'
MHM: 'ဘာဖြစ်တာလဲဟ။ မိန်းကလေးဖြစ်ပြီး အိန္ဒြေကိုမရဘူး'
Wine: 'ရှင်ကျွန်မကိုပဲမပြောနဲ့။ ညကအိမ်ကို ကိုမင်းနောင်ကြီးလာသွားတာ ဘာလို့ကျွန်မကိုမပြောတာလဲ?'
MHM: 'အကုန်ပြောပြနေရမှာလားဟ။ အလုပ်ကိစ္စပဲဟာကို'
Wine: 'အခုရှင်မပြောတော့ရောကောင်းလား? ကိုမင်းနောင်ကြီးက ကျွန်မကိုမြင်သွားပြီတဲ့'
MHM: 'မြင်သွားတော့ရော ဘာဖြစ်လို့လဲ?'
Wine: 'အခုကျွန်မကို ရှင်နဲ့ Living Together ဆိုပြီး အထင်လွဲနေလို့ မနည်းရှင်းထားရတယ်'
MHM: 'မင်းဘာဖြစ်နေတာလဲ? မင်းက ငါ့မိန်းမဆိုတာပြောလိုက်ရင်ရော မရဘူးလား?'
Wine: 'အချိန်မတန်သေးဘူးလေ'
MHM: 'အချိန်က ဘယ်တော့တန်မှာလဲ?'
Wine: '👉👈'ဝိုင်မဖြေပဲ တိတ်ဆိတ်နေချိန်တွင်...
Sammy: 'မိုးရေ! ဆမ်မီလာတယ်'
MHM: 'မင်းမလာခင် တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား?'
Sammy: 'အာ! မိုးကလည်း အရင်ကလည်း ဒီလိုပဲဝင်နေကျပဲဟာ'
MHM: 'အရင်က ငါ့အဖေမို့လို့ မင်းကိုအလိုလိုက်ထားတာ။ အခုက ငါ၊ မင်းဝင်ချင်တိုင်းဝင်စရာမလိုဘူး။ ထွက်သွားစမ်း'မိုးထက်မြင့်တစ်ယောက် ဝိုင့်အပေါ်ထွက်နေသော ဒေါသကို ဆမ်မီ့အပေါ်ပုံချပစ်လိုက်သည်။ ထိုအခါ ဆမ်မီလည်း ရုံးခန်းအပြင်ထွက်၍ ထိုင်ခုံအလွတ်တစ်ခု၌ ဝင်ထိုင်နေလိုက်သည်။
Wine: 'ကိုမိုးထက်မြင့်! ကျွန်မလည်း သွားတော့မယ်နော်'
MHM: 'ရုံးမှာဆိုရင် ဘယ်လိုခေါ်ရမယ်လို့ပြောထားလဲ?'
Wine: 'ဪ! မေ့လို့ သူဌေး'ဝိုင်ထွက်သွားတော့ မိုးထက်မြင့်ပါအနောက်မှ လိုက်ထွက်လာသည်။
Sammy: 'မိုးကလည်း ကြာလိုက်တာ။ ဆမ်မီစောင့်နေတာကို'
ရုံးဝန်ထမ်းများ:
['ဪ! သူဌေးကောင်မလေးက ဒီမင်းသမီးကိုး...'
'ဟုတ်ပါရဲ့ ငါတို့က ဝိုင့်ကိုအထင်လွဲနေတာ'
'ဟုတ်ပါ့ အားနာလိုက်တာ'
'ဒီလိုကြည့်တော့လည်း သူဌေးကောင်မလေးကမဆိုးပါဘူး။ သူဌေးကလူရွေးတော်သားပဲ']စကားများကိုသည်းမခံနိုင်တော့သည့်အဆုံး ဝိုင် ထဖြေရှင်းရတော့သည်။