Ep-15

770 33 1
                                    


Unicode Version

Wine: 'ကျေးဇူးတင်ပါတယ်'
MHM: 'ဘာပြောတာ? မကြားလိုက်ဘူး'
Wine: 'ကျေးဇူးတင်တယ်လို့'
MHM: 'မကြားရဘူး ကျယ်ကျယ်ပြော'
Wine: 'ဘာမှမဟုတ်တော့ဘူး။ အိမ်ပြန်လိုက်ပို့ပေး'
MHM: 'ပို့ပေးပါ့မယ်။ အမိကိုဒီပုံစံနဲ့ တစ်ယောက်တည်းလွှတ်လိုက်ရင် အရိုးတခြား အသားတခြားဖြစ်ကုန်မှာပေါ့'
Wine: 'ရှင် စိတ်မဆိုးဘူးလား?'
MHM: 'ကိုက ဘာကိုစိတ်ဆိုးရမှာလဲ?'
Wine: 'ရှင့်ညီက ကျွန်မနဲ့ပက်သက်ခဲ့ဖူးတာကိုလေ'
MHM: 'ကိုအဲ့လောက်အစွဲကြီးတဲ့သူမဟုတ်ပါဘူးကွာ။ အတိတ်မှာချစ်ခဲ့ကြတာပဲ လက်ရှိမှာချစ်မနေရင်ပြီးရောပေါ့။ အခုမင်းသူ့ကိုချစ်မနေဘူးမှတ်လား?'
Wine: 'ချစ်စရာလား။ သူနဲ့ကျွန်မဇာတ်လမ်းကပြီးသွားပြီလေ'
MHM: 'ဒါဆိုလည်းပြီးရောပေါ့။ ဘာမှ စိတ်ထဲထားမနေနဲ့။ ကိုဘာမှမဖြစ်ဘူး။ လာ...အိမ်ပြန်ကြမယ်'
Wine: 'အင်း'

ရေမိုးချိုး၍ အိပ်ရာဝင်ရန်ပြင်ဆင်နေချိန်တွင် ယနေဖြစ်ပျက်ခဲ့သော ကြည်နူးစရာပုံရိပ်အား ပြန်လည်စဉ်းစားနေမိသည်။ မိမိအားမုန်းနေသည်ဟုထင်ရသော အမျိုးသားတစ်ဦးမှ မိမိရှေ့တွင်မားမားမတ်မတ်ရပ်တည်ပေးသည်ကိုတွေ့ခဲ့ရသောအခါ Wine အံ့အားသင့်နေရသည်။

🎶🎵............Ringtone
Wine: 'ဟယ်လို!'
MHM: 'ဖုန်းကိုင်တာမြန်လှချည်လား!'
Wine: 'အင်း! ကျွန်မဖုန်းနားမှာရှိနေလို့ပါ'
MHM: 'ကို့အကြောင်းစဉ်းစားနေတာတော့မဟုတ်ပါဘူးနော်?'
Wine: 'မဟုတ်၊ မဟုတ်ပါဘူး။ ရှင့်အကြောင်း စဉ်းစားစရာလား?'
MHM: 'စဉ်းစားစရာပေါ့။ ကိုဒီနေ့ ဒီလောက်ကြည့်ကောင်းအောင် Hero လုပ်လာတာ မင်းကို့အကြောင်းစဉ်းစားစေချင်လို့လေ'
Wine: 'ဘယ်နေရာမှာကြည့်ကောင်းလို့လဲ?'
MHM: 'ကြည့်မကောင်းသေးဘူးလား? ဒါဆို ဟိုမိန်းမကို သွားရိုက်လိုက်ရတော့မလား?'
Wine: 'အမ်မလေး တော်ပါပြီရှင်။ သွားတော့မရိုက်ပါနဲ့'
MHM: 'ဘာလို့လဲ? အဲ့မိန်းမက မင်းကို ကို့ရှေ့မှာစော်ကားထားတာလေ'
Wine: 'ဘာဖြစ်ဖြစ်ပါ ။ရှင်လည်း သူ့ကိုပြောဆိုခဲ့တာပဲ။ ဒီလောက်နဲ့တင်ရပါပြီ'
MHM: 'အ တာလား? အမှတ်မရှိတာလား? မင်းသူ့ကို စိတ်မဆိုးဘူးလား?'
Wine: 'ဆိုးတာပေါ့။ ဒါပေမယ့် ဆိုးတိုင်းလည်း အငြိုးထားနေလို့မှမရတာ။ ကျွန်မမှာလုပ်စရာတွေတစ်ပုံကြီး၊ သူ့ကိုအငြိုးထားနေရုံနဲ့ ကျွန်မအချိန်တွေအကုန်မခံနိုင်ဘူး'
MHM: 'လုပ်စရာတွေတစ်ပုံကြီး? ဘာတွေလဲ? ကိုနဲ့လက်ထပ်ဖို့ရောပါလား?'
Wine: 'ရှင်က သူများကိစ္စကို စပ်စုတတ်တဲ့ Type မျိုးလား?'
MHM: 'မဟုတ်ပါဘူး။ ကိုမင်းအကြောင်းပဲစိတ်ဝင်စားတာ။ ဒါနဲ့ မင်းကို့ကိုအဖြေမပေးသေးဘူးနော်'
Wine: 'ဘာကိုလဲ?'
MHM: 'မသိချင်ယောင်ဆောင်ပြန်ပြီ။ ကိုနဲ့လက်ထပ်မယ်ဆိုပြီး မပြောသေးဘူးလေ'
Wine: 'ကျွန်မ စဉ်းစားနေတုန်းပဲ'
MHM: 'ဘာလို့အဲ့လောက်အကြာကြီးစဉ်းစားနေရတာလဲ? ငါကဖိတ်စာအရောင်တောင်ရွေးနေပြီ'
Wine: 'ရှင် အဲ့လိုကြီးတစ်ဖက်သတ်မလုပ်နဲ့လေ။ ကျွန်မတောင်အဖြေမပေးရသေးဘူး'
MHM: 'အဲ့ဒါကြောင့် အဖြေမြန်မြန်ပေးတော့လို့ ပြောနေတာလေ'
Wine: 'ရှင်ကျွန်မကို ချစ်လား?'
ရုတ်တရက်ဆန်သောမေးခွန်းကြောင့် မိုးထက်မြင့်ဆွံ့အသွားသည်။
MHM: 'ကိုက? မင်းကို? ချစ်လား? ဘယ်လိုကြီးမေးရက်လိုက်တာလဲ? ချစ်စရာလား? အကုန်လုံး ကို့အဖေစိတ်ချမ်းသာဖို့ချည်းပဲ'
Wine: 'ပြီးတာပဲလေ ဒါဆိုလည်း။ ကျွန်မလည်း ရှင့်ကိုမချစ်ဘူး'
မိမိအား မချစ်ဘူးဟုဆိုသော ဝိုင့်စကားကြောင့် မိုးထက်မြင့်အနည်းငယ် ဝမ်းနည်းသွားသည်။
Wine: 'အဲ့ဒါကြောင့် ကျွန်မတို့ သဘောတူညီချက်တစ်ခုလုပ်ရအောင်'
MHM: 'ဘာသဘောတူညီချက်လဲ?'
Wine: 'သဘောတူညီချက်ဆိုတာထက် ကတိဆိုပိုမှန်မယ်'
MHM: 'ဘာကတိလဲ?'
Wine: 'ရှင်အဲ့ကတိကိုပေးမှ ကျွန်မလက်ထပ်မှာနော် ။ မပေးရင် ရှင့်ကိုသေတောင်လက်မထပ်ဘူး'
MHM: 'မင်းပြောလေ ဘာကတိလဲဆိုတာ'
Wine: 'ရှင် ကျွန်မခွင့်ပြုချက်မရပဲ ကျွန်မကိုလုံးဝမထိပါဘူးဆိုတဲ့ ကတိ'
မထင်မှတ်ထားသော တောင်းဆိုမှုကြောင့် မိုးဖက်မြင့် ထပ်မံ အံ့ဩသွားရပြန်သည်။
MHM: (မင်းက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ)
'ဘာလဲ ၊ ဒီကိစ္စကိုပြောမထွက်လို့ ကို့ကိုလက်ထပ်မယ်ဆိုတဲ့အဖြေ မပေးနိုင်တာလား'
Wine: 'အဲ့လိုတော့မဟုတ်ပေမယ့်၊ အဲ့တာနဲ့လည်း နည်းနည်းဆိုင်တာပေါ့'
MHM: 'ကို့မိန်းမကိုမထိရဘူးဆိုတာကတော့ နည်းနည်း.....'
Wine: 'ဘာလဲ? လက်မခံနိုင်ဘူးလား? ဒါဆို လက်မထပ်ဘူး'
MHM: 'အာ! စိတ်ချည်းပဲ။ လက်ခံတယ် လက်ခံတယ်ကွာ။ လုံးဝမထိဘူး စိတ်ချ။ ဒီကလည်း ထိချင်လွန်းလို့'
Wine: 'ပြီးရော ဒီလိုဆိုလည်း ။ရှင်ဆက်ရွေးလို့ရပြီ'
MHM: 'ဘာကိုလဲ?'
Wine: 'ဖိတ်စာလေ'
MHM: 'အာ! ဟုတ်ပြီ'
ဝိုင်ရဲ့တောင်းဆိုမှုကို အနည်းငယ် စိတ်အလိုမကျသော်လည်း မိမိအားလက်ထပ်မယ်ဆိုသော အဖြေအား ကျေနပ်နေမိသည်။

PoisonHikayelerin yaşadığı yer. Şimdi keşfedin