Ep-102

391 21 0
                                    

Unicode Version

Wine: 'ကဲ! စားပြီးသောက်ပြီးပြီဆိုတော့ ငါအခန်းထဲဝင်တော့မယ်။ ဒါနဲ့ ကိုသူရိန်ရော ပြန်တော့မှာမဟုတ်လား? လိုက်မပို့တော့ဘူးနော်'
သူရိန်: 'ရတယ်၊ ပို့စရာမလိုဘူး။ ကိုလည်း ဒီမှာပဲအိပ်မှာ'
Naymin&Wine: 'ဟင်!😧😦'
Naymin: 'ဘာလို့ဒီမှာအိပ်မှာလဲ? မင်းမှာအိမ်မရှိလို့လား?'
သူရိန်: 'အိမ်ရှိပေမယ့် ဒီလောက်ညဉ့်နက်နေတာကို...ပြန်လို့မဖြစ်ပါဘူး'
(ဟွန်း...ငါ့ကိုအတင်းပြန်ခိုင်းနေတယ်။ မင်းကဝိုင်နဲ့နှစ်ယောက်တည်းရှိချင်လို့မဟုတ်လား? ငါသိသားပဲ။ လုံးဝမရဘူး😏)
Naymin: 'ဘယ်တုန်းကအဲ့လောက်နုသွားရတာလဲ?'
သူရိန်: 'ဘာဖြစ်ဖြစ်ပါ ဒီည ဒီမှာပဲအိပ်လိုက်တော့မယ်လေ နော်'
Wine: 'ဝိုင့်ကိုမပြောနဲ့ ဝိုင်နဲ့မဆိုင်ဘူး။ ဒီအိမ်ကနေမင်းအိမ်ဆိုတော့ သူ့ကိုပဲပြော'
Naymin: 'ငါ့အိမ်မှာအခန်း ၂ ခန်းပဲရှိတာ...မင်းအတွက်နေရာမရှိဘူး'
သူရိန်: 'မင်းနဲ့အတူအိပ်လို့ရတာပဲ'
(မင်းကိုစိတ်မချတာ...)
Naymin: 'ငါက ငါ့ဘေးနားလူရှိရင်မအိပ်တတ်ဘူး'
(ဒီကောင်ပြန်မှာဖြစ်မပြန်ပဲနဲ့ ဘာလာရစ်နေတာလဲ? ဘာတွေကြံနေတာလဲမသိဘူး😏)
သူရိန်: 'ဒါဆိုလည်း ဒီဆိုဖာပေါ်မှာပဲအိပ်လိုက်တော့မယ်လေ။ အဆင်ပြေတယ်မှတ်လား?'
Wine: 'အင်း! ဒီလိုလည်းဖြစ်တာပဲ'
Naymin: (မဖြစ်ဘူး ဒီဆိုဖာက ဝိုင့်အခန်းနဲ့အရမ်းနီးလွန်းတယ်။ ဒီကောင်ကယုံရတာမဟုတ်ဘူး)
'ဪ...ဆိုဖာပေါ်မှာဆိုတော့ အိပ်ရတာဘယ်အဆင်ပြေပါ့မလဲ။ ရပါတယ် ဒီတစ်ရက်တော့ ငါပဲသည်းခံလိုက်ပါ့မယ်။ ငါ့အခန်းမှာပဲအိပ်ကြတာပေါ့'
Naymin&သူရိန်: (ဟွန်း ဟွန်း ဟွန်း...ရန်သူဆိုတာ မျက်စိကွယ်ရာမှာထားရင် ပိုပြီး စိတ်မချရဘူး။ မျက်စိရှေ့မှာထားမှတော်ကာကျမှာ🤔)
Wine: 'ဒါဆိုလည်း အဆင်ပြေသွားပြီမဟုတ်လား? ငါဝင်တော့မယ်'
Naymin: 'ဝင်လေ! အခန်းတံခါးလော့ချထားဦး'
Wine: 'ဘာလို့လဲ?'
Naymin: 'ဪ...ငါက ညကျ အိပ်ရင်းလမ်းထလျှောက်တတ်လို့ မှားဝင်မိမှာစိုးလို့ပါ'
(ဒီကောင့်ကိုမယုံလို့လေ၊ ငါသတိလက်လွတ်ဖြစ်တာနဲ့ ဒီကောင့်အကြံဆိုးတွေအောင်မြင်သွားမှာစိုးလို့)
Wine: 'အင်း! အင်း!'
Naymin&သူရိန်: (အင်း....ဒီညမအိပ်ပဲစောင့်ကြည့်ရမယ်🤔🤔)

မိနစ်အနည်းငယ်ကြာသောအခါ ပင်ပန်းနေသောခန္ဓာကိုယ်ကဆက်မတောင့်ခံနိုင်တော့သောကြောင့် နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြတော့သည်။
-------------------------------------------

PoisonWhere stories live. Discover now