Unicode Versionညနေဆည်းဆာရဲ့အလှအောက်တွင် ဝိုင်တစ်ယောက် ကမ်းခြေကဈေးရောင်းတဲ့ ကလေးတစ်စုနဲ့ ဆော့ကစားနေသည်။ ဆော့ရင်းကမောလာ၍ ခဏရေလာသောက်တုန်း မိုးထက်မြင့်က
'မင်းက ကလေးချစ်တတ်တာလား?' ဟုမေးသည်။Wine: 'မချစ်တတ်ပါဘူး။ ဒါပေမယ့် ကလေးတွေကတော့ ကျွန်မကိုချစ်တယ်'
MHM: 'ကလေးသာမချစ်တတ်တယ်! ကလေးတွေအနားမှာချည်းပဲ။ ငါ့ကိုတောင်ပစ်ထားတယ်'
Wine: 'ရှင်ကလည်းလေ၊ ကလေးနဲ့တော့ ပြိုင်မနေပါနဲ့။ ရှင်ကဆော့လို့ရတဲ့အရွယ်မှမဟုတ်တော့တာ'
MHM: 'ကလေးမချစ်တတ်ဘူးဆိုပြီး ကလေးတွေနဲ့ဆော့ရတာ စိတ်မကျဉ်းကြပ်ဘူးလား?'
Wine: 'ပြောသားပဲ! ကလေးတွေက ကျွန်မကိုချစ်တယ်လို့။ ကလေးမချစ်တတ်ဘူးဆိုတာတော့ဟုတ်ပေမယ့် ကိုယ့်ကိုချစ်တဲ့ကလေးတွေကိုတော့ချစ်ပါတယ်။ ရှင်နဲ့စကားပြောရတာကြာတယ်။ ကျွန်မဘော်ဒါတွေစောင့်နေပြီ၊ သွားလိုက်ပါဦးမယ်'
MHM: 'ကောင်းပါပြီဗျာ! ကျွန်တော်နဲ့ဆော့မယ့်အချိန်ကို စောင့်နေပါ့မယ်'
Wine: 'ဘာတွေပြောနေမှန်းကိုမသိဘူး။ အရှက်ကိုမရှိဘူး' ဆိုပြီး ရှက်ရှက်နှင့်ထွက်ပြေးသွားသည်။မိုးထက်မြင့်လည်း မိမိဘာပြောမိသွားမှန်းကိုယ်တိုင်တောင်မသိလိုက်သဖြင့် ဝိုင့်ကျောပြင်ကိုငေးရင်း ကြောင်တောင်တောင်ဖြင့်ရပ်နေသည်။
'ငါဘာပြောလိုက်မိလို့ပါလိမ့်🤔'ထိုနောက် ကမ်းခြေက ကလေးများဖြင့်ဆော့ကစားနေသောဝိုင့်ကို ကြည့်၍ ကြည်နူးစွာပြုံးနေသည်။
MHY: 'ဟင်! ကိုမိုးထက်မြင့်ပါလား။ မပြန်ကြသေးဘူးလား?'
MHM: 'ဪ! မင်းပဲ။ အေးကွာ...ကလေးထိန်းနေရလို့'
MHY: 'ဗျာ! ကလေး?'
MHM: 'ဟိုမှာကြည့်လေ'မြတ်ဘုန်းရောင်လည်း မိုးထက်မြင့်မေးငေါ့ပြရာကိုလိုက်ကြည့်တော့မှ ဝိုင့်ကိုတွေ့သည်။
MHY: 'ဝိုင်မဟုတ်လား? '
MHM: 'အေးလေ။ ဘာစိတ်ကူးပေါက်လဲမသိဘူး၊ ကမ်းခြေကဈေးရောင်းနေတဲ့ကလေးတွေနဲ့ဆော့နေတယ်'နှစ်ဦးသား ဝိုင့်ကိုပြုံး၍သာ ကြည့်နေကြသည်။
ထိုစဉ်......
🎶🎵................Ringtone
MHM: 'ညီလေး! ခဏလောက်ကြည့်ထားပေးလို့ရမလား? အစ်ကိုဖုန်းခဏသွားပြောမလို့'
MHY: 'ရပါတယ်အစ်ကို'