Ep-85

408 16 0
                                    

Unicode Version

အိမ်ပြန်ရောက်တော့ မိုးထက်မြင့် အိပ်ရာထဲပစ်လှဲချကာ အိပ်ပျော်သွားတော့သည်။ ဝိုင်လည်း မိုးထက်မြင့်ရဲ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှန်းသေချာမှ အပြင်ထွက်လာခဲ့သည်။

Wine: 'Hello! နေမင်းရေ လာခေါ်လို့ရပြီ'
--------------------------------------
Naymin: 'နင်သေချာရဲ့လား? အဲ့လူနဲ့သွားတွေ့မယ်ဆိုတာ'
Wine: 'သေချာတယ်'
Naymin: 'အန္တရာယ်များတယ်နော်!'
Wine: 'ငါဖေဖေ့ရဲ့သမီးတစ်ယောက်အနေနဲ့ မပြီးပြတ်သေးတဲ့တာဝန်တွေ လုပ်ရဦးမယ်။ အန္တရာယ်ဘယ်လောက်များများပါ...ဖေဖေ့နာမည်ကိုသန့်စင်နိုင်ဖို့ ငါအစွမ်းကုန်လုပ်ရမယ်'

ဝိုင့်စိတ်က ဆုံးဖြတ်ပြီးသားဖြစ်နေသဖြင့် နေမင်းစောတကမတက်တော့ပဲ လိုက်လျောရတော့သည်။
----------------------------------
ဦးသတိုး: 'ကလေးတို့နှစ်ယောက်တည်းလာတာသေချာလား?😃'
Wine: 'ရှင်ဘယ်နှစ်ယောက်မြင်လို့လဲ?'
ဦးသတိုး: 'သတ္တိကောင်းလှချည်လား....လာရင်းကိစ္စပြောပါဦး'
Wine: 'ရှင်က ကျွန်မအဖေဦးမင်းလွင်နဲ့ ဦးမိုးဟိန်းတို့ရဲ့ သူငယ်ချင်းဆိုတာကျွန်မသိပြီးပြီ။ အခုသိချင်တာက ကျွန်မအဖေနဲ့ ဦးမိုးဟိန်းကြားက ဆက်ဆံရေးဘယ်လိုရှိလဲဆိုတာပဲ'
ဦးသတိုး: (မင်းလွင်ရဲ့သမီးလား?😐ဒါနဲ့ အနောက်က ဟိုသူငယ်က ဘယ်လိုပါလာတာလဲ? သက်တော်စောင့်လား?)
'ငါကသူတို့သူငယ်ချင်းပါလို့ နင့်ကိုဘယ်သူပြောလဲ? ငါသူတို့ကိုမသိဘူး'
Wine: 'အင်း ကျွန်မလည်း ရှင်ပြောသလိုပဲဖြစ်စေချင်ပါတယ်။ ကျွန်မအဖေကို ရှင့်လို တရားမဝင်နည်းလမ်းတွေနဲ့ ပိုက်ဆံရှာနေတဲ့လူနဲ့သူငယ်ချင်းမဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ဒီဓာတ်ပုံထဲမှာတော့ ရှင့်နာမည်နဲ့ ရှင့်အကြောင်းပါနေတယ်နော်'

ဝိုင်ထောင်ပြလိုက်တဲ့ ဓာတ်ပုံကိုကြည့်လိုက်တော့ သူငယ်ချင်းသုံးယောက်အတူတူ ရိုက်ထားသော အမှတ်တရပုံလေး။ ဒီပုံလေးက သူတို့သုံးယောက်လုံးမှာ တစ်ပုံစီရှိကြတယ်။

ဦးသတိုး: 'နင်..နင် အဲ့ပုံဘယ်ကရလဲ? အခုချက်ချင်းငါ့ကိုပေးစမ်း'
Wine: 'ဓာတ်ပုံလိုချင်လို့လား? ရတယ်လေ ရော့...'

PoisonWhere stories live. Discover now