Unicode Version
ညနေအလုပ်ဆင်းတော့ နေမင်းက ကားပေါ်မှာ ဝိုင့်ကိုထိုင်စောင့်နေသည်။ ဝိုင်ကတော့ အလုပ်သင်ဝန်ထမ်းဖြစ်တာမို့ ဝန်ထမ်းအားလုံး ရုံးဆင်းပြီးမှ ဆင်းရသည်။ နေမင်း ကားရှေ့ကို တစ်စုံတစ်ခုက ရုတ်တရက်ဝင်တိုက်တဲ့အသံကြားသဖြင့် ကားပေါ်မှဆင်း၍ ကြည့်တော့ မိန်းကလေးတစ်ယောက် ကားအရှေ့၌ ထိုင်လျက်လဲကျနေသည်ကိုတွေ့ရသည်။
Naymin: 'မင်း အဆင်ပြေရဲ့လား?'
Zarchi: 'ဟုတ် အဆင်ပြေပါတယ်'
Naymin: 'ခေါင်းတွေဘာတွေရော တစ်နေရာရာနဲ့တိုက်မိခဲ့သေးလား?'
Zarchi: (ငါ့ကိုရူးတယ်လို့များပြောချင်နေတာလား?)
'ကျွန်မခေါင်းအဆင်ပြေပါတယ်'
Naymin: 'အဆင်ပြေရင် ဘာကိစ္စရပ်ထားတဲ့ကားကို လာဝင်တိုက်တာလဲ?'
Zarchi: 'သူဌေးကလည်း ဒီမှာခြေထောက်နာသွားတာကို ဘာလို့ အပြစ်ပဲပြောနေတာလဲ?'
Naymin: (သူဌေး? ဪ....ငါ့ဝန်ထမ်းထင်တယ်)
'ထလို့အဆင်ပြေလား?'
Zarchi: 'မပြေဘူး ခြေထောက်ကနာနေတယ်'
Naymin: (ပုံစံကြည့်ရတာ အဆင်ပြေနေပုံပါပဲ။ သူ့ကိုခေါ်သွားပြီး ဝိုင့်ကိုထားခဲ့ရင် ဝိုင်ငါ့ကိုစိတ်ဆိုးမလားမသိဘူး)
'ဒါဆိုလည်း ခဏစောင့်! Taxi ခေါ်ပေးလိုက်မယ်'
Zarchi: 'အာ....ဘာလို့ Taxi အပင်ပန်းခံပြီးခေါ်နေမှာလဲ? သူဌေးကားနဲ့သွားလည်းရတာပဲကို'
Naymin: (ဒုက္ခပဲ...ဘယ်လိုရှောင်ရပါ့မလဲ?)
'ငါရုံးဆင်းတာတောင် ဒီမှာဘာလို့ ကားရပ်ထားသေးတယ်ထင်လဲ?'
Zarchi: 'မသိဘူးလေ၊ ဘာလို့လဲ?'
Naymin: 'ကားပျက်နေလို့ပေါ့....အဲ့တော့ စိတ်မကောင်းပါဘူး။ လိုက်ပို့ချင်ရင်တောင် လိုက်ပို့လို့မရတော့ဘူး'
Zarchi: 'ဒါဆိုလည်း Taxi တော့ခေါ်မပေးပါနဲ့တော့။ ကျွန်မဘာသာပဲ သွားလိုက်ပါတော့မယ်'
Naymin: 'ဒီလိုဆိုလည်း လိုက်မပို့တော့ပါဘူး။ ကြွပါ'ဇာခြည်ထွက်သွားမှ နေမင်းလည်း စိတ်ချလက်ချဖြင့် ကားထဲဝင်ကာ ဝိုင့်ကိုပြန်စောင့်နေတော့သည်။
Naymin: 'ဟူး....မလွယ်ပါလား။ ကိုမိုးထက်မြင့်နဲ့တုန်းက ဘယ်လိုများ တိုးတိုးတိတ်တိတ်နေခဲ့ကြလဲမသိဘူး'
-------------------------------------------တစ်နေ့လုံး အခန်းထဲမှ ထွက်မလာသော မောင်ဖြစ်သူကို စိတ်ပူ၍ နွယ် အခန်းတံခါးကို သော့အပိုဖြင့်ဖွင့်၍ ဝင်လာသည်။ အခန်းထဲရောက်သောအခါ ကုတင်ခြေရင်း၌ ကျုံ့ကျုံ့လေးထိုင်ကာ မျက်ရည်များတသွင်သွင်စီးကျနေသော မိုးထက်မြင့်ကိုမြင်၍ ရင်ထဲ ဆို့နင့်သွားရတော့သည်။