Unicode Versionလွန်ခဲ့တဲ့ ၄ နှစ်လောက်က ကျွန်တော်တို့အိမ်က အဖေ့လုပ်ငန်းခွဲကြောင့် ရန်ကုန်ကိုပြောင်းလာရတယ်လေ။ တက္ကသိုလ်ဆိုတော့ သိတဲ့အတိုင်းပဲ အကုန်လုံးက အုပ်စု ၊အုပ်စုတွေနဲ့။ ကျွန်တော်ရောက်ရောက်ချင်း ဘယ်သူကမှအဖက်မလုပ်ကြဘူး။ ကျွန်တော်မှတ်မိသလောက်တော့ ကျွန်တော့်ကို ပထမဦးဆုံးစကားလာပြောတာ နေမင်းနဲ့ ဝိုင်နဲ့ဗျ။
{Naymin: 'မင်းနာမည်က သူရိန်မှတ်လား?'
သူရိန်: 'အင်း'
Naymin: 'ငါ့နာမည်က နေမင်း။ သူရိန်နေမင်း ဆိုတဲ့နာမည်ကို ငါတို့က တစ်ဝက်စီခွဲယူထားကြတာပဲ...ဟားဟား။ ငါတို့သူငယ်ချင်းဖြစ်လို့ရတယ်။
သူရိန်: 'အင်း'
Naymin: 'အာ! မင်းက အင်း တစ်လုံးတည်းပြောတတ်တာလား? ထားပါ။ ဒါနဲ့မိတ်ဆက်ပေးရဦးမယ် သူ့နာမည်က ဂျပု'
Wine: 'ဘာ? နင်တစ်စက္ကန့်လောက် ငါ့ကို မစပဲနေလို့ရမလား? Nice to meet u! ငါ့နာမည် ဝိုင်'
လို့ပြောပြီး ကျွန်တော့်ကို လက်ကမ်းပေးတယ်။
Naymin: 'နင်လည်း တစ်စက္ကန့်လောက် မပုပဲနေလို့ရမလား?'
Wine: 'နင် ပြောလေ ကဲလေ'}
သူတို့ကိုကြည့်တိုင်းအားကျရတယ်ဗျ။ တစ်ယောက်ကိုတစ်ယောက်တော်တော်လေးကို အနစ်နာခံပြီး ချစ်ကြတဲ့ သူငယ်ချင်းတွေဗျ။ ကျွန်တော် သူတို့ကိုမြင်တိုင်းလောဘတက်မိတယ်'ဒီလိုသူငယ်ချင်းမျိုးလိုချင်တယ်' ဆိုပြီးတော့လေ။
MHM: 'အဲ့တော့ မင်းတို့ဘယ်လိုတွဲဖြစ်သွားတာလဲ?'
Naymin: 'တစ်နေ့ကျ ကျောင်းရဲ့ Fresher Welcome မှာ နေမင်းနဲ့ ကျွန်တော် ခန်းမကို လာတုန်း ဝိုင်တစ်ယောက်တည်း ပြေးလွှားနေတာကိုမြင်တော့
{Naymin: 'ဟေး ဂျပု! ဘာတွေအလုပ်ရှုပ်နေတာလဲ?'
Wine: 'နေမင်း! နင်လာတာနဲ့အတော်ပဲ။ ငါတို့မေဂျာက King ကောင်လေ သူ၊ သူ'
Naymin: 'ဘာလဲ? နင့်ကိုရည်းစားစကားပြောပြန်ပြီလား? ငါအဲ့ကောင်ကို သမ မယ်။ ဘယ်မှာလဲ အဲ့ကောင်'
Wine: 'ပျောက်နေတယ်!'
Naymin: 'အေး ငါသွားမယ်....ဟမ်! ပျောက်နေတယ်?'
Wine: 'အေး! အဲ့ဒါကြောင့်ရှာနေရတာပေါ့။ ပွဲက စ တော့မယ်။ လူစားထိုးရှာဖို့လည်း အချိန်မမှီတော့ဘူး'
Naymin: 'နင်ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ?'
Wine: 'ငါအရမ်းသိချင်တာပဲ၊ နင့်ခေါင်းထဲဘာတွေနဲ့ပြည့်နေလဲဆိုတာလေ။ ဘာလုပ်ရမှန်းမသိလို့ပဲ ငါ ဒီလောက်အသည်းအသန်ဖြစ်နေတာပေါ့'
Naymin: 'အေးပါဟာ နင်ကလည်း ပြောမယ်ဆိုတာချည်းပဲ။ အဲ! ငါအခုပဲ တစ်ခုစဉ်းစားမိတယ်'
Wine: 'ဘာလဲ?'
Naymin: 'သူရိန့်ကိုအစားထိုးလိုက်မယ်ဆိုရင်ရော?'
Wine: 'ဟုတ်သားပဲ! ငါမစဉ်းစားမိဘူး။ ဒီလိုကျတော့ နင့်ခေါင်းကြီးက သုံးလို့ရသေးတာပဲဟ။ ဒါနဲ့ ကိုသူရိန် ဘယ်လိုလဲ ဝိုင့်ကိုကူညီပေးမယ်မှတ်လား?'
သူရိန်: 'ကျွန်တော်ကူညီရင် ဝိုင် အဆင်ပြေသွားမှာလား?'
Wine: 'ဒါပေါ့'}
အဲ့လိုနဲ့ ကျွန်တော် ဝိုင့်ကိုကူညီပြီး အစားထိုး King ဝင်လုပ်ပြီးတော့ King ပြိုင်ရင်းနဲ့ The Whole King ရခဲ့တယ်။
MHM: 'မင်းကိုကြွားခိုင်းနေတာမဟုတ်ဘူး။ ဝိုင်နဲ့ဘယ်လိုတွဲဖြစ်ခဲ့တာလဲ မေးတာ'
သူရိန်: 'လာမယ်လေ။ ဒီကစတာပဲ'
ကျွန်တော်နဲ့ခင်တဲ့ သူငယ်ချင်းတချို့က ဝိုင့်ကိုလိုက်ဖို့ အလောင်းအစားလုပ်နေကြတာတွေ့တယ်။
{သူရိန်: 'မင်းတို့ကဘာသဘောလဲ? မိန်းကလေးတစ်ယောက်ကို အလောင်းအစားနဲ့လိုက်မယ်ပေါ့'
Other: 'မင်းအပူမပါဘူးထင်တယ်နော် King။ ငါတို့က မင်းကိုကြောင်နေတဲ့ မိန်းကလေးတွေလိုတော့ မင်းကိုအလျှော့ပေးနေမယ်မထင်နဲ့။ မင်းငါတို့နဲ့ ဝေးဝေးနေတာကောင်းမယ်။
သူရိန်: 'မင်းတို့လည်း ဝိုင်နဲ့ဝေးဝေးနေလေ'
Other: 'ဘာလဲ? မင်းကြိုက်လို့လား? ဟင်း...မင်းကြိုက်ရင်လိုက်လေ။ မင်းရသွားရင် ငါတို့မလိုက်တော့ဘူး'}
ကျွန်တော် အစကတော့ သူတို့ရန်ကနေလွတ်အောင်ပဲ ဝိုင့်ကိုလိုက်ချင်ယောင်ဆောင်လိုက်တာဗျ။ ဝိုင်ကလည်း ပြန်မကြိုက်လောက်ဘူးထင်လို့လေ။ ဒါပေမယ့် မထင်ထားဘူး၊ ဝိုင်ကျွန်တော့်ကိုလက်ခံခဲ့တယ်။
