Ep-98

395 20 0
                                    

Unicode Version

ဧည့်သည်များပြန်သွားသောအခါ မိုးထက်မြင့်တစ်ယောက် နေရောင်တို့နှင့် စကားလက်ဆုံကျနေသည်။ လူကသာနေရောင်တို့နဲ့စကားပြောနေတာ စိတ်ကတော့ ဝိုင့်ဆီပဲရောက်ပြီး ပြုံးဖြီးနေသည်။

နေရောင်: 'ဟေ့ရောင်! ငါတို့ပြောတဲ့အထဲ ရယ်စရာလည်းမပါပဲ ဘာလို့ရယ်နေတာလဲ?'
MHM: 'ငါဟာငါ ရယ်ချင်လို့ရယ်တာပေါ့'
​Other: 'မသိပါဘူးကွာ...ငါတို့က မင်းတစ်စုံတစ်ယောက်အကြောင်းတွေးပြီးကြည်နူးနေတာများလားလို့'
MHM: 'ဘယ်မှာကြည်နူးလို့လဲ?'
Other: 'ဒီကောင်ကြီးနော် ပြောတော့သာမချစ်ဘူး မချစ်ဘူးနဲ့ လုံးဝ...'
MHM: 'ဘယ်သူကချစ်တယ်ပြောလို့လဲ?'

ကံဆိုးချင်တော့ သူတို့စကားဝိုင်းကို ဝိုင်အမှတ်မထင်ကြားမိသွားသည်။

Wine: 'ဒါဆိုဘာလို့လဲ?'

ဝိုင့်ကိုမြင်တော့ မိုးထက်မြင့်အပါဝင်သူငယ်ချင်းများအားလုံး လန့်သွားကြသည်။

MHM: 'ဝိုင်!'
Wine: 'မချစ်ပဲနဲ့ ဘာလို့လဲ? ပြီးတော့ စတွေ့တဲ့အချိန်ကနေစပြီး အခုထိ ရှင့်ဘက်ကမရိုးသားခဲ့ဘူးဆိုတာဟုတ်လား?'
MHM: (ဝိုင်ဘယ်ကနေကြားလာတာလဲ?)
'ဘာတွေပြောနေတာလဲ ဝိုင်ရဲ့'

မိုးထက်မြင့်က ဝိုင့်လက်ကိုဆွဲကိုင်ရန်ပြင်ဆင်တုန်း ဝိုင်ကနောက်ကိုဆုတ်လိုက်သည်။

Wine: 'မထိနဲ့! ရှင့်စိတ်ထဲကနေ မုန်းနေတယ်မဟုတ်လား? ရှင့်အဖေကိုသတ်တဲ့သူရဲ့ သမီးဖြစ်နေလို့လေ'
MHM: (ဝိုင်ဒါတွေကို ဘယ်ကနေကြားလာတာလဲ)
'မဟုတ်ဘူး ဝိုင်! ကိုရှင်းပြမယ်'
Wine: 'ရှင်းပြတယ်ဆိုတာ ရှုပ်ထားတဲ့လူတွေရဲ့အလုပ်လေ။ ကိုမိုးထက်မြင့်! ရှင်ရှုပ်ထားလို့လား?'
MHM: 'မဟုတ်ဘူး'

အခြေအနေတင်းမာလာသဖြင့် ပြဿနာကိုပြေရာပြေကြောင်းဖြစ်အောင် နေမင်းဝင်တားရတော့သည်။

Naymin: 'ကိုမိုးထက်မြင့်ရော ဝိုင်ရော စိတ်အေးအေးထားပါ။ ဒီကိစ္စကသွေးပူတုန်းဖြေရှင်းလို့ရတဲ့အရာမဟုတ်ဘူး'
Wine: 'နင်ဘယ်လိုမြင်နေတာလဲ? ငါကသာသွေးပူချင်ပူနေမယ် သူကတော့ သွေးအေးလွန်းနေတယ်လေ။ ဒါကြောင့်လည်း ဒီလောက်ရက်စက်တဲ့အလုပ်ကိုလုပ်တာပေါ့'
MHM: 'မဟုတ်ဘူး ဝိုင် ကိုပြောတာနားထောင်ဦး'
Wine: 'ရှင်သာ ကျွန်မနေရာမှာဆိုရင်ရော...နားထောင်ချင်ပါ့မလား?'
MHM: 'ဟင့်အင်း! ဒါပေမယ့် နားထောင်သင့်ရင်တော့ နားထောင်ရမှာပဲလေ'
Wine: 'ဒါဆို ကျွန်မမေးတာအရင်ဖြေ! ပြီးရင်ဆက်နားထောင်သင့် မထောင်သင့် ကျွန်မဆုံးဖြတ်မယ်'
MHM: 'မေးပါ'
Wine: 'ရှင်ကျွန်မကို လက်စားချေချင်လို့လက်ထပ်ခဲ့တာဆိုတာ ဟုတ်လား?'
MHM: 'အစကတော့ အဲ့လိုစိတ်မျိုးရှိခဲ့ပါတယ်။ ဒါပေမယ့်...'
Wine: 'မေးတာမဆုံးသေးဘူး။ ကျွန်မနဲ့လက်ထပ်ပြီး ၃ နှစ်ကြာမှ အမွေတွေရမယ်ဆိုတာကရော တကယ်လား?'
MHM: (ဟင် ဒါကိုဘယ်ကနေသိလာတာပါလိမ့်😳)
'ဒါက....'
Wine: 'ဖြေလေ!'
MHM: 'အင်း😣'
Wine: 'ဒါဆိုရှင်းသွားပြီပဲ...ဘာမှထပ်နားထောင်စရာမလိုတော့ဘူး။ လက်စားချေချင်တာနဲ့ အမွေကြောင့်နဲ့ မိန်းကလေးတစ်ယောက်ကိုလက်ထပ်နိုင်ခဲ့တာ။ ရှင့်လိုလူမျိုးရဲ့ရင်ထဲက အချစ်ကိုမျှော်လင့်ခဲ့မိတာ ကျွန်မအမှားပေါ့။ တောင်းပန်ပါတယ်....ကျွန်မကြောင့်နဲ့ ရှင့်အမွေတွေကိုဆုံးရှုံးရတော့မယ်'
MHM: 'ဘာကိုဆိုလိုတာလဲ?'
Wine: 'လန့်သွားပုံထောက်ရင် အမွေတွေကိုလက်မလွှတ်ချင်ဘူးထင်ပါရဲ့။ ရပါတယ် ကွာရှင်းစာချုပ်မှာ ၃ နှစ်ကြာမှ လက်မှတ်ထိုးပေးမယ်လေ။ ဒါက ရှင့်လိုလူမျိုးကိုချစ်မိတဲ့အတွက် ကျွန်မကိုယ်ကျွန်မအပြစ်ပေးတာလို့ပဲမှတ်လိုက်ပါ'
MHM: 'မဟုတ်ဘူး ဝိုင်။ အဲ့လိုမလုပ်ပါနဲ့ တောင်းပန်ပါတယ်'
Wine: 'သွားလိုက်ပါဦးမယ်။ ဒီကြားထဲ ကျွန်မရှေ့ကိုဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ်ရောက်မလာပါနဲ့။ မမြင်ချင်တာမို့လို့'
MHM: 'မသွားပါနဲ့ ဝိုင်! ကိုတောင်းပန်ပါတယ်...'

PoisonWhere stories live. Discover now