Ep-40

530 28 0
                                    


Unicode Version

MHM: 'ဝိုင် ရယ် Mark ရယ် ကျွန်တော်နဲ့ အထည်ချုပ်စက်ရုံလိုက်ခဲ့ပါ'
အတွင်းရေးမှူးလုပ်ဖူးသော Mark ကတော့ သူဌေးရဲ့ တစ်သွေး တစ်သံ တစ်မိန့်တည်းပဲ၊ မိုးထက်မြင့်ပြောပြီးတည်းက ပစ္စည်းတွေကောက်သိမ်းနေလိုက်တယ်။ ဝိုင်ကတော့ အလုပ်တွေမပြီးသေးတာကြောင့် သိပ်တော့မလိုက်ချင်။
Wine: 'သေချာပေါက် လိုက်မှရမှာလား သူဌေး?'
MHM: 'မင်းကလေ သေးသေးလေးပဲဖြစ်ဖြစ် Complain တက်လိုက်ရမှနော်။ လိုက်မှာဖြင့်လိုက်ခဲ့'
Wine: 'ဟုတ်ပါပြီ။ ရ၊ မရ ပဲသိချင်တာပါ။ မရဘူးဆိုတော့လည်း လိုက်ခဲ့ပါ့မယ်'
ဝိုင်လည်း ငြင်းမရတဲ့အဆုံး ကစ္စည်းပဲသိမ်းနေလိုက်တော့သည်။ Mark ကတော့ သူဌေးနဲ့ ဝိုင့်ကိုနားမလည်နိုင်စွာကြည့်နေသည်။ နေမင်းကလည်း ဝိုင့်ယောက်ျားက ဘယ်သူ ဘယ်ဝါဆိုတာ မပြောပြထားဘူးလေ။
Mark: (သူဌေးက ဝိုင့်ကိုဆို အရမ်းအလျှော့ပေးသလိုပဲ။ သူဌေးလည်း ငါ့ဆရာလိုပဲလား။ ဒါပေမယ့် ဝိုင့်မှာ ယောက်ျားရှိတယ်လေ။ မသိဘူးထင်တယ်)
သုံးယောက်သား အထည်ချုပ်စက်ရုံသို့ထွက်လာခဲ့သည်။ အထည်ချုပ်စက်ရုံရောက်တော့လည်း Mark ကတစ်ဖက် မိုးထက်မြင့်နဲ့ဝိုင်တို့က တစ်ဖက် ခွဲ၍ စာရင်းပြုရသည်။ အလုပ်လုပ်ရင်းနှင့် ညနေစောင်းသွားသည်ကိုပင် မသိလိုက်။
Mark: 'အချိန်တောင်ဒီလောက်ရှိသွားပြီပဲ...'
MHM: 'ဟုတ်ပါရဲ့! မင်းတို့နေ့လည်စာတောင်လွတ်သွားတယ်'
Mark: 'ဟုတ်ပါ့၊ တော်တော်ကြာမှ ဒီလိုအကြာကြီးအလုပ်လုပ်ရလို့လားမသိဘူး။ နေ့လည်စာပါမေ့တယ်။ ဒါနဲ့ ဝိုင်ရော?'
MHM: 'Toilet သွားတယ်'
ထိုအချိန်တွင် ဘေးနားက ဖြတ်သွားသော စက်ရုံအလုပ်သမားလေးနှစ်ယောက်က သန့်စင်ခန်းအကြောင်း တီးတိုးပြောနေသံကို မိုးထက်မြင့်တို့ ကြားလိုက်ရသည်။
{ 'ဟဲ့! အိမ်သာပြင်မယ့်သူတွေရောက်မလာသေးဘူးလားမသိပါဘူး။ ငါတို့တွေမှာ အိမ်သာသွားချင်ရင် အဝေးကြီးကို သွားနေရတယ်'
'ဟုတ်ပါရဲ့ဟယ်။ သူတို့ကလည်း ပိုက်ဆံပေးတာနည်းလို့ထင်ပါရဲ့၊ သိပ်မလာချင်ကြဘူး'}
ထိုစကားတွေကိုကြားပြီး နှစ်ယောက်သား ပြာယာခတ်သွားကြသည်။
MHM: 'ညီမတို့! အိမ်သာကဘာဖြစ်လို့လဲ?'
ဝန်ထမ်း: 'ဪ၊ သူဌေး! ဟိုလေ...အမိုးက နဲ့နေတာ၊ ပြိုကျလုဆဲဆဲ ဖြစ်နေလို့ပါ'
MHM: 'ဘာ!'
ပို၍ပင်ပြာယာခတ်သွားပြီး နှစ်ယောက်လုံး Toilet သို့ ပြေးလေသည်။ Toilet ရှေ့ရောက်တော့ အမိုးပြိုနေသည်ကိုတွေ့ပြီး လန့်သွားကာ 'ဝိုင်ရေ!' ဟူသောအသံကြီးများဖြင့် နှစ်ယောက်လုံး ပြာပြာသလဲ အော်ခေါ်ကြသည်။ အကြိမ်များစွာအော်ခေါ်နေသော်လည်း ထူးသံတစ်စုံတစ်ရာမျှပေါ်မလာသဖြင့် မိုးထက်မြင့် Toilet ထဲဝင်ရန်ပြင်သည်။ ထိုအခါမှ ဘေးနားက အဖိုးတစ်ယောက်က ဝင်ပြောလေသည်။
အဖိုး: 'လူလေး! အန္တရာယ်များတယ်ကွဲ့'
MHM: 'မဖြစ်ဘူး အဖိုး။ ကျွန်တော့်ဇနီး ဒီထဲရောက်နေလို့ပါ'
ထိုအခါမှ Mark လည်း အံ့ဩသွားသည်။ (ဇနီး? ဒါဆို...ဒါဆို ဝိုင့်ယောက်ျားက သူဌေးပေါ့)
အဖိုး: 'လူလေးပြောတဲ့ မိန်းကလေး ဒီထဲမှာ ရှိတာသေရောသေချာရဲ့လားကွဲ့။ အဖိုး ဒီနားမှာ ရှိနေတာကြာပြီ။ တစ်ယောက်မှ ဝင်သွားတာမတွေ့ဘူး'
Mark: 'သူဌေး! ထပ်ပြီး အော်ခေါ်ကြည့်ကြမလား? အဲ့ဒါမှ ပေါ်မလာတော့ရင် ကျွန်တော်ပါလိုက်ဝင်မယ်လေ'
မိုးထက်မြင့်လည်း ကြံရာမရတဲ့အဆုံး Mark စကားကိုလက်ခံလိုက်ရသည်။ သို့သော်လည်း toilet ထဲဝင်ရှာဖို့အတွက်တော့ ခြေလှမ်းတွေကအဆင်သင့်ဖြစ်နေပြီ။
MHM: 'ဝိုင်ရေ!'
နောက်ဆုံးပဲဟုတွေးပြီး ခေါ်လိုက်တော့မှ အနောက်က ဝိုင့်ရဲ့ထူးသံပေါ်လာခဲ့သည်။
Wine: 'ရှင်! ကိုမိုးထက်မြင့် ကျွန်မကိုခေါ်လိုက်တာလား?'
ဝိုင့်မျက်နှာမြင်လိုက်သောအခါ ဘာအတွေးမှမရှိပဲ၊ ဘာကိုမှစဉ်းစားမနေတော့ပဲ ဝိုင့်ဆီပြေး၍ ဝိုင့်ကို တင်းကြပ်စွာ ဖက်ထားလိုက်တော့သည်။

PoisonWhere stories live. Discover now