Ep-77

444 23 0
                                    

Unicode Version

MHY: (အင်း! တစ်ခုခုတော့ တစ်ခုခုပဲ...မရိုးသားဘူးလို့လည်းပြောမရဘူး။ သူတို့ကိုကြည့်ရတာ အရမ်းရိုးသားလွန်းနေတယ်🤔)

ခဏကြာတော့ မိုးထက်မြင့် မျက်နှာအဖြီးသားဖြင့် အအေးခွက်နှစ်ခွက်ကိုင်ကာ ရောက်လာသည်။

Wine: 'ရှင်ဘာရယ်နေတာလဲ? '
MHM: 'ဘာမှမရယ်ပါဘူး။ ဒီအတိုင်းပဲ ရယ်ချင်လာလို့'
Wine: 'ပြောစမ်းပါဦး! ဘာစိတ်ကူးပေါက်ပြီး ကျွန်မကို ကိုယ်ဝန်ရှိလိုက်ရတာလဲ?'

Others & MHY: 'ကိုယ်ဝန်ရှိတယ်!😳'
Wine: 'ရှင်တို့ကလည်းလေ၊  တကယ်ရှိတာမဟုတ်ပါဘူး။ အဲ့လောက်လန့်မနေပါနဲ့'
MHM: 'မင်းလည်းမြင်ရဲ့သားနဲ့ ၊ အဲ့နားမှာကောင်မလေးတစ်ယောက် ငါ့နားကမခွာလို့လေ။ စိတ်ရှုပ်နေတာ...မင်းရောက်လာတာနဲ့ အတော်ပဲဖြစ်သွားတယ်'
Wine: 'တခြားဟာပြောပါလား! ကိုယ်ဝန်ရှိတယ်လို့ပြောစရာလား? ကျွန်မကအပျိုလေးကို'

Others & MHY: 'ဟင်! အပျို!😳'
Wine: 'အဲ! မဟုတ်ပါဘူး။ အပျိုလိုခန္ဓာကိုယ်လေးရှိနေတုန်းဟာကို...ကိုယ်ဝန်ရှိတယ်လို့ပြောတော့ ယုံမှာမဟုတ်ဘူးလို့ ပြောတာပါ။ လန့်မယ်ဆိုတာချည်းပဲ😐 ရှင်တို့ကိုရှင်းပြနေရတာက တစ်လုပ်။ ရပြီ ဟိုတယ်ရောက်မှ ရှင်နဲ့ကျွန်မရှင်းမယ်'
MHM: 'ကောင်းပါပြီဗျာ...😊'
MHY: (ငါထင်တာတော့မှန်နေပြီထင်တယ်🤔။ ဒါဆို ဝိုင်တို့က ဘာတွေလဲ?)

Wine: 'ကိုမိုးထက်မြင့်! ဝိုင် Toilet ခဏသွားလိုက်ဦးမယ်'
MHM: 'လိုက်ပို့ရမလား?'
MHY&Others: 'ပိုလိုက်ကြတာဗျာ...အိမ်သာထိလိုက်ပို့မလို့တဲ့။ ကျွန်တော်တို့လို FA တွေကိုသနားကြပါဦးဗျာ'
MHM: 'ပိုတာမဟုတ်ပါဘူးဗျာ...ဝိုင်က ဘားဆို Coffee Bar ကလွဲပြီးမရောက်ဖူးဘူး။ Club တောင် ကျွန်တော်နဲ့ တစ်ခါပဲရောက်ဖူးတာ'
MHY: 'ဟာ! ဒါဆို ဝိုင်က ရှားပါးလူမျိုးပဲ'
Wine: 'ဘာတွေလျှောက်ပြောနေတာလဲ? ရတယ်နေခဲ့။ ကိုယ့်ဘာသာသွားမယ်'

ဝိုင် Toilet ထသွားတော့ မိုးထက်မြင့် မြတ်ဘုန်းရောင်တို့နဲ့ကျန်ခဲ့သည်။

MHY: 'ဘယ်လိုလဲ ကိုမိုးထက်မြင့်? အဆင်ပြေလား?'
MHM: 'အင်း! မဆိုးပါဘူး။ ဆိုင်အပြင်အဆင်လေးလည်းမိုက်တယ်။ ဆွဲဆောင်မှုရှိပါတယ်'
MHY: 'အာ...အဲ့ဒါကိုပြောတာမဟုတ်ဘူးလေ။ ဝိုင်နဲ့အဆင်ပြေလားမေးတာပါ။ ကိုမိုးထက်မြင့်လည်း ဒီလို ဒေါသကြီးတဲ့ကောင်မလေးကို တော်တော်သည်းခံရမှာပဲနော်?'
MHM: 'အဲ့လိုလည်းမဟုတ်ပါဘူး။ အဲ့နေ့က ဝိုင့်ပုံစံကို အစ်ကိုကိုယ်တိုင်လည်း အံ့ဩသွားတာ။ ဝိုင်ဒီလိုစိတ်တိုတာမမြင်ဖူးဘူး'
Others: 'တခြားတော့ကျွန်တော်တို့လည်းမသိဘူး။ ဒါပေမယ့် မြတ်ဘုန်းအမေနဲ့ရန်ဖြစ်တာတော့ တော်ရုံသတ္တိနဲ့မရဘူး'
MHM: 'ဟင်! ဘာလို့လဲ?'
Others: 'မြတ်ဘုန်းအမေက တော်တော်ဒေါသကြီးတာလေ။ အဲ့...အဲ့ဒါကြောင့်ပါ'
MHY: 'ပြောမယ်ဆိုလည်း အဆုံးထိပြောလိုက်တာမဟုတ်ဘူး။ စကားတွေပြန်မျိုချနေတယ်။ ငါရှိနေလို့မဟုတ်လား?'
Others: 'မင်းရှိနေတော့ မင်းအမေအကြောင်းပြောလို့မကောင်းဘူးလေကွာ။ မင်းပဲပြောလိုက်တော့'
MHY: 'ဒီလိုပါ ကိုမိုးထက်မြင့်ရေ...ကျွန်တော့်အမေက တော်တော်ဒေါသကြီးပြီး မာနလည်းကြီးတယ်။ အဲ့စိတ်နဲ့ ပတ်ဝန်းကျင်နဲ့လည်းခဏခဏရန်ဖြစ်တယ်။ နောက်ပိုင်း ပတ်ဝန်းကျင်ကလူတွေက အမေ့ကိုချော့ပေါင်းရတဲ့အထိပဲ😅။ ဒါပေမယ့် အဲ့နေ့မှာ ဝိုင်ကမာမီ့ကိုအနိုင်ရလိုက်တော့ အံ့ဩစရာကောင်းနေတာပေါ့'
MHM: 'ဪ.......ဒီလိုကိုး😂'
---------------------------------
Toilet ကထွက်လာတော့ ဝိုင်လူတစ်ယောက်နှင့်တိုက်မိပြန်သည်။ ဒီတစ်ခါ ဝိုင်ကစပြီး တိုက်မိတာမို့ တောင်းပန်ရန်လှည့်ကြည့်တော့ ထိုလူက ဆံပင်ရွှေရောင်၊ အသားဖြူဖြူ၊ မျက်ခုံးနက်နက်သာမက မျက်ကပ်မှန်လား နဂိုမျက်လုံးလားမသေချာသော မျက်လုံးပြာများလည်းရှိသည်။

PoisonWhere stories live. Discover now