Ep-55

488 26 0
                                    


Unicode Version

Club အပြင်ထွက်လာပြီး ကားရှိရာ ကားပါကင်ကိုသွားတော့ မိုးထက်မြင့်နဲ့ ဝိုင့်ကိုဖက်လျက်သားတွေ့ရသည့်အတွက် မနာလိုစိတ်များကြီးစိုးလာသည်။
'အား!'

Sammy ရဲ့ အော်သံကြောင့် မိုးထက်မြင့်ရော ဝိုင်ပါ လှည့်ကြည့်လိုက်တော့ Sammyကို ကြမ်းပြင်ပေါ်လဲကျလျက်သားတွေ့ရသည်။ မိုးထက်မြင့် နှင့်ဝိုင်လည်း ချက်ချင်းဆိုသလို Sammy ဆီပြေးသွားကြတော့သည်။

MHM: 'Sammy ! ဘာဖြစ်တာလဲ?'
Sammy: 'ဟိုလေ၊ ခလုတ်တိုက်ပြီးလဲတာ၊ နာလိုက်တာမိုးရယ်'

မိုးထက်မြင့်ကတော့ မယုံသလိုဖြစ်နေပေမယ့် ဝိုင်ကတော့ Sammy အတွက် စိတ်ပူပေးနေသည်။

MHM: 'မြေပြင်ညီကြီးမှာတောင် ခလုတ်တိုက်တာပဲလား?'
Sammy: 'မိုးကလည်း၊ မြေပြင်ညီက ခလုတ်မတိုက်ရတော့ဘူးလား။ အဲ့ဒါတွေထားပါတော့၊ အခု Sammy ကိုထူပေးပါဦး၊ မထနိုင်လို့' ဟုပြောကာ လက်ကမ်းပေးသည်။

မိုးထက်မြင့်လည်း Sammy လက်ကိုဆွဲလျက်ထူလိုက်ပြီး

MHM: 'ရပြီမဟုတ်လား? ဒါဆိုငါတို့ ပြန်တော့မယ်' ဟုပြောသည်။
Sammy: 'မိုး! Sammy ကိုအိမ်ပြန်ပို့ပေးလို့ရမလားဟင်၊ Sammy ခြေထောက်နာနေလို့ ကားမောင်းနိုင်မယ်မထင်ဘူး'
MHM: 'အငှားယာဉ်မောင်းခေါ်ပေးရမလား?'
Sammy: 'ဟာ! အငှားယာဉ်မောင်းက ယုံရလို့လား? မိုးပဲလိုက်ပို့ပါ။ ဘာလဲ? မိုးကလိုက်မပို့ချင်လို့လား?'
MHM: 'မင်းအိမ်က ဒီကနေဆို ၂ နာရီလောက်ဝေးတာ၊ ဝိုင်ကပင်ပန်းနေပြီ'

ထိုအခါ Sammy လည်းဝိုင့်ဘက်လှည့်ကာ ဝိုင့်လက်ကိုဆွဲကိုင်ပြီး

Sammy: 'ရမလားဟင်? မိန်းကလေးတစ်ယောက်တည်း ၂ နာရီလောက်သွားရတဲ့ခရီးကို အငှားယာဉ်မောင်းနဲ့တော့မသွားသင့်ဘူးမဟုတ်လား? နော်နော်၊ မိုးကို နည်းနည်းပြောပေးပါဦး'
Wine: 'ရှင်!'
(ဘာလဲဟ ဟိုကလိုက်မပို့ချင်လို့ငြင်းနေမှန်း ဒီလောက်သိသာနေတာတောင် အတင်းပဲ။ ဟုတ်တော့လည်းဟုတ်ပါတယ်လေ မိန်းကလေးတစ်ယောက်တည်းဆိုတော့လည်း ယုံကြည်ရတဲ့လူနဲ့မှ အဆင်ပြေမှာပေါ့။ ငါဆိုလည်း ဒီအချိန်ကြီး တစ်ယောက်တည်းပြန်ရရင် ကြောက်မိမှာပဲ)
Wine: 'ကိုမိုးထက်မြင့်! လိုက်ပို့ကြမယ်လေ။ ကျွန်မတို့လည်း ကားပတ်စီးရတာပေါ့'
MHM: 'ဟင်! ဝိုင်ကကားပတ်စီးချင်လို့လား? အစတည်းကမပြောဘူး။ ရတယ်လေ သွားကြမယ်'
Sammy: 'ဟိုလေ၊ Sammy ခေါင်းခန်းကစီးလို့ရမလားဟင်? ကားမူးမှာစိုးလို့'

PoisonWhere stories live. Discover now