Unicode Version
အိမ်ရှေ့တွင်ကားပါကင်ထိုးပြီးသည်အထိ ဝိုင်မနိုးသေးပေ။ ခါးပတ်ဖြုတ်ပေးရင်း နီးကပ်သွားသော ဝိုင့်မျက်နှာကို ကြည့်ကာ
MHM: 'တော်တော်လေးအိပ်မောကျနေတာပဲ...ပင်ပန်းရင်လည်းပင်ပန်းတယ်ပြောမှပေါ့၊ ငါ့ရှေ့မှာ မင်းပုံစံအတိုင်းနေလို့ရတယ်လို့ပြောထားရဲ့သားနဲ့'
ဟု တီးတိုးရေရွတ်နေသည်။ထိုနောက် အိပ်မောကျနေတဲ့ ဝိုင့်ကို မနှိုးတော့ပဲ ပွေ့ချီပြီးသာ အခန်းထဲသယ်လာခဲ့တော့သည်။
နေရောင်ခြည်က မှန်ပြတင်းပေါက်ကိုဖြတ်၍ ဝိုင့်မျက်နှာပေါ်တိုက်ရိုက်ကျရောက်လာသည့်အတွက် ဝိုင်အိပ်ရာမှနိုးလာသည်။ နိုးနိုးချင်း ပတ်ပတ်လည်ကိုစူးစမ်းကြည့်တော့ အရာရာတိုင်းကမြင်ဖူးသလိုဖြစ်နေပေမယ့် မိမိအခန်းမဟုတ်တာတော့သေချာသည်။
Wine: 'ဟင်! ဒါ...ဒါ...ကိုမိုးထက်မြင့်အခန်းပဲ'
(ငါညက အိပ်နေရင်းများလမ်းလျှောက်လာတာလား? တစ်ခါမှဒီလိုမဖြစ်ဖူးပါဘူး၊ အမ်မလေး ဘယ်လိုလုပ်ရပါ့မလဲ)ဝိုင့်အသံကြားတော့ ရေချိုးခန်းအဝမှ ဝိုင့်ကိုလှည့်ကြည့်ကာ
MHM: 'နိုးပြီလား အမိ? မျက်နှာသစ်တော့လေ၊ မနက်စာအဆင်သင့်ပဲ' ဟုပြောသည်။
ရေချိုးပြီးကာစမို့ ခန္ဓာကိုယ်အောက်ပိုင်းက သဘက်သာပတ်ထားပြီး အပေါ်ပိုင်းမှာ ဘာမှဝတ်မထားပေ။
Wine: 'ဟင်! ကို...ကိုမိုးထက်မြင့်၊ ဘာမှလည်းဝတ်မထားဘူး' ဟု မျက်နှာကိုလက်ဖြင့်ကညလျှက်ပြောသည်။
MHM: 'ဟေးဟေး၊ သဘက်တော့ပတ်ထားပါတယ်ဟ။ ရေချိုးတာ ဘယ်သူက အင်္ကျီနဲ့ဘောင်းဘီဝတ်ချိုးလို့လဲ?'
Wine: 'ဒါဆို အခုချိုးပြီးပြီဆိုတော့ ဝတ်တော့လေ'
MHM: 'မင်းက ဒီလောက်ထိ အုပ်ထားစရာမလိုပါဘူးကွာ...ကိုယ့်ကိုယ်ကိုရော အိမ်ထောင်ရှင်မဆိုတာသတိရသေးရဲ့လား?'
Wine: 'ရှင့်မိန်းမဖြစ်တာနဲ့ပဲ ရှင့်ခန္ဓာကိုယ်ကိုကြည့်ရမှာတဲ့လား?'
MHM: 'ငါ့မိန်းမဆိုရင်တော့ကြည့်ရဲရမှာပေါ့၊ ဒါပေမယ့်လည်း မင်းက ငါ့မိန်းမမှမဖြစ်သေးတာ...မကြည့်ရဲတာမဆန်းပါဘူးလေ'မိုးထက်မြင့်စကားကို နားမလည်နိုင်ပဲ မျက်နှာကိုကာထားသောလက်ကိုဖယ်၍ ပြန်မေးသည်။